ဒေသပါလ
ထေဆာဘန် ခေါ် ဒေသပါလ (ထိုင်း: เทศบาล, ထိုင်းအသံထွက်: thet.saban, ထေ့ဆာဘန်, ပါဠိ: desa.pāla (ဒေသကို ကာကွယ်သူ)) သည် ထိုင်းနိုင်ငံ၏ မြူနီစီပယ် (မြို့စည်ပင်အုပ်ချုပ်ရေးအဖွဲ့)မြို့များ ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေ ဖွဲ့စည်းပုံအရ ဘန်ကောက်မြို့နှင့် ပတ္တရားမြို့တို့သည် ထေဆာဘန်စနစ်တွင် မပါဝင်သည့် အထူးဒေသန္တရအုပ်ချုပ်ရေးဧရိယာများ ဖြစ်ကြသည်။ ထေဆာဘန်
![]() ထေဆာဘန်မြူနီစီပယ်များသည် ကျေးလက်ဒေသများအတွက် ခရိုင်များ (အမ်ဖေါ - amphoe) သို့မဟုတ် ကျေးရွာအုပ်စု (တမ်ဘွန် - tambon) ကို ပေးအပ်ထားသည့် တာဝန်ဝတ္တရားအချို့ကို ထမ်းဆောင်ကြသည်။ သမိုင်းသမိုင်းကြောင်းအရဆိုလျှင် ဗဟိုအစိုးရ၏ အာဏာများကို လွှဲအပ်ပေးခြင်းသည် ၁၈၉၇ ခုနှစ်တွင် ရာမ ၅ ဘုရင်၏ တော်ဝင်အမိန့်ဖြင့် ဘန်ကောက်မြို့၌ ပထမဆုံးတည်ထောင်ခဲ့သော ဆူခါဖီဘန် (สุขาภิบาล, ပါဠိ: သုခ.ဘိပါလ) ခေါ် သန့်ရှင်းရေးခရိုင်များမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထေဆာဘန်စနစ်ကို ၁၉၃၄ ခုနှစ် တေ့ဆာဘန်အဖွဲ့အစည်းဥပဒေ (ထိုင်း: พระราชบัญญัติจัดระเบียบเทศบาล พุทธศักราช ๒๔๗๖) ဖြင့် တည်ထောင်ခဲ့ပြီး၊ ၁၉၃၉ ခုနှစ် ထေဆာဘန်ဥပဒေ (ထိုင်း: พระราชบัญญัติเทศบาล พุทธศักราช ๒๔๘๑) မှ စတင်ကာ အကြိမ်ကြိမ် ပြင်ဆင်ခဲ့သည်။ ၁၉၃၉ ခုနှစ် ဥပဒေကို ၁၉၅၃ ခုနှစ် တေ့ဆာဘန်ဥပဒေ ဖြင့် အစားထိုးခဲ့ပြီး၊ ၁၉၅၃ ခုနှစ် ဥပဒေကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၃ ခုနှစ် တေ့ဆာဘန်ဥပဒေ (အမှတ် ၁၂) ဖြင့် ပြင်ဆင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၆ ရက်နေ့အထိ လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြူနီစီပယ်အမျိုးအစားအားလုံးပေါင်း ၂,၄၆၉ ခု ရှိသည်။ မြူနီစီပယ် ခေါ် စည်ပင် အရွယ်အစားထိုင်းနိုင်ငံရှိ မြူနီစီပယ်များကို ၎င်းတို့၏ လူဦးရေနှင့် ဝင်ငွေအပေါ် မူတည်၍ အမျိုးအစား သုံးမျိုး ခွဲခြားထားသည်။ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၉၊ ၁၀ နှင့် ၁၁ တို့တွင် မြူနီစီပယ်များ၏ အရွယ်အစားကို အောက်ပါအတိုင်း သတ်မှတ်ထားသည်-
ထေဆာဘန်နခွန်ထေဆာဘန်နခွန် (Thetsaban Nakhon) သည် ထိုင်းနိုင်ငံတွင် မြို့ကြီးအဆင့် မြူနီစီပယ်မြို့ (city municipality) ကို ဆိုလိုပါသည်။ ၎င်းသည် မြူနီစီပယ်အဆင့် သုံးမျိုးအနက် အကြီးဆုံးအဆင့် ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ ထိုင်းနိုင်ငံတွင် ထေဆာဘန်နခွန် ခေါ် မြို့ကြီးပေါင်း ၃၃ မြို့ ရှိပါသည်။ ထေဆာဘန်နခွန်များသည် လူဦးရေ ၅၀,၀၀၀ နှင့်အထက်ရှိပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် လုံလောက်သော ဝင်ငွေရှိသည့် ပြည်သူလူထုစုဝေးရာ ဒေသများကို တော်ဝင်အမိန့်ဖြင့် အဆင့်သတ်မှတ်ပေးခြင်း ဖြစ်ပါသည်။ အုပ်ချုပ်ရေးမြူနီစီပယ်တစ်ခုစီတိုင်းတွင် นายกเทศมนตรี (Nāyok Thētsamontrī, နယက.ဒေသ.မန္တီ) ဟုခေါ်သော မြို့တော်ဝန် တစ်ဦးစီရှိပြီး၊ ၎င်းမြို့တော်ဝန်သည် သက်ဆိုင်ရာ မြူနီစီပယ်နယ်မြေအတွင်းရှိ လုပ်ငန်းအားလုံးကို စီမံခန့်ခွဲသူအဖြစ် ဆောင်ရွက်သည်။ လက်ရှိတွင် မြူနီစီပယ်အမျိုးအစားအားလုံး၌ ဒေသန္တရအုပ်ချုပ်ရေးမှူးများကို တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်း မှ ပေါ်ပေါက်လာသော အုပ်ချုပ်ရေးအဖွဲ့များ ရှိသည်။ |
Portal di Ensiklopedia Dunia