ရခိုင်ဘာသာစကား
![]() အာရကန်ဘာသာစကား (ရခိုင်ဟုလည်းသိကြသည် /rəˈkaɪn/; မြန်မာ: ရခိုင်ဘာသာ [ɹəkʰàɪɴ bàθà], MLCTS: rakhuin bhasa) ဗမာဘာသာစကား၏ ဒေသိယစကားဟုလည်းမှတ်ယူကြသည်။ "အာရကန်" သည် ရခိုင်ဒေသ၏ ရှေးအခေါ်ဖြစ်သည်။ ရခိုင်များကို ဒေသိယသံဖြင့် သုံးမျိုးခွဲခြားနိုင်သည်: စစ်တွေ–မရမာ (သုံးစွဲသူ သုံးချိုး နှစ်ချိုးခန့်)၊ ရမ်းဗြဲ နှင့် သံတွဲ[၄] ဖြစ်သည်။ ရခိုင်ဘာသာစကားသည် ရခိုင်၊ မရမာ နှင့် ကမန်တို့၏ မိခင်ဘာသာစကားဖြစ်သည်။ ရခိုင်စာပေ အသုံးပြုမှု နည်းပါးသော်လည်း ရခိုင်တို့သည် အိန္ဒိယနိုင်ငံမြောက်ပိုင်း အက္ခရာများကို အစောဆုံး ရယူအသုံးပြုခဲ့ခြင်းဖြစ်သည် ဆိုသော အထောက်အထားများ ရှိသည်။ ရခိုင်ရှိ ကျောက်စာကို အစောဆုံးခရစ်နှစ် (၆) ရာစုခန့်တွင် ရေးထိုးခဲ့ကြောင်း သိရသည်။ ရှေးရခိုင်တို့သည် ကောင်းမှု ကုသိုလ် မှတ်တမ်းများကို ဂုပ္တအက္ခရာကို အသုံးပြုပြီး သက္ကတ ဘာသာဖြင့် ရေးထိုးမှုများလည်း ရှိကြောင်း သိရသည်။ ရခိုင် ဘာသာစကားသည် ရခိုင်ပြည်နယ်ရှိ မြို့နယ်နှင့် ကျေးရွာများတွင် အဓိက ပြောဆိုသုံးစွဲနေကြပြီး ရခိုင်ပြည်နယ်ရှိ လူဦးရေအများစုသည် မြန်မာစာကိုသာ စာရေးသားရာတွင် အသုံးပြုကြောင်း သိရသည်။ သမိုင်းကြောင်းရခိုင်စာပေသည် ဓည၀တီခေတ် (အေဒီ တစ်ရာစု) ခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဓညဝတီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့အပြင် ဗြဟ္မီအက္ခရာ အရေးအသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓည၀တီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်သည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့သည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင်ကျောက်စာများအနက် လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့မှာ ထင်ရှားသည်။ လောင်းကြက်တောင်မောင် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ထင်ရှားသည်။ မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-
ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။ ဘိုးတော်ဗဒုံမင်း ရခိုင်ကို သိမ်းသော် ရခိုင်စာပေများကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရေးရခိုင်စာပေအထောက်အထားများ မရှိသလောက် နည်းပါးသွားခဲ့သည်။[၅] သကျသာကီဝင် မာရယုမင်းလက်ထက်တွင် စတင်ကာ စာပေ ဖြစ်ပေါ်ခဲ့ကြောင်း ပြောဆိုနေသော်လည်း သက်သေအထောက်အထား အခိုင်အမာ မရှိပေ။ ရခိုင်လူမျိုးများ၏ စာပေမှာ သင်္သကရိုက် စာပေဖြစ်ကြောင်း သိရသည်။ သင်္သကရိုက်စာပေသည် အလွန်ရှေးကျသော အိန္ဒိယ ဘာသာရပ် တစ်ခုဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်၏ ရှေးဟောင်းစာပေများမှာ သင်္သကရိုက်ဘာသာ စာပေမှ တစတစ ပြောင်းလဲလာပြီး ရခိုင်ဘာသာ စာပေဘဝသို့ ပြောင်းရွေ့ လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မျဉ်းဖြောင့်များမှလုံးဝိုင်းသောရခိုင်စာရှေးရခိုင် ကျောက်စာ၊ ရခိုင်ပြည်သုံး ဒင်္ဂါးများမှာ ရေးထိုးထားသော စာများမှာ များသောအားဖြင့် မျဉ်းဖြောင့်များဖြင့် ရေးသားထားသော စာများကို တွေ့ရှိရကြောင်းသိရသည်။ အက္ခရာ အသံထွက်များမှာလည်း သင်္သကရိုက်ဘာသာနှင့် အားလုံးနည်းပါး တူညီနေသဖြင့် သင်္သကရိုက်ဘာသာမှ ပြောင်းရွေ့လာကြောင်း အထောက်အထား တစ်ရပ်အဖြစ် တွေ့ရှိရကြောင်း သိရသည်။ ရခိုင်စာပေကို ပေထက်အက္ခရာ တင်လာသောအခါတွင် ရေးသားရာတွင် လွယ်ကူရန် လုံးဝိုင်းသော အက္ခရာများအဖြစ်သို့ ပြောင်းလဲ အသုံးပြုခဲ့ကြကြောင်း သိရသည်။ ရှေးရခိုင် မင်းကောင်းမင်းမြတ်တို့သည် ပိဋကတ် ကျမ်းဂန်များ၊စာပေပရိယတ္တိများကို ပေမူများဖြင့် ရေးမှတ်ကာ နန်းတော် ပိဋကတ်တိုက်အတွင်း သိမ်းဆည်းစုဆောင်းလာခဲ့ကြကြောင်း သိရသည်။ ရဟန်းပညာရှိ၊ လူပညာရှိတို့သည် ပျို့ကဗျာများ၊ လင်္ကာများနှင့်ရတုရကန် တို့ကိုရေးသားခြင်း ဗေဒင်အတတ်၊ ဆေးအတတ်၊ နက္ခတ်တာရာ အတတ်စသော လောကီပညာများကိုလည်း ရေးမှတ်ကြ ကြောင်းသိရသည်။ ဝေါဟာရစံမြန်မာဘာသာစကားမှ သီးသန့်ခြားနားနေသော စကားလုံးအသုံးအနှုန်းများလည်း ရှိသည်။ စံမြန်မာဘာသာစကားနှင့် အရင်းအမြစ်မတူသော မူရင်းစကားလုံးအချို့လည်းရှိသည်။ ဥပမာ "sarong" (လုံခြည် စံမြန်မာဘာသာစကား, ဒယော ရခိုင်ဘာသာစကား). အခြားစကားလုံးများမှာ စံမြန်မာဘာသာစကားတွင်မတွေ့ရသည့် ဘင်္ဂလီ, အင်္ဂလိပ် နှင့် ဟင်ဒီ ဘာသာစကားတို့မှ မွေးစားထားသောစကားလုံးများ ဖြစ်ကြသည်။ ဥပမာ "hospital," စံမြန်မာဘာသာစကားတွင် ဆေးရုံ ဖြစ်သော်လည်း ရခိုင်ဘာသာစကားတွင်မူ သေပ်လှိုင် (pronounced [θeɪʔ l̥àɪɴ]/[ʃeɪʔ l̥àɪɴ]) ဟု သုံးစွဲကြသည်။ အင်္ဂလိပ်ဘာသာစကား "sick lines" မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အချို့စကားလုံးများတွင် ခြားနားသော အဓိပ္ပာယ်များရှိကြသည်။ (ဥပမာ "afternoon", ရခိုင်ဘာသာစကားတွင် ညစ နှင့် ရုံးသုံးမြန်မာဘာသာစကားတွင် ညနေ) ထို့အပြင် အချို့သော ရှေးကျသည့် ဗမာစကားအချို့ကို ရခိုင်ဘာသာစကားတွင် ပိုမိုသုံးစွဲလေ့ရှိကြသည်။ ဥပမာ နာမ်စား အဖြစ် ရခိုင်ဘာသာစကားတွင် အကျွန် ဟု သုံးစွဲပြီး စံမြန်မာဘာသာစကားတွင် ( ကျွန်တော် ဟု သုံးစွဲသည်။) ခြားနားချက်စံမြန်မာဘာသာစကားနှင့် ရခိုင်ဘာသာစကားတို့ကြား ထင်ရှားသောခြားနားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်:[၆]
လေယူလေသိမ်းArakanese prominently uses the /r/ sound, which has merged to the /j/ sound in standard Burmese. Also, Arakanese has merged various vowel sounds like ဧ ([e]) vowel to ဣ ([i]). Hence, a word like "blood" is သွေး ([θwé]) in standard Burmese while it pronounced [θwí] in Arakanese. According to speakers of standard Burmese, Arakanese only has an intelligibility of seventy-five percent with Burmese.[၈] Moreover, there is less voicing in Arakanese than in Standard Burmese, occurring only when the consonant is unaspirated.[၉] Unlike in Burmese, voicing never shifts from [θ] to [ð].[၁၀] Because Arakanese has preserved the /r/ sound, the /-r-/ medial (preserved only in writing in Standard Burmese with the diacritic ြ) is still distinguished in the following consonant clusters: /ɡr- kr- kʰr- ŋr- pr- pʰr- br- mr- m̥r- hr-/. The Arakanese dialect has a higher frequency of open vowels weakening to /ə/. An example is the word for "salary," (လခ) which is [la̰ɡa̰] in standard Burmese, but [ləkha̰] in Arakanese. The following are consonantal, vowel and rhyme changes found in the Arakanese dialect:[၁၁][၁၂]
ကိုးကား
ကျမ်းပြုစာတမ်းစာရင်း
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia