ရန်ကုန်-မန္တလေး ရထားလမ်း
ရန်ကုန် - မန္တလေး ရထားလမ်း သည် မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သော ရန်ကုန်မြို့ ၊ နေပြည်တော်နှင့် မန္တလေးမြို့တို့ကို ဆက်သွယ်ထားသော မီတာဂေ့ချ် ရထားလမ်းဖြစ်ကာ မြန်မာ့မီးရထားက စီမံခန့်ခွဲသည်။ သံလမ်းမိုင်: ၃၈၅.၅ မိုင် ရှည်လျားသည်။ ရန်ကုန် - ပြည် ရထားလမ်းဖွင့်လှစ်ပြီးနောက် မြန်မာပြည်၏ ဒုတိယမြောက် ရထားလမ်းဖြစ်သည်။ [၁] သမိုင်းကြောင်းဗြိတိသျှတို့မှ ရန်ကုန် - ပြည် ရထားလမ်းဖောက်လုပ်ပြီးတောင် ရန်ကုန် - တောင်ငူလမ်းပိုင်း ဆက်လက်ဖောက်လုပ်ရန် ၁၈၈၁ ခုနှစ်တွင် အောက်မြန်မာပြည် အစိုးရမှ ဆုံးဖြတ်ခဲ့သည်။ ကနေဦးအဖြစ် ရန်ကုန် - ညောင်လေးပင် လမ်းပိုင်းကို ၁၈၈၄ခုနှစ် ဖေဖော်ဝါရီ(၄)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ညောင်လေးပင် - တောင်ငူလမ်းကို ၁၈၈၅ခုနှစ် ဇူလှိုင်လ (၁)ရက်နေ့တွင် ဆက်လက်ဖွင့်လှစ်ခဲ့သည်။ ရန်ကုန် - တောင်ငူလမ်းပိုင်း အတွက် စုစုပေါင်းကုန်ကျငွေမှာ ရူးပီငွေကျပ် (၁၃)သန်းဖြစ်သည်။ ၁၈၈၅ခုနှစ် ဗြိတိသျှတို့မှ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် အောက်ပါအတိုင်း လမ်းပိုင်းများကို အသီးသီး ဆက်လက် ဖောက်လုပ်ခဲ့သည်။ တောင်ငူ - မန္တလေး လမ်းပိုင်းအတွက် ကုန်ကျငွေစုစုပေါင်းမှာ ရူးပီးငွေကျပ် (၂၁)သန်းဖြစ်ကာ တမိုင်လျှင် ရူးပီးကျပ် ၉၄၇၇ဝိ/- ကုန်ကျခဲ့သည်။ [၁] [၂]
ဘူတာရုံများရန်ကုန်-မန္တလေး ရထားလမ်း
ကိုးကား
|
Portal di Ensiklopedia Dunia