မိုင်းဖုန်းဆရာတော်
အရှင်ဉာဏသံဝရ (ခေါ်) မိုင်းဖုန်းဆရာတော် (ထိုင်း: ญาณสํวโร; ၅ ဇန်နဝါရီလ ၁၉၆၄ ဖွား) သည် ထိုင်းနိုင်ငံရှိ နာမည်အကြီးဆုံး ထေရဝါဒဗုဒ္ဓဘာသာ ဘုန်းကြီးများအနက်မှ တစ်ပါးဖြစ်သည်။[၁][၂] ကိုရင်ဘဝကတည်းကပင် တော၊ တောင်များနှင့် လိုဏ်ဂူများထဲ နှစ်ရှည်၊ လရှည် တစ်ပါးတည်း တရားကျင့်ကြံသူအဖြစ် ထင်ရှားသည်။ ဆရာတော်ကို မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့မှ လူအများအပြားက အားကိုးယုံကြည်ကြသည်။[၃][၄] ဘဝဖြစ်စဉ်ဆရာတော်အား ၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် ခမည်းတော် ပေါ်ခမ်းလှ နှင့် မယ်တော် နန်းဆိုင်လာ တို့က ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ခမ်းမြို့တွင် မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ စိုင်းဝန်းစုမ့် ဖြစ်သည်။ အသက် ၁၁နှစ်သားအရွယ်တွင် ရှင်သာမဏေ ပြုသည်။ ဘွဲ့အမည်မှာ ရှင်ဉာဏသံဝရ ဖြစ်သည်။ ကိုရင် (၃) ဝါအရတွင် သီတင်းသုံးရာ ဝမ်လိုင်ရွာကျောင်းတွင် (၄၉)တောင်ရှိ ဓာတ်လွိုင်ဝင်း ကျောက် (ဓာတ်တော်တောင်) စေတီတော်တစ်ဆူ စတင်တည်ထားတော်မူသည်။ ကိုရင် ဘဝထဲကပင် သီရိလင်္ကာ၊ အိန္ဒိယစသည့် နေရာများသို့ လှည့်လည်ကြွချီခဲ့သည်။ ရဟန်းဘဝသို့ရောက်တော်မူပုံရဟန်းဒကာ စိုင်းနွမ်း (ပေါ်ကျစ်)၊ ဒေါ်နန်းဆမ်ဆိုင်၊ မိုင်းဖုန်းပန်းဒကာ ဦးနန်ရွှေ၊ ဒေါ်နန်းဆွဲ့တို့၏ သာသနနုဂ္ဂဟဖြင့် သာသနာတော်နှစ် ၂၅၂၉ ခု၊ ကောဇာသက္ကရာဇ် ၁၃၄၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ခရစ်သက္ကရာဇ် ၁၉၈၅ ခုနှစ် မေလ ၂၉ ရက် (ဗုဒ္ဓဟူးနေ့ နံနက် ၀၉:၃၉) အချိန်တွင် ရဟန်း ဘဝသို့ ရောက်တော်မူသည်။[၅] ကျော်ကြားမှုများတစ်ပါးတည်း ဧကစာရီကျင့်သုံးခြင်း၊ ဝါတွင်းကာလများတွင် လိုဏ်ဂူများတွင်သာ သီတင်းသုံးခြင်း၊ အလှူအတန်းရက်ရောခြင်း စသည့် အချင်းအရာများကြောင့် ထိုင်းဘုရင်မင်းမြတ်၏ အထူးလေးစားခြင်းကို ခံရသည်။[၆][၇] နဝတ၊ နယက ခေတ် တပ်မတော်စစ်အစိုးရ ခေါင်းဆောင်ဟောင်းများသာမက တပ်မတော် စစ်ခေါင်းဆောင်အဆက်ဆက်နှင့် ဗိုလ်ချုပ်ကြီးများက ဆရာတော်ကို ကိုးကွယ်ကြသည်။[၈][၉] သို့သော်လည်း တစ်ဖက်တွင်မူ ယခင် တပ်မတော်စစ်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်ဝန်းကျင်ပိုင်းက ဆရာတော်ကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့၍ ထိုင်းနိုင်ငံဘက်တွင်သာ ဆယ်စုနှစ်တစ်ခုကြာ သီတင်းသုံးခဲ့ရသည်။[၁၀] ထိုစဉ်အခါက ပြည်ထောင်စုမှ ခွဲထွက်ရန် ကြိုးစားသည့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များကို ကူညီနေသည်ဟု တပ်မတော်စစ်အစိုးရဘက်က စွပ်စွဲခဲ့သည်။[၁၁] ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်ကြွခွင့်ရရှိခဲ့သည်။[၁၂] ထိုကာလများက တာချီလိတ်ရှိ ဆရာတော်၏ ကျောင်း ချိတ်ပိတ်ခံရသည်။ ဆရာတော်ကို ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကပါ ကြည်ညိုကြသည်။ ယင်းအပြင် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့က ဆရာတော်ကို နေပြည်တော်သို့ ပင့်ဖိတ်ကာ ပူဇော်ခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ရေလွှမ်းမိုးနေသော လိုဏ်ဂူတခုအတွင်းတွင် ပျောက်ဆုံးသွားခဲ့သည့် ကလေး ဘောလုံးအသင်းနှင့် ၎င်းတို့၏ နည်းပြတို့ အသက်ရှင်လျှက် ပြန်လည်တွေ့ရှိမှုတွင် ဆရာတော်၏မေတ္တာအစွမ်းပါဝင်သည်ဟု ထိုင်းပြည်သူများက လက်ခံထားကြသည်။[၁၃][၁၄] ဆက်ကပ်ခံရသည့်ဘွဲ့တံဆိပ်တော်များကိုးကား
|
Portal di Ensiklopedia Dunia