ညောင်ရွှေမြို့နယ်
ညောင်ရွှေမြို့နယ်သည် ရှမ်းပြည်နယ်၊ ကလောခရိုင်တွင် တည်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်၏ အုပ်ချုပ်မှုရုံးစိုက်သောမြို့မှာ ညောင်ရွှေမြို့ဖြစ်သည်။ ညောင်ရွှေမြို့နယ်တွင် ညောင်ရွှေမြို့၊ နန့်ပန်မြို့တို့ပါဝင်သည်။ ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီအနိုင်ရပြီးမြို့နယ်၏တိုးတက်ပြောင်းလဲမှု မှာ သိသာလာသည်။ ပြည်တွင်း၊ ပြည်ပခရီးသွားများ၏ အဓိကဆွဲဆောင်ရာ နေရာတစ်ခုဖြစ်သော အင်းလေးကန်သည် ညောင်ရွှေမြို့နယ်၏ တောင်ပိုင်းတွင်တည်ရှိသည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်အနီးနှင့် နန့်ပန်မြို့အတွင်းတည်ရှိသည်။ နန္ဒဝန်ရပ်ကွက် သည်ညောင်ရွှေမြို့၏ဧရိယာအကျယ်ဆုံးသောရပ်ကွက်ဖြစ်သည်။ ညောင်ရွှေမြို့သည် အင်းလေးကန် သိုဝင်ရောက်ရာ အဓိကဝင်ပေါက်ကြီးဖြစ်သည့်အတွက် မြို့နေပြည်သူများက ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်၊ ဟိုတယ် နှင့် တည်းခိုခန်း၊ အခြား ဧည့်ဝန်ဆောင်မှုလုပ်ငန်းများဖြင့် အသက် ွေဝန်းျောင်း ပြု ကြသည်။ တန်ခူးလ ၂ကျိပ်၈ဆူ ဆွမ်းလောင်းပွဲနှင့် သီတင်း ကျွတ်လတွင် ကျင်းပသည့် ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲမှာ ညောင်ရွှေမြို့တွင် အထင်ခြား ုံး ပွဲကြီးများ ဖြစ်သည်။ [၁] စိတ်ဝင်စားဖွယ်ရာ နေရာဒေသများ![]()
ကိုးကား
ပြင်ပလင့်များဝီကီမီဒီယာ ကွန်မွန်းစ်တွင် ညောင်ရွှေ
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။
|
Portal di Ensiklopedia Dunia