မာန်အောင်မြို့
မာန်အောင်မြို့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင်တွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်ပြီး မာန်အောင်ကျွန်းပေါ်တွင် တည်ရှိသည်။ မာန်အောင်မြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ မာန်အောင်မြို့သည် မာန်အောင်ကျွန်း၏ အရှေ့မြောက်ဘက် အစွန်းတွင် တည်ရှိသည်။ ကျောက်ဖြူမြို့မှ ရေကြောင်းဖြင့် ၈၇ မိုင် ကွာဝေးသည်။ မာန်အောင်မြို့တွင် မာန်အောင်လေဆိပ်ရှိသည်။ မြို့ပေါ်တွင် မြို့နယ်အရာရှိရုံး၊ ရဲဌာန၊ အစိုးရ အထက်တန်းကျောင်းနှင့် ဈေးရှိသည်။ မာန်အောင် ကျွန်းသည် ရခိုင် ကမ်းရိုးတန်း အလွန်၊ ဘင်္ဂလားအော်အတွင်းသို့ ရောက်နေသော အစွန်ဆုံး ကျွန်းဖြစ်သည်။ ရန်မာန်အပေါင်းကို အောင်မြင်သည့်အတွက် မန်အောင်(မာန်အောင်) ဟူ၍ ရှေးအခါကပင် မှည့်ခေါ်ထားခြင်းဖြစ်သည်ဟု ဆို၏။ မာန်အောင်ကျွန်းသည် ပုံသဏ္ဌာန်အားဖြင့် တြိဂံပုံဖြစ်၏။ မာန်အောင် ရေလက်ကြားဖြင့် ရမ်းဗြဲကျွန်းနှင့် ပိုင်းခြားလျက်ရှိသည်။ မာန်အောင်မြို့သည် ရမ်းဗြဲကျွန်းနှင့် အနီးကပ်ဆုံးဖြစ်သော ချွန်ထွက်နေသည့် နေရာတွင် တည်ရှိသည်။ မာန်အောင်ကျွန်း၏ မြေမျက်နှာပြင်သည် လှိုင်းထလျက် ရှိသည်။ အချို့တောင်များသည် ပင်လယ်ပြင်အထက် ပေ ၁ဝဝဝခန့် မြင့်သည်။ သစ်ပင်လည်း ထူထပ်သည် ရွှံ့မီးတောင်များလည်းရှိသည်။ တောင်နီတောင်ခေါ် မြေနီတောင်တွင် အလွန်မွှေးသောမြက်နီပင်များ တစ်တောင်လုံးဖုံးလွှမ်းနေသဖြင့် ထူးခြားသည်။ မန်အောင်ကျွန်းတွင် ဆန်စပါးအပြင် ဆေးရွက်၊မြေပဲ၊ ကြံ၊ ပိုက်ဆံလျှော်၊ အုန်းပင်နှင့် ကွမ်းသီးပင်များလည်း စိုက်ပျိုးသည်။ မာန်အောင်၏ အထင်ရှားဆုံး ထွက်ကုန်မှာ မန်အောင်ဆေးဖြစ်သည်။ [၁] သမိုင်းအကျဉ်းမာန်အောင်မြို့သည် မြို့ဝန်ခေတ် အစပိုင်းတွင် သီးခြားမဟုတ်ဘဲ ရမ်းဗြဲမြို့ထဲတွင် ခေတ္တမျှ ပါဝင်ခဲ့သည်။ ၁၈၈၂ ခုနှစ်တွင် မြို့ဖြစ်လာသည်။[၂] ပထဝီဝင်နှင် ရာသီဥတုမာန်အောင်မြို့သည် ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် မာန်အောင်ကျွန်း ပေါ်တွင် တည်ရှိသည်။ လတ္တီကျု (၁၈)ဒီဂရီ၊ (၅၁)မိနစ် လောင်ဂျီကျု (၉၃) ဒီဂရီ၊ (၄၄) မိနစ် ရှိသည်။
လမ်းပန်းဆက်သွယ်ရေးမာန်အောင်မြို့ကို ရေကြောင်းလမ်းနှင့် လေကြောင်းလမ်းမှ သွားနိုင်သည်။ မာန်အောင်လေဆိပ်သည် မြန်မာအမျိုးသားလေကြောင်းမှ ရန်ကုန်သို့ ပြည်တွင်းခရီးစဉ်ကို ပြေးဆွဲပေးလျက် ရှိသည်။ လူနေထိုင်မှုမာန်အောင်မြို့သည် ရခိုင်လူမျိုး အများစုနေထိုင်ကာ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ် ကြသည်။ စီးပွားရေးမာန်အောင်မြို့နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ အစိုးရ ဝန်ထမ်းများလည်း ရှိသည်။ ဘဏ်လုပ်ငန်း အနေဖြင့် ကမ္ဘောဇဘဏ် ရှိသည်။ ပညာရေးမာန်အောင်မြို့တွင် အစိုးရ အထက်တန်ကျောင်း ၂ ကျောင်း အမက ကျောင်း တစ်ကျောင်း (ခန့်မှန်) သည့်ရှိရသည်။[၄] ကျန်းမာရေး
အားကစားမာန်အောက် အားကစားကွင်းနှင့် မာန်အောင် ဖူဆယ်ကစားကွင်း တိုရှိသည်။[၆] အထင်ကရနေရာများ
ထင်ရှားသော ပုဂ္ဂိုလ်များပြင်ပလင့်များကိုးကား
|
Portal di Ensiklopedia Dunia