နေပြည်တော် ဘူတာကြီး

ကိုဩဒိနိတ်: 19°51′0″N 96°11′46″E / 19.85000°N 96.19611°E / 19.85000; 96.19611

Naypyidaw Station

နေပြည်တော်ဘူတာ
မြန်မာ့မီးရထား
တည်နေရာနေပြည်တော်
မြန်မာနိုင်ငံ
ရထားလိုင်း(များ)ရန်ကုန်-မန္တလေး ရထားလမ်း
သမိုင်းကြောင်း
ဖွင့်ခဲ့ဇူလိုင် ၅၊ ၂၀၀၉ (၂၀၀၉-၀၇-၀၅)

နေပြည်တော် ဘူတာကြီးသည် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် တည်ရှိပြီး မြန်မာနိုင်ငံရှိ အကြီးဆုံးဘူတာရုံများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၃၆,၀၀၀ စတုရန်းပေ (3,300 m2) ကျယ်ဝန်းပါသည်။ ရွာတော်နှင့် ကျည်တောင်ကန်ဘူတာကြား မိုင်တိုင် အမှတ် ၂၃၃/၀ တွင် တည်ဆောက်ခဲ့သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ [] ရထားလမ်းဆုံအချက်အချာ ဘူတာကြီးတစ်ခုဖြစ်ကာ နေပြည်တော်ဘူတာမှ ရန်ကုန်၊ မန္တလေး၊ ပြည်၊ ပုဂံ၊ မကွေး၊ ပခုက္ကူ၊ ရွှေညောင်၊ တောင်ကြီး နှင့် လွိုင်ကော်မြို့များသို့ ရထားလမ်းချိတ်ဆက်ထားသည်။

ကိုးကား

  1. Maung Maung Myint Swe။ "New railway station reflects dignity of Nay Pyi Taw"၊ Global New Light of Myanmar၊ 2009-11-24၊ pp. 1, 7။ 
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya