နေတိုး (ရုပ်ရှင်သရုပ်ဆောင်)
နေတိုး ခေါ် နေလင်းအောင် (၉ စက်တင်ဘာ ၁၉၈၁) သည် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ မြန်မာ ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်သည်။ နေတိုးကို ၉ ရက်နေ့ စက်တင်ဘာ ၁၉၈၁ ခုနှစ် တွင် ဦးအောင်သန်း နှင့် ဒေါ်သန်းမြိုင်တို့မှ ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မွေးဖွားခဲ့သည်။ နာမည်ရင်းမှာ နေလင်းအောင် ဖြစ်သည်။ မွေးချင်းသုံးယောက်ရှိသည်။ ၎င်းတို့မှာ အစ်ကို ဇော်လင်းအောင်၊ ညီ သရုပ်ဆောင် မင်းသွေး (နေမင်းအောင်)၊ ညီမ စုမွန်အောင် တို့ဖြစ်သည်။ ရခိုင်လူမျိုး ဖြစ်သည်။ အစောပိုင်းဘဝနေတိုးကို ၁၉၈၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် အဖ ဦးအောင်သန်း အမိ ဒေါ်သန်းမြိုင်တို့က ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တောထူရွာ တွင် မွေးဖွားခဲ့သည်။ နာမည်ရင်းမှာ နေလင်းအောင်ဖြစ်သည်။ မွေးချင်းလေးယောက်အနက် ဒုတိယ ဖြစ်သည်။ ရခိုင်လူမျိုး ဖြစ်သည်။ အနုပညာအသက်မွေးဝမ်းကြောင်း၁၉၉၉ ခုနှစ်တွင် ရန်ကုန်သို့ရောက်ရှိခဲ့ပြီး YIIK မော်ဒယ်အေဂျင်စီ ကိုတက်ရောက်ခဲ့သည်။ မော်ဒယ်ပြိုင်ပွဲအချို့တွင် ဆုအချို့ ရရှိခဲ့သည်။ မော်ဒယ်အဖြစ် အလုပ်လုပ်စဉ် သူ၏ အနုပညာနာမည်မှာ ဇင်မင်း ဖြစ်သည်။ ငယ်စဉ်ဘဝက သူ၏ ရည်မှန်းချက်မှာ အဆိုတော်နှင့် တေးရေးဖြစ်ရန် ဖြစ်သည်။ ၂၀၀၀ ခုနှစ်က သူ၏ သီချင်းခွေတစ်ခုကို ထုတ်လုပ်ဖြန့်ချိခဲ့သော်လည်း လူသိမများခဲ့ပေ။ ထိုကာလတွင် ပထမဆုံးရုပ်ရှင် ရိုက်ကူးခဲသည်။ ထိုအချိန်မှစ၍ ရုပ်ရှင်လောကသို့ ဝင်ရောက်လာခဲ့သည်။ နေတိုးသည် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၏ နှင်းဆီအငြိမ့်အဖွဲ့ဝင် လူရွှင်တော် တစ်ဦးလည်း ဖြစ်သည်။ နှင်းဆီသခင်၊ နှင်းဆီရင်ခွင်၊ နှစ်သစ်နှင်းဆီ၊ ထာဝရနှင်းဆီ၊ ညီညွတ်ခြင်းနှင်းဆီ၊ ရတနာပုံနှင်းဆီ၊ နှင်းဆီပဝါခြုံတဲ့လက်၊ နှင်းဆီလှေ အစရှိသဖြင့် ဖျော်ဖြေခဲ့သူလည်း ဖြစ်သည်။ ![]() နေတိုးသည် ၂၀၀၉၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၂၄ ခုနှစ်များတွင် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ် တွင် Star Awards (ရုပ်ရှင်နှင့် ရုပ်သံထူးချွန်ဆု) ရရှိခဲသည်။ Myanmar Pride Award 2019 Best In Film ရရှိခဲသည်။ ရေးသားခဲ့သော စာအုပ်နေတိုးသည် ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလတွင် စေ့ထားသော တံခါးများ အမည်ရှိ စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည် နေတိုး၏ ဓာတ်ပုံအသားပေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ နေတိုး၏ ဘဝဖြစ်စဉ်၊ အနုပညာနယ်သို့ ဝင်ရောက်လာမှု၊ အမှတ်တရ အဖြစ်အပျက်၊ မှတ်စုတိုများ၊ ကဗျာများကို သူ၏ ငယ်ဘဝက ရိုက်ကူးခဲ့သည့် ဓာတ်ပုံများ၊ မိသားစု ဓာတ်ပုံများ၊ အလှဓာတ်ပုံများ၊ ရိုက်ကွင်းမှ ဓာတ်ပုံများ၊ နိုင်ငံရပ်ခြားခရီးထွက်ခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံများနှင့်အတူတူ ဝေဝေဆာဆာ ထည့်သွင်းဖော်ပြပေးထားသည်။ အနုပညာပျိုးခင်းတစ်ခြောက်လုံးဆုံသည့်နေ့ဖြစ်သော နိုဝင်ဘာလ ၁၁ရက်နေ့၊ ၂၀၁၁ခုနှစ်တွင် အကယ်ဒမီနေတိုး အပါအဝင် မြန်မာ့ရုပ်ရှင်လောက၏ ထိပ်တန်း ခြောက်ယောက်( အကယ်ဒမီ လူမင်း၊ အကယ်ဒမီပြေတီဦး၊ နေတိုး၊ အကယ်ဒမီ ခန့်စည်သူ၊ မြင့်မြတ်၊ ဒါရိုက်တာ ဝိုင်း) သည် မြန်မာ့ အနုပညာ အကျိုးကို မျှော်မှန်း၍ အနုပညာပျိုးခင်း ကို စတင်တည်ထောင်ခဲ့ပြီး မင်းသမီး အသစ် ၃ဦးကို ပရိသတ်နှင့် မိတ်ဆက်ခဲ့သည်။ ရိုက်ကူးခဲ့သော ဇာတ်ကားများ(ကား ၄၀၀ ကျော်)
ရရှိခဲ့သော ဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ
ကိုးကားပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia