နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ၂၀၁၆ ဧပြီ ၁ ရက်နေ့တွင် လည်းကောင်း၊ ပြည်သူ့လွှတ်တော်က ၂၀၁၆ ဧပြီ ၅ ရက်နေ့တွင် လည်းကောင်း အသီးသီး အတည်ပြုခဲ့ပြီး သမ္မတဦးထင်ကျော်က ဧပြီ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။[၁][၂] တာဝန်နှင့် လုပ်ပိုင်ခွင့်များနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးသည် အစိုးရအဖွဲ့အတွင်းရှိ လုပ်ငန်းများကို ချုပ်ကိုင်ထားနိုင်သော နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးနှင့်ဆင်တူပြီး[၃] ပြည်ထောင်စုအင်္ဂါစဉ်တွင် သမ္မတပြီးလျှင် နံပါတ် (၂) နေရာတွင်ရှိသည်။[၄] အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး နှစ်ခုအကြား အချိတ်အဆက်လည်းဖြစ်သည်။ ရာထူးသက်တမ်းမှာ နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းပင် ဖြစ်သည်။[၅] နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေဝီကီရင်းမြစ်တွင် ဤဆောင်းပါးနှင့် ပတ်သက်သော စာတမ်းများ ရှိသည် –
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုးကာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။[၆] ၂၀၂၁ ဖေဖော်ဝါရီ ၉ ရက်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည်လည်း ထိုဥပဒေကို ထပ်လောင်းရေးဆွဲခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်ထားရှိခဲ့သည်။[၇]
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်များ စာရင်း
အခြားကြည့်ရန်
ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia