နူအက်စတာ ဆီညော်ရာ ဒီ လော်ရယ်တို
နူအက်စတာ ဆီညော်ရာ ဒီ လော်ရယ်တို သည် စပိန်ကိုလိုနီ ခေတ်ကာလအတွင်း အမေရိကားရှိ ပါရာဂွေးပြည်နယ်တွင် ဂျေရှုတို့မှ ပထမဆုံး တည်ထောင်ခဲ့သော လူနီတို့ အခြေချနေထိုင်ရာ နေရာ နှင့် သာသနာပြု မစ်ရှင် တစ်ခုဖြစ်ပြီး ၁၆၁၀ တွင် တည်ထောင်ခဲ့သည်။ အာဂျင်တီးနားနိုင်ငံ မစ်ဆီယိုးနေ့စ်ပြည်နယ်ရှိ ကန်ဒယ်လာရီးယား ခရိုင်တွင် တည်ရှိသည်။ ဂျေရှုတို့သည် အင်ဒီးယန်းတို့၏ လူနီတို့၏ ဘာသာစကားကို သင်ကြားခဲ့ပြီး ရောမ အက္ခရာများကို အသုံးပြု၍ ရေးသားနိုင်ရန် နည်းလမ်းကို ကြံစည် ဖော်ဆောင်ခဲ့သည်။ သူတို့သည် မစ်ရှင်အတွင်း ပုံနှိပ်စက်ကို တည်ထောင်ခဲ့ပြီး ထို့အတွက်ကြောင့် ထင်ရှားသည်။ ဂျေရှုတို့၏ ပုံနှိပ်စာများမှာ စပိန် နှင့် လက်တင် (ကက်သလစ်များ၊ သမ္မာကျမ်းနှင့် ဘုရားရှိခိုးစာအုပ်များတွင် အသုံးပြုသည့် ဘာသာစကား) တွင်သာမကပဲ သမ္မာကျမ်းစာနှင့် အခြားသော ခရစ်ယာန် စာပေတို့ကို လူနီဘာသာစကား အဖြစ်ဘာသာပြန်ရာတွင် အသုံးပြုသည့်အပြင် အဘိဓာန်များ ရိုက်နှိပ်ရန်လည်း အသုံးပြုခဲ့သည်။ ဖာသာ အန်တိုနီယာ ဂါရီဂါသည် နူအက်စတာ ဆီညော်ရာ ဒီ လော်ရယ်တို တွင် ခန့်အပ်ထားသော စပိန် ဂျေရှု ဘုန်းတော်ကြီးဖြစ်ပြီး ၁၇ ရာစု၏ နောက်ဆုံးနှစ်မှ ၁၈ ရာစု အစောပိုင်း အထိ နေထိုင်ခဲ့သည်။ သူ့အား မိုရိုလူမျိုးတို့က ဘာသာဗေဒ ပညာရှင် နှင့် သာသနာပြုဆရာ ဟု သိရှိကြသည်။ ၁၆၉၆ ခုနှစ်မှစ၍ ဒေသအတွင်း စတင် အလုပ်လုပ်ခဲ့ပြီး မစ်ရှင်၏ အကြီးအကဲအဖြစ် အကြိမ်ပေါင်းများစွာ တာဝန်ယူခဲ့သည်။ သူတော်စင်တို့၏ အမြင်အတိုင်း လူတစ်ဦး၏ ဘဝကို နေထိုင်ရန် လက်တွေ့ လမ်းညွှန်ချက် (၁၇၁၃ ခုနှစ်) မှ မစ်ရှင်တွင် ပုံနှိပ်သော ဒုတိယမြောက် ရှေးအကျဆုံး စာအုပ် ဖြစ်သည်။ [၁]၁၇၆၀တွင် ထိုနေရာ၏ အမည်ပေးထားသော သင်္ဘောတစ်စင်းကို ဘာဂျာ ကယ်လီဖိုးနီးယားတွင် ဖိလစ်ပိုင် လူမျိုး တစ်ဦးမှ ၁၇၆၀တွင် တည်ဆောက်ခဲ့သည်။ [၂] ယနေ့အချိန်တွင် ဂျေရှုတို့ အခြေချနေထိုင်ရာ၏ အပျက်အစီးများသာ ကြွင်းကျန်ရစ်သည်။ ၁၉၈၄ ခုနှစ်တွင် ၎င်းသည် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့သော နေရာ ၎ ခု တွင် တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။ (အခြား ၃ ခုမှာ ဆန် အီနာရှို မီနီ၊ နျူအက်စတာ ဆီညော်ရာ ဒီ ဆန်တာအာနား နှင့် ဆန်တာ မာရီယာ မေယာ တို့ ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် ယူနက်စကိုသည် ယနေ့ခေတ် ပါရာဂွေးနိုင်ငံ နေရာရှိ မစ်ရှင် နောက်ထပ်နှစ်ခုကို ကမ္ဘာ့အမွေအနှစ်နေရာ စာရင်း ထည့်သွင်းခဲ့သည်။[၁]
ကိုးကား
|
Portal di Ensiklopedia Dunia