နန္ဒာသိန်းဇံ
နန္ဒာသိန်းဇံ (၁၉၄၈ - ၂၀၁၁) သည် ဒဿနိကဗေဒ ပါမောက္ခ တစ်ဦး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ထင်ရှားသော စာရေးဆရာလည်း ဖြစ်ခဲ့သည်။ ငယ်ဘဝပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်ဇာတိဖြစ်သည်။ မိဘနှစ်ပါးမှာ အဖ-ဦးညီကွန်း၊ အမိ-ဒေါ်ဟန်တင် ဖြစ်သည်။ ၁၉၄၈ - ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်၊ သောကြာနေ့၌ မွေးဖွားပြီး မွေးချင်း(၃)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အမည်ရင်းမှာ မောင်သိန်းဇံဖြစ် သည်။ ၁၉၅၃ - ၁၉၆၂ - ပေါင်းတည်မြို့ မြို့မ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် အခြေခံပညာကို သင်ယူခဲ့သည်။ ၁၉၆၂-ခုနှစ်တွင် အထက်တန်းစာမေးပွဲကို ပဲခူးတိုင်းတစ်တိုင်းလုံး၌ ပထမအဆင့်ဖြင့် အောင်မြင်ခဲ့သည်။ ကလောင်အမည်၁၉၆၃ - သိန်းဇံ ဟူသောကလောင်အမည်ဖြင့် စာပေနယ်သို့ဝင်ခဲ့သည်။ ပထမဦးဆုံးဆောင်းပါးအနေဖြင့် မှတ်ဉာဏ်နှင့် အတွေးအခေါ် (၁၉၆၃-နိုဝင်ဘာ-တွဲ-၁၁၊ အမှတ်-၄-သင့်ဘဝ)ကို စတင်ရေးခဲ့သည်။ နောက်ပိုင်း သိန်းဇံ အမည်တူရှိသဖြင့် နန္ဒသိန်းဇံအမည်သို့ ပြောင်းလဲရေးသားခဲ့သည်။ ကလောင်ခွဲများမှာ "စိတ်ခိုင်" နှင့် "လွမ်းဝေ" တို့ဖြစ်သည်။ ကိုယ်ရေးအကျဉ်း၁၉၆၃ - ၆၆ - ဒဿနိကဗေဒ ဝိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့သည်။ ၁၉၆၇ - ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာနထုတ် ဒဿနမဂ္ဂဇင်းနှင့် ရတနာမွန်အပါအဝင် အခြားစာနယ်ဇင်းအမျိုးပေါင်း(၄)ခုတွင် ဗုဒ္ဓဘာသာ၊ ဘာသာရေး၊ လူမှုရေးဒဿနနှင့်ဆိုင်သော ဆောင်းပါးများကို ရေးသားခဲ့သည်။ ၁၉၆၇ - ၆၈ - ဒဿနိကဗေဒ-မဟာဝိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့သည်။ ၁၉၆၉ - ပထမဆုံးလုံးချင်းစာအုပ်မှာ မဟာဝိဇ္ဇာဘွဲ့ယူစဉ်က တင်သွင်းခဲ့သော ကျမ်းတစ်စောင်ဖြစ်သည့် ဘဝအဓိပ္ပာယ်နှင့်ဘဝသစ္စာ ဖြစ်သည်။ ၁၉၇၀ - မေလ(၂၆)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာန၌ နည်းပြဆရာအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၇၀ - ၇၂ - (၂၄ရက် ဩဂုတ် ၁၉ရဝမှ ၆ရက် စက်တင်ဘာ ၁၉၇၂အထိ) မော်လမြိုင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၇၇၂ - ၇၉ - (၇ ရက် စက်တင်ဘာ ၁၉၇၂မှ ၁၄ရက် ဖေဖော်ဝါရီ ၁၉၇၉ အထိ) ရန်ကုန်တက္ကသိုလ်တွင် ဒဿနိကဗေဒဌာန တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထားဝယ်ကောလိပ်၊ ဒဿနိကဗေဒဌာန တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၉ - (၁၉ရက် ဩဂုတ် ၁၉၇၈)ရက်နေ့ လုပ်သားများကောလိပ်ဒဿနိကဗေဒအသင်း ဘဝခရီးအတွက် အတွေးအမြင်များ ဟောပြောချက်မှ စာအုပ်အဖြစ်ထုတ်ဝေသော ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း စာအုပ်သည် ထင်ရှား လူကြိုက်များခဲ့သည်။ ၁၉၈၀ - ၈၆ - (၈ရက် ဖေဖော်ဝါရီလ ၁၉၈ဝမှ ၂ရက် ဧပြီ ၁၉၈၆ထိ) ရန်ကုန်တက္ကသိုလ်တွင် လက်ထောက် ကထိကအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ - ၈၈ - (၃ရက် ဧပြီ ၁၉၈၆မှ ၂၅ရက်ဇွန် ၁၉၈၈ထိ) ပုသိမ်ဒီဂရီကောလိပ်တွင် ကထိက/ဌာနမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။ ၁၉၈၈ - ၉၆ - (၂၆ရက် ဇွန် ၁၉၈၈မှ ၃၁ရက် ဇန်နဝါရီ ၁၉၉၆ထိ) ရန်ကုန်တက္ကသိုလ်တွင် ကထိကအဖြစ် ပြန်လည်အမှုထမ်းဆောင်ခဲ့သည်။ ၁၉၉၆ - ၁၉၉၇ - (၁ရက် ဖေဖော်ဝါရီ ၁၉၉၆မှ ၁၆ရက် ဇူလိုင် ၁၉၉ရထိ) မော်လမြိုင်တက္ကသိုလ်တွင် ကထိက အဖြစ် ပြောင်းရွေ့တာဝန် ထမ်းဆောင်သည်။ ၁၉၉၇ - ၂၀၀၃ - (၂၃ရက် ဇူလိုင် ၁၉၉ရမှ ၁ရက်ဇူလိုင် ၂၀၀၃ထိ) ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် တွဲဖက်ပါမောက္ခ။ (၁၈ရက် ဧပြီ ၂၀၀၃)မှစ၍ ပါမောက္ခအဖြစ်အမှုထမ်းခဲ့သည်။ ၁၉၉၈ - ဒီဇင်ဘာလတွင် ပရိယတ္တိ သာသနတက္ကသိုလ်(ရန်ကုန်)၊သာသနာတော်ထွန်းကားပြန့်ပွားရေးဌာန၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ရင်း ထေရဝါဒဗုဒ္ဓဘာသာ-ပထမနှစ်ကို ယုတ္တိဗေဒ၊ အိန္ဒိယဒဿနနှင့်ဗုဒ္ဓဘာသာ-သာသနာပြန့်ပွားရေးနှင့် ဆိုင်သော သာသနာပြုရေးဘာသာရပ်များ၊ မဟာဝိဇ္ဇာ-ပထမနှစ်တွင် တရုတ်ဒဿန၊ မဟာယာနဗုဒ္ဓဘာသာ၏ စွပ်စွဲချက်များကို ထေရဝါဒဗုဒ္ဓဘာသာမှ ပြန်လည်ချေပချက်များနှင့် စိန်ခေါ်မှုကိုတုံ့ပြန်သော ဘာသာရပ်များ မဟာဝိဇ္ဇာ-ဒုတိယနှစ်တွင် မျက်မှောက်အနောက်တိုင်းဒဿန အဓိကအကြောင်းရပ်များဖြစ်သော ဒဿနပြဿနာ ထေရဝါဒ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စာတမ်းများ စသည့်ပညာရပ်များကို ကွယ်လွန်သည့်အချိန်ထိ အချိန်ပိုင်းကြီးကြပ်သင်ကြား ရင်းတာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာနတွင် ပါမောက္ခ/ဌာနမှူးအဖြစ် ထမ်းဆောင်ပြီး ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အငြိမ်းစားယူခဲ့သည်။ ၂၀၀၄ - ဇန်နဝါရီလ (၄)ရက်နေ့တွင် နိုင်ငံတော်မှ မဟာသဒ္ဓမဇောတိကဓဇဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ နိုင်ငံတော်မှ ချီးမြှင်သည့် သာသနပြုဆိုင်ရာ ဘွဲ့တဆိပ်ဖြစ်ပြီး "ကြီးကျယ်မြင့်မြတ်၍ သာသနာကို ထွန်းလင်းတောက်ပစေသည့် အောင်လံတော်ကို လွှင်ထူနိုင်သူ" ဟုအဓိပ္ပာယ်ရသည်။ ဓမ္မဗိမ္မာန်မှ ချီးမြှင့်သော တစ်သက်တာဓမ္မစာပေဆု ရရှိခဲ့သည်။
၂၀၀၉ - ဆရာဝန်တင်ရွှေ စာပေဆုကို "နောင်တကင်းရာသို့"အမည်ရှိ စာအုပ်ဖြင့် ရရှိခဲ့သည်။ ရေးသားထုတ်ဝေခဲ့ပြီးစာအုပ်များ
သုတေသနစာတမ်းများ
ဘဝနိဂုံး၂၀၁၁ ဩဂုတ်လ ၁၄ ရက် ည ဂ နာရီ ၃၀ မိနစ်ဝန်းကျင်(တနင်္ဂနွေနေ့၊ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့))တွင် ရန်ကုန်ဆေးရုံကြီး၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ (၆၄) နှစ် ရှိပြီ ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်မာမာ သာ ကျန်ရစ်ပြီး သားသမီး မရှိပေ။ ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia