နီနီလင်းအိမ်

နီနီလင်းအိမ်
ဇာတိ အမည်နီနီကျော်ဇင်
မွေးဖွား (1999-11-14) ၁၄ နိုဝင်ဘာ၊ ၁၉၉၉ (အသက် ၂၅)
မုဒုံ,မြန်မာ
အလုပ်အကိုင်
အရပ်၁.၆၉ m (၅ ft   in)
ဘွဲ့Miss Grand Myanmar 2023
(winner)
Miss Grand International 2023
(1st runner up)
အလှမယ်ဘွဲ့ ရရှိသူ
အေဂျင်စီGlamorous International
ဆံပင်အရောင်အမည်းရောင်
မျက်လုံးအရောင်အမည်းရောင်
အဓိက ပြိုင်ပွဲ(များ)Miss Grand Myanmar 2023
(winner)
Miss Grand International 2023
(1st runner up)
(Miss Popular Vote)
(Country's Power Of The Year)
(Top10 National Costume & Swimsuit Competition)

နီနီလင်းအိမ် (အင်္ဂလိပ်: Ni Ni Lin Eain; ၁၉၉၉ နိုဝင်ဘာ ၁၄ မွေးဖွား) သည် မြန်မာနိုင်ငံမှ မော်ဒယ်[] နှင့် အလှမယ်တစ်ဦးဖြစ်သည်။[][] သူမသည် Miss Grand Myanmar 2023 ဆုကိုရရှိခဲ့ပြီး ဗီယမ်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပခဲ့သော Miss Grand International 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး 1st runner up ဆုကိုရရှိခဲ့သည်။[][]

ယခင်က Miss Universe Myanmar 2022 ပြိုင်ပွဲတွင် ပါဝင်ခဲ့သော်လည်း မိခင်၏ကျန်းမာရေးပြဿနာကြောင့် နုတ်ထွက်ခဲ့သည်။[][]

ငယ်ဘဝနှင့် ပညာရေး

နီနီလင်းအိမ်သည် ၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ မုဒုံမြို့၌ မွေးဖွားခဲ့သည်။[] ၎င်းသည် စင်ကာပူနိုင်ငံ Toa Payoh တွင် တည်ရှိသော Building and Construction Authority (BCA) Academy မှ မြို့ပြအင်ဂျင်နီယာ ဒီပလိုမာဘွဲ့ တက်ရောက်ပြီး ဘွဲ့ရရှိခဲ့သည်။[]

အလှမယ်

နီနီလင်းအိမ်သည် Miss Universe Myanmar 2022 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံး ၁၆ ဦးအထိ ရွေးချယ်ခံခဲ့သည်။ သို့သော် ၎င်း၏မိခင်၏ ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည်။[]

၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် Glamorous International မှ Miss Grand International 2023 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ခန့်အပ်ခံရသည်။[5] နီနီလင်းအိမ်သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ Phu Thọ အားကစားကွင်းတွင် ကျင်းပသည့် Miss Grand International 2023 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[]

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် စတင်ကျင်းပသည့်အဆိုပါပြိုင်ပွဲတွင် နီနီလင်းအိမ်သည် Global Beauties Choice – Miss Photogenic Award နှင့် Grand Pageant's Choice Award တို့ကို ရရှိခဲ့သည်။[][] ထို့နောက် ၂၅ ရက်နေ့က ကျင်းပသော ပြိုင်ပွဲတွင် Country’s Power of the Year Award ကို ရရှိခဲ့ပြီး Top ၂၀ သို့ အလိုအလျောက် ရွေးချယ်ခံရသည်။[][] ပြိုင်ပွဲအပြီးတွင် ပီရူးနိုင်ငံမှ Luciana Fuster သည် Miss Grand International 2023 အနိုင်ရရှိသူဖြစ်ပြီး နီနီလင်းအိမ်သည် First runner-up ဆုရရှိခဲ့သည်။[][]

ရိုက်ကူးရေး

ကြော်ငြာ

Year Product Company Ref.
2022 Bella matte Love Blush Bella Cosmetics [၁၀][၁၁]
A+ Wallet A Bank [၁၂]
2023 Flourish Shampoo Virtue Labs [၁၃]
Fit Me Foundation Maybelline
2024 Aung Thamardi Gold & Jewelry Aung Thamardi Gold, Jewelry Shops and Refinery [၁၄]
Eternal Weint Sein Weint Sein Gold and Jewelry Shop

ကိုးကား

  1. ၁.၀ ၁.၁ Bryan Salvatierra (25 October 2023)။ Miss Grand International: ¿Quién es Ni Ni Lin Eain la actriz que casi le roba la corona a Luciana Fuster? (in es-PE)။ El Popular။ 27 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2023 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ ประวัติ 'Ni Ni Lin Eain – Maria Lopez' รอง 1–2 Miss Grand International 2023 (in th)။ Kom Chad Luek (26 October 2023)။ 27 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2023 တွင် ပြန်စစ်ပြီး။
  3. "Miss Grand International 2023 First Runner up ဆွတ်ခူးရရှိခဲ့တဲ့မြန်မာနိုင်ငံမှ အလှမယ် နီနီလင်းအိမ်" (in my)၊ 25 October 2023။ 26 October 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 26 October 2023။ 
  4. “(၇၁) ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမယ့် (၉) ကြိမ်မြောက် မယ်စကြဝဠာ (မြန်မာ) ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို ပထမအကြိမ် ဆန်ကာတင် အလှမယ် ၈ ဦးကို ရွေးချယ်” (in my) (2 July 2022)။ 4 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 October 2023 တွင် ပြန်စစ်ပြီး။
  5. "Miss Grand Myanmar 2023 နီနီလင်းအိမ်" (in my)၊ MTNews၊ 20 October 2023။ 26 October 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 26 October 2023။ 
  6. "Miss Grand International 2023 အလှမယ်ပြိုင်ပွဲကြီးမှာ Miss Photogenic award by Global Beauties နဲ့ Grand Pageant’s Choice Award Title ဆု ၂ ဆု အလှမယ် နီနီလင်းအိမ် ရရှိ – Myanmar Transparency News"၊ 25 October 2023။ Archived from the original on 26 October 2023။ 
  7. ၇.၀ ၇.၁ Luciana Fuster ganó el Miss Grand International 2023: sencillez y glamour en su paso por el concurso de belleza (in es) (25 October 2023)။ 25 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 October 2023 တွင် ပြန်စစ်ပြီး။
  8. "အလှမယ်နီနီလင်းအိမ် COUNTRY’S POWER OF THE YEAR ဆုကြီး ဆွတ်ခူးရရှိ – PCT NEWS HOMEPAGE"၊ 25 October 2023။ Archived from the original on 26 October 2023။ 
  9. Ni Ni Lin Eain grabs 1st Runner-Up at Miss Grand International 2023New Light of Myanmar (26 October 2023)။ 25 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 October 2023 တွင် ပြန်စစ်ပြီး။
  10. အချစ်ဆိုတဲ့အရာကို ဖော်ကျူးဖို့ နူးညံ့ပြီး သာယာပျော်ဖွယ်တဲ့ အကြင်နာ ယုယမှုတွေနဲ့တင်မလုံလောက်သေးပါဘူး... (in my)။ Bella (11 February 2022)။ 28 October 2023 တွင် ပြန်စစ်ပြီး။
  11. Bella Love Blush (cosmetic TV commercial) (in my)။ HD Production Team (14 February 2022)။ 28 October 2023 တွင် ပြန်စစ်ပြီး။
  12. A+ agent ဆိုင်တွေမှာငွေလွှဲရင်း ဖူးစာရှင်နဲ့ဆုံတွေ့နိုင်ပါတယ်! မြန်မာနိုင်ငံတဝှမ်း ဆိုင်ပေါင်း ၂၅,၀၀၀ကျော်မှာ ငွေလွှဲ ငွေသွင်း၊ ငွေထုတ် ယုံကြည်စိတ်ချစွာဆောင်ရွက်နိုင်ပါပြီ။ (in my)။ A Bank (12 December 2022)။ 28 October 2023 တွင် ပြန်စစ်ပြီး။
  13. Flourish Shampoo Commercial Video (in my)။ HD Production Team (28 September 2023)။ 28 October 2023 တွင် ပြန်စစ်ပြီး။
  14. Aung Thamardi Gold & Jewelry (in my)။

ပြင်ပလင့်ခ်များ

အောင်မြင်မှု
ယခင်က
အိအိအောင်ထွန်း
Miss Grand Myanmar
2024
ဆက်ခံသူ
မြန်မာနိုင်ငံ သဲစုငြိမ်း
ယခင်က
မောရစ်ရှနိုင်ငံ Yuvna Rinishta
Miss Popular Vote
2023
ဆက်ခံသူ
အင်ဒိုနီးရှားနိုင်ငံ Nova Liana
ယခင်က
ဗီယက်နမ်နိုင်ငံ Đoàn Thiên Ân
Country's Power of the Year
2023
ဆက်ခံသူ
ထိုင်းနိုင်ငံ Malin Chara-anan
ယခင်က
ထိုင်းနိုင်ငံ Engfa Waraha
Miss Grand International 1st Runner-Up
2023
ဆက်ခံသူ
ဖိလစ်ပိုင်နိုင်ငံ Christine Juliane Opiaza
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya