ဒေဝါနံပိယတိဿမင်း
ဒေဝါနံပိယတိဿမင်း[၁] သည် သီရိလင်္ကာနိုင်ငံ၏ ရှေးမြို့တော်ဟောင်း အနုရာဓပူရမြို့တွင် မင်းပြုခဲ့သော အစောပိုင်းမင်းတစ်ပါး ဖြစ်သည်။ ရိုးရာရာဇဝင်ကျမ်းအရ ၃၀၇ ဘီစီမှ ၂၆၇ ဘီစီ အထိ မင်းပြုခဲ့သည်ဟု ဆိုပြီး ခေတ်ပေါ်ရာဇဝင်ကျမ်းများတွင် ၂၄၇ ဘီစီမှ ၂၀၇ ဘီစီ အထိ မင်းပြုခဲ့သည်ဟု ဆိုသည်။[၂] အသောကမင်းလက်ထက်တွင် သီရိလင်္ကာသို့ ဗုဒ္ဓဘာသာ စတင်ရောက်ရှိအောင် ဆောင်ရွက်ခဲ့သော မင်းတစ်ပါးအနေဖြင့် ထင်ရှားသည်။ သူ၏ နန်းတက်ချိန်များအား မဟာဝံသ ရာဇဝင်ကျမ်းတွင် ဖော်ပြထားသည်။ မုဋသိဝမင်း၏ ဒုတိယသားတော် ဖြစ်သည်။ မဟာဝိဟာရ ကျောင်းတိုက်, ထူပါရာမ စေတီ, စေတိယ ကျောင်းတိုက် မဟာစေတီတည်မည့်နေရာ၌ ဂီဝါဓာတ်တော်ဌာပနာထားသော ကျောက်တိုင်, ဣဿရ သမဏ ကျောင်းတိုက်, ဝေဿဂီရိကျောင်းတိုက်, ဥပါသိကာရာမ, ဟဋ္ဌဠှက ဘိက္ခုနီမကျောင်းတိုက်, နာဂဒီပကျွန်း ဇမ္ဗုလောဟကျောင်းတိုက်-စသော သာသနိက အဆောက်အဦတို့ကို ပြုလုပ်ခဲ့သည်။ [၃][၄] ![]() ကိုးကား
|
Portal di Ensiklopedia Dunia