နိုင်ငံတော်အကြီးအကဲ

ဦးသိန်းစိန်နှင့်အိုဘားမား
ဘုရင်မ အယ်လီဇဘတ်

နိုင်ငံတော်၏ ခေါင်းဆောင် သည် နိုင်ငံတော်ကို ကိုယ်စားပြုသော တရားဝင်ခေါင်းဆောင် ဖြစ်သည်။ နိုင်ငံ၏အုပ်ချုပ်ပုံအရ နိုင်ငံတော်၏ ခေါင်းဆောင်မှာ အခမ်းအနားတက်ရန် ဟန်ပြနှင့် အစိုးရအဖွဲ့ခေါင်းဆောင်ဟူ၍ ရှိသည်။ ဥပမာ အိန္ဒိယတွင် သမ္မတမှာ အခမ်းအနားတက်ရန် ကိစ္စအချို့သာရှိပြီး ဝန်ကြီးချုပ်မှာ အစိုးရအဖွဲ့ ခေါင်းဆောင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် သမ္မတမှာ နိုင်ငံတော်ခေါင်းဆောင်ဖြစ်သကဲ့သို့ အစိုးရအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။ ဦးထင်ကျော်အစိုးရလက်ထက်တွင် သမ္မတမှာ အမည်ခံ၍ အမှန်တကယ် အစိုးရအဖွဲ့ခေါင်းဆောင်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည်။

ပါလီမန်စနစ်များတွင် နိုင်ငံတော်ခေါင်းဆောင်မှာ အခမ်းအနားတက်ရန် ဟန်ပြသဘောဖြစ်ကာ နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို စွက်ဖက်ပိုင်ခွင့်မရှိပေ။ သို့သော် သူတို့ကို အများက လေးစားရသည်။ ဥပမာ ဗြိတိန်ဘုရင်မ အယ်လီဇဘက်နှင့် အိန္ဒိယသမ္မတကဲ့သို့ ဖြစ်သည်။

အစိမ်း=ပါလီမန်မှ ရွေးချယ်ကာ လုပ်ပိုင်ခွင့်အာဏာရ သမ္မတစနစ်၊ လိမ္မော်=ပါလီမန်နိုင်ငံရေးစနစ်၊ အနီ=ပါလီမန်ဘုရင်စနစ်ဖြစ်သော်လည်း ဘုရင်တွင် အုပ်ချုပ်ရေးအာဏာမရှိ

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya