ဒေါင်း၊ ရစ်နှင့် အလားတူငှက်များ
ဒေါင်း၊ ရစ်နှင့် အလားတူငှက်များ[မှတ်စု ၁] (Galliformes) (/ˌɡælɪˈfɔːrmiːz/) သည် ကိုယ်အလေးချိန်လေးလံပြီး မြေပြင်တွင် ကျက်စားသွားလာသောငှက်များ၏ မျိုးစဉ်တစ်ခုဖြစ်သည်။ ယင်းငှက်မျိုးစဉ်တွင် ကြက်၊ ကြက်ဆင်တို့ ပါဝင်သည်။ ယင်းငှက်တို့သည် သစ်ပင်အစေ့များ ဖြန့်ဝေသူများနှင့် သားရဲတိရစ္ဆာန်များဖြစ်ကြပြီး ဂေဟစနစ်အတွက် အရေးပါကြသည်။ လူသားများက ယင်းငှက်ကို အစာနှင့် ဥအတွက် တခါတရံ အမဲလိုက်ကြသည်။ မျိုးစဉ်တွင် မျိုးစိတ်ပေါင်း ၂၉၀ ပါဝင်ပြီး အန္တာတိကတိုက်မှလွဲ၍ တိုက်ကြီးတိုင်းတွင် တွေ့ရှိရသည်။ ဒေါင်း၊ ရစ်နှင့် အလားတူငှက်များကို မျိုးရင်း ၅ ခု ထပ်မံခွဲခြားပြီး ယင်းငှက်တို့သည် အတွင်းပိုင်းအကျဆုံး ကန္တာရနှင့် ရေခဲဒေသများမှလွဲလျင် နေရာတိုင်းတွင် လိုက်လျောညီထွေနေထိုင်နိုင်ကြသည်။ မျိုးစိတ်အများစုသည် အပြေးသန်ကြပြီး သားရဲတိရစ္ဆာန်များ၏အန္တရာယ်မှ လွတ်မြောက်ရန် ပျံသန်းခြင်းထက် ပြေးလွှားခြင်းကို အသုံးပြုကြသည်။ ငှက်အဖိုသည် အမထက် အရောင်အသွေး ပိုမိုစုံလင်ကြသည်။ ယင်းငှက်တို့သည် အဓိကအားဖြင့် ပြောင်းရွေ့သွားလာမှု မရှိတတ်ကြပေ။ အချို့မှာ လူသားများနှင့် ရင်းနှီးကျွမ်းဝင်မှုများသောကြောင့် အိမ်မွေးတိရစ္ဆာန်များအဖြစ် မွေးစားခြင်းခံကြရသည်။
မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia