ဒွေးချိုးအချိုး နှစ်ချိုးပါဝင်သော ကဗျာမျိုးဖြစ်သည်။ ပထမအချိုးကို အခံဟူ၍လည်းကောင်း၊ အချီဟူ၍ လည်းကောင်းခေါ်၍ ဒုတိယအချိုးကို အအုပ် ဟူ၍လည်းကောင်း၊ အချ ဟူ၍လည်းကောင်း ခေါ်သည်။ နှစ်ဆစ်ချိုး ဟူ၍လည်း ခေါ်ကြသေးသည်။ ဒွေးချိုးစပ်နည်းအချိုးနှစ်ချိုးရှိသည့်အနက် အခံချိုးတွင် အနည်းဆုံး နှစ်ပိုဒ်ဖြင့်ရေးပြီး အအုပ်ချိုးတွင် အနည်းဆုံးနှစ်ပိုဒ်ဖြင့် အုပ်လေ့ရှိသည်။
အသားရယ်ဖြူ လူပေမို့လား။ အသားတော်ညိုပြာညက် နန်းတော်ထက်ဖွား။ ဤဒွေးချိုး၏ ပထမပိုဒ်တွင် ပိုဒ်တွင်းကာရန် အဖြစ် အူ ကာရန်ဖြစ်သော ဖြူ နှင့် လူ ကိုယူထားသည်။ ဒုတိယပိုဒ်တွင် ပိုဒ်တွင်းကာရန်အဖြစ် အက် ကာရန်ဖြစ်သော ညက် နှင့် ထက် တို့ ညီနေသည့်အပြင် ပိုဒ်ဆုံးကာရန်များမှာလည်း ချသံဖြစ်သော အား ကာရန် လား နှင့် ဖွား ယူထားသည်ကိုတွေ့ရမည်ဖြစ်သည်။ ထိုနည်းအတိုင်းလေ့လာကြည့်ပါက ဒွေးချိုးကဗျာ စပ်ရန်မှာ မခက်တော့ပေ။
ကိုးကား
|
Portal di Ensiklopedia Dunia