အနုရာဓပူရမဟာဝိဟာရ![]() အနုရာဓပူရမဟာဝိဟာရယ (သို့) အနုရာဓပူရမဟာဝိဟာရ (အင်္ဂလိပ်: Anuradhapura Maha Viharaya) သည် သီရိလင်္ကာနိုင်ငံတွင် တည်ရှိသည့် ထေရဝါဒဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။[၁] ဒေဝါနံပိယတိဿမင်း (247–207 BCE) က ကျောင်းတော်ကို အနုရာဓပူရမြို့တော်တွင် ဆောက်လုပ်ခဲ့သည်။ ရှင်မဟာဗုဒ္ဓဃောသ (၄ ရာစုမှ ငါးရာစု ) နှင့် ဓမ္မပါလ တို့ကဲ့သို့သော ရဟန်းများသည် ပိဋကတ်သုံးပုံနှင့်ပတ်သက်၍ အဋ္ဌကထာ၊ ဋီကာများနှင့် ဝိသုဒ္ဓမဂ်ကဲ့သို့သော စာပေများကို ရေးသားခဲ့ကြသည်။ မဟာဝိဟာရတွင် သီတင်းသုံးနေထိုင်ကြသည့် ရဟန်းများကို Mahaviharavasins ဟု ခေါ်ကြသည်။ ငါးရာစုတွင် မဟာဝိဟာရသည် အာရှတိုက် တောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် ခေတ်အမီဆုံးသော တက္ကသိုလ်တစ်ခု ဖြစ်ခဲ့သည်။ နိုင်ငံတကာမှ များစွာသော ပညာသင်ကြားသူများသည် လာရောက်လေ့လာကြသည်။[ကိုးကားချက်လိုသည်] သမိုင်းကြောင်းယင်း-ကို ဒေဝါနံပိယတိဿ-မင်း လှူဒါန်းသောကြောင့် တိဿ [၂]မဟာဝိဟာရ, B.E. ၁၇၇-တွင် သီဟိုဠ်ဘုရင် မုဋသိဝသည် ကျောင်းတိုက်မတည်မီ ထိုနေရာကို ဥယျာဉ်တော်အဖြစ် ပြုလုပ်စီမံစဉ် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် မဟာမေဃဝန [၃], ပရိဝေဏများစွာ “၃၆၄”တို့ဖြင့် ကျယ်ပြန့်လာသောကြောင့် မဟာဝိဟာရ (သီဟိုဠ်သမိုင်းများ)ဟု ခေါ်ဆို ရသည်။ ကကုသန်ဘုရား လက်ထက် မဟာတိတ္ထာရာမ, ကောဏာဂုံဘုရား လက်ထက် မဟာနာမာရာမ, ကဿပဘုရား လက်ထက် သာဂရာရာမ, ဂေါတမဘုရား လက်ထက် မဟာမေဃဝန-ဟု ခေါ်ဆိုကြ၏ [၄]။ B.E. ၂၃၆-နှစ် နယုန်လဆုတ် ၂-ရက်နေ့တွင် ဒေဝါနံပိယတိဿ-မင်းက မဟိန္ဒ-ထေရ်၏ လက်ပေါ်၌ ရေစက်သွန်းချ၍ သံဃိကလှူဒါန်းခဲ့သည် [၅]။ ယင်း-သည် သီဟိုဠ်ကျွန်း မြို့တော် ကိုလံဘိုမှ ၁၂၆-မိုင်ဝေးကွာသော အနုရာဓပူရမြို့၌ တည်ရှိ၏ [၆]။ ယင်း-၌ သံယုတ္တနိကာယ်ဆောင် စူဠသီဝထေရ် ဒေသစာရီ လှည့်လည်ရောက်ရှိခိုက် သံဃာမှ ဆိတ် သုဉ်း၏ [၇]။ တရုပ်ရဟန်းတော် ဖာဟိယန် သီဟိုဠ်ရောက်စဉ် A.D. ၄၀၀-ခန့်က သံဃာ ၃၀၀၀-ခန့် သီတင်းသုံး ဖူး၏ [၈]။ အဋ္ဌကထာကျမ်းပြု အရှင်မဟာဗုဒ္ဓဃောသ B.E. ၉၅၅-၌ မင်းပြုသော မဟာနာမမင်းလက်ထက် မဟာဝိဟာရသို့ရောက်၍ အဋ္ဌကထာသစ်ကို ရေးကူးသည် [၉]။ တိဿ (၁၉)-နှင့်လည်း ယှဉ်ကြည့်။ [၁၀] ကိုးကား
ပြင်ပလင့်များ
|
Portal di Ensiklopedia Dunia