နန်းပန်မြို့
နန်းပန်မြို့ သို့မဟုတ် နန့်ပန်မြို့ သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ မြို့တစ်မြို့ ဖြစ်သည်။ နန့်ပန်ကျေးရွာအုပ်စုကို ရပ်ကွက် ၄ ရပ်ကွက်ဖြင့် မြို့အဖြစ်အဆင့်တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ယခင်က နမ့်ပန်ကျေးရွာအုပ်စုကို ကျေးရွာ ၁၁ ရွာဖြင့် ဖွဲ့စည်းထားခဲ့ပြီး ယခုအခါ နမ်းပန်ကျေးရွာ၊ ကုန့်ကယ်ကျေးရွာ၊ ကြာတောကျေးရွာတို့ကို ရပ်ကွက်(၁) အဖြစ်လည်းကောင်း၊ ပေါက်ပါးကျေးရွာ၊ ရေလယ်ကျေးရွာတို့ကို ရပ်ကွက်(၂) အဖြစ်လည်းကောင်း၊ ဈေးပါးကျေးရွာ၊ ဈေးကုန်းကျေးရွာ၊ နောက်ကန်ကျေးရွာတို့ကို ရပ်ကွက်(၃) အဖြစ်လည်းကောင်း၊ သရက်ပင်ကျေးရွာ၊ မန်ကျီးကုန်းကျေးရွာ၊ ရေတွင်းပက်ကျေးရွာတို့ကို ရပ်ကွက်(၄)အဖြစ်လည်းကောင်း မြို့အဖြစ်ဖွဲ့စည်းခဲ့သည်။[၁] နမ့်ပန်ကျေးရွာအုပ်စုကိုယခင် ၁၉၅၉ခုနှစ် စော်ဘွားများ အာဏာစွန့်လွှတ်စဉ်က အင်းလေးတောင်ပိုင်းဒေသကို နမ့်ပန်မြို့နယ်အဖြစ် ဖွဲ့စည်းပေးခဲ့ပြီး အင်းလေးဒေသတွင် ညောင်ရွှေနှင့်နန်းပန်မြို့နယ် ၂ ခုရှိခဲ့ရာမှ ပြည်တွင်းမငြိမ်းချမ်းမှု အခြေအနေများကြောင့် နန်းပန်မြို့နယ်ကို မြို့နယ်အဆင့်မှ လျှော့ချပြီး ညောင်ရွှေမြို့နယ်အတွင်းကို ထည့်သွင်းကာ ညောင်ရွှေတစ်မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။[၂] ကိုးကား |
Portal di Ensiklopedia Dunia