နဂါးနှစ်ကောင်ဆရာတော်

ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ
ဘာသာဗုဒ္ဓဘာသာ
ကျောင်းတိုက်နဂါးနှစ်ကောင်ကျောင်းတိုက်၊တာချီလိတ်မြို့
ဘွဲ့တံဆိပ်
အခြားအမည်များနဂါးနှစ်ကောင်ဆရာတော်
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား(1928-12-05)ဒီဇင်ဘာ ၅၊ ၁၉၂၈
ရှမ်းပြည်နယ်ကျိုင်းတုံမြို့နယ် ယန်းကိန်ရွာ
ကွယ်လွန်၈ ဖေဖော်ဝါရီ၊ ၂၀၂၄(2024-02-08) (အသက် ၉၅)
မိဘဦးဟောင် နှင့် နန်းပင်း
ရာထူး တာဝန်
ဌာနနိုင်ငံတော်ဩဝါဒါစရိယဆရာတော်

ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ (ခ) နဂါးနှစ်ကောင်ဆရာတော် (၁၉၂၈-၂၀၂၄)[] သည် မြန်မာ-ထိုင်း နယ်စပ် တွင် သီတင်းသုံးသော ဆရာတော်တစ်ပါးဖြစ်သည်။မိုင်းဖုန်းဆရာတော် ၏ ငယ်ဆရာ၊ မြန်မာ့ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်အချို့ [] []အပါအဝင် ထိုင်းနိုင်ငံဘုရင်မင်းမြတ် တို့ ကိုးကွယ်ဆည်းကပ်သည့် ဆရာတော် အဖြစ် ထင်ရှားသည်။ပိဋကတ်သုံးပုံ ကျမ်းစာများအား မြန်မာဘာသာမှ ဂုံရှမ်းဘာသာသို့ ပြန်ဆိုတော်မူခဲ့ရာတွင် အထူး ကျော်ကြားသည်။

ရှင်သာမဏေဘဝ

ဆရာတော်လောင်းလျာ ကို ခမည်းတော် ဦးဟောင် နှင့် မယ်တော် နန်းပင်း တို့က ခရစ်သက္ကရာဇ် ၁၉၂၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်၊ ကောဇာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ် နတ်တော်လပြည့်ကျော် (၉)ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။ဆရာတော်၏ မွေးရပ်ဇာတိ မှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ယန်းကိန်ရွာ ဖြစ်သည်။သက်တော် ၉ နှစ် အရွယ် ၁၂၉၉ ခုနှစ် တပေါင်းလဆန်း (၁၅) ရက်နေ့တွင် ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မရံသီ ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ရောက်ရှိသည်။သက်တော် ၂၀ အရွယ် ၁၃၁၀ ပြည့်နှစ် ကဆုန်လဆန်း (၁၃)ရက်နေ့တွင် ကျိုင်းတုံ မြို့ ကျိုင်းယင်းကျောင်း ခဏ္ဍသိမ်၌ ယင်းကျောင်း ဆရာတော် ဘဒ္ဒန္တဓမ္မရံသီကို ဥပဇ္ဈာယ်ပြုလျက် ကျိုင်းတုံမြို့ ကျိုင်းယင်းရပ်ကွက်နေ ဦးဆန်း+ ဒေါ်နန်းလှ မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူ၍ ရဟန်းဘဝ သို့ ရောက်ရှိတော်မူခဲ့သည်။

စာသင်သားဘဝ

ကျိုင်းတုံမြို့ နယ် ယန်းကိန်ရွာ ရွာဦးကျောင်းဆရာတော်၊ ကျိုင်းယင်းကျောင်း ဆရာတော် ဘဒ္ဒန္တဓမ္မရံသီ စသောဆရာတော်များထံတွင် ပရိယတ္တိစာပေများ ကို သင်ယူဆည်းပူးတော်မူခဲ့သည်။

အောင်မြင်ခဲ့သောစာမေးပွဲများ

၁၃၂၀ ပြည့်နှစ်တွင် ဂုံရှမ်းဘာသာဖြင့် ဖြေဆိုအောင်မြင်တော်မူပြီး မူလ ဓမ္မာစရိယဘွဲ့ကို ရရှိတော်မူသည်။

သာသနာရေးကိစ္စများဆောင်ရွက်ခြင်း

  • နဂါးနှစ်ကောင်ပရိယတ္တိစာသင်တိုက်ကို စတင်တည်ထောင်ပြီး ပရိယတ္တိစာပေများ သင်ကြားပို့ချပေးတော်မူခြင်း၊
  • ရှမ်းတိုင်းရင်းသား ရဟန်းသာမဏေများကို အစိုးရ ပါဠိပထမပြန်မူအတိုင်း ဂုံရှမ်းဘာသာဖြင့် အကြိမ် (၅၀) တိုင် စာမေးပွဲများ နှစ်စဉ်ကျင်းပပေးခြင်း၊
  • ပိဋကတ်သုံးပုံ ကျမ်းစာများကို မြန်မာဘာသာမှ ဂုံရှမ်းဘာသာသို့ ပြန်ဆိုခြင်း၊
  • ပိဋကတ်သုံးပုံ ကျမ်းစာများကို ဂုံရှမ်းဘာသာဖြင့် ကျောက်စာရေး ထိုးခြင်း၊
  • ၁၉၉၈ ခုနှစ်တွင် တာချီလိတ်မြို့ ၌ ရွှေတိဂုံစေတီတော်ကြီးကို ဦးဆောင်၍ တည်ထားခြင်း၊
  • ၂၀၀၇ ခုနှစ်တွင် တာချီလိတ်ဘိုးဘွားရိပ်သာနှင့် မိဘမဲ့လူငယ်(ပရဟိတ)ဂေဟာကို ဦးဆောင်၍ တည်ထောင်ဖွင့်လှစ်ခြင်း၊
  • သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ၊
  • သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်၊
  • နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊
  • နိုင်ငံတော်ဩဝါဒါစရိယဆရာတော် (၁၉၉၆ ခုနှစ်မှစ၍ ၂၀၂၄)၊

ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူခြင်း

ဘဝနတ်ထံပျံလွန်တော်မူခြင်း

ဆရာတော်ကြီးသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် ၁၃၈၅ ခုနှစ် ပြာသိုလပြည့်ကျော်(၁၄)ရက် ကြာသပတေးနေ့ (၀၀:၀၂) နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူသည်။ []

ကိုးကား

  1. နိုင်ငံတော်ဩဝါဒါစရိယ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ ဘဝနတ်ထံ ပျံလွန်တော်မူMyanmar Digital News (၉ ဖေဖော်ဝါရီ ၂၀၂၄)။ 7 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၇ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော် ဈာပနသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေ့ချင်းပြန် လာရောက်သျှမ်းသံတော်ဆင့် (၆ ဧပြီ ၂၀၂၄)။ ၇ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ကြီး၏ သက်တော်(၉၀)ပြည့်၊ ဝါတော်(၇၀)ပြည့် ဝိဇာတ ပူဇာမွေးနေ့မင်္ဂလာအခမ်းအနားကျင်းပseniorgeneralminaunghlaing (၂၉ ဒီဇင်ဘာ ၂၀၁၈)။ ၇ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်ခြင်း ခံရသော နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအား စည်ကားသိုက်မြိုက်စွာဖြင့် တာချီလိတ်လေဆိပ်၌ ကြိုဆိုTachileik News Agency (၃ မေ ၂၀၁၄)။ ၇ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ အား “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကျင်းပMWD Webportal (၂၈ မတ် ၂၀၂၁)။ ၇ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယကဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနကို ဧပြီ ၆ ရက်တွင် ကျင်းပမည်Eleven Media Group (၅ ဧပြီ၂၀၂၄)။ ၇ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya