နေဝင်း (သီချင်းရေးဆရာ)
တေးရေးကိုနေဝင်းသည် မြန်မာပြည်တွင် တစ်ချိန်က ခေတ်စားခဲ့သော မောင့်လပြည့်ဝန်း သီချင်းအား ကိုယ်ပိုင်သံစဉ်ရေးစပ်ခဲ့သူဖြစ်ပြီး ပန်းချီကားများလည်း ရေးဆွဲသူ တစ်ယောက်ဖြစ်သည်။ ကိုနေဝင်းကို ၁၉၅ဝခုနှစ်တွင် မွေးဖွားခဲ့ပြီးနောက် အသက် ၁၃၊ ၁၄နှစ် ဝန်းကျင်မှာ စတင်ကာ သီချင်းများ ရေးသားခဲ့သည်။
သူ၏နာမည်ကျော် မောင့်လပြည့်ဝန်း သီချင်းကို ၁၉၇၆ ခုနှစ်ဝန်းကျင်ကာလများတွင် ရေး သားပြီးစီးခဲ့သည်ဟု သူကဆိုသည်။ ==ကျွန်တော် ၁၃နှစ်သား လောက်မှာ စရေးတယ်။ ကော်ပီ သီချင်းလေးတွေ စရေးတာပေါ့။ မန္တလေးမှာ သူငယ်ချင်းတွေနဲ့ Lonely Heart ဆိုပြီး တီးဝိုင်းစဖွဲ့ တယ်။ အဲဒီမှာ ကျွန်တော်ကLead ဂစ်တာတီးတယ်။ Claccical ဂစ် တာက နောက်မှတီးတာ။ လန်ဒန် အတ်ဦးအုန်းမောင်ရဲ့သား ရီတာအုန်းမောင်က သင်ပေးတယ်။ ပြီးတော့ ရန်ကုန်ကိုရောက်တယ်။ အဲဒီမတိုင် ခင်မှာ =ဒေါက်ဒေါက် ဘယ်သူလဲ+ဆိုပြီး ကျွန်တော် တစ်ခွေ ထွက်ခဲ့သေးတယ်။ ကော်ပီ၁ဝပုဒ်၊ ကိုယ်ပိုင်သံစဉ် တစ်ပုဒ်ပါတယ် ဟု သူက ပြောသည်။ "ကျွန်တော်က မောင့်လပြည့်ဝန်း ကို နောင်မွန်မှာရေးတယ်။ ဒါပေမဲ့ မပြီးသေးဘူး။ ကွယ်လွန်ခြင်း၊ အလည်လွန်ခြင်းစသည်ဖြင့် စာသား တွေရေးပြီး နယ်ကျွံခြင်း၊ မရေးရသေးဘူး။ တစ်နှစ်လောက်ကြာသွားတယ်။ တစ်နှစ်လောက်ကြာတော့ ဦးသန့်အရေးအခင်းမဖြစ်ခင်ပေါ့။ စိုင်းထီးဆိုင်တို့၊ ဆွန်ကျဲအိုတို့ အခန်းမှာနေပြီး ရေးလိုက်တယ်။ သီချင်း အဆုံးသတ်ပြီးတော့ အဆောင်ရှေ့ တွေမှာ တီးကြတယ်။ ==ချစ်၍စွန့်သွား တဲ့မင်းကို စွန့်၍ ချစ်သွားမယ်++ဆိုပြီး စကားလုံးလေး လှည့်သုံးလိုက်တယ်။ အမှတ်တမဲ့ရေးလိုက်ပေမယ့် အမှတ်တရ ဖြစ်သွားတာပေါ့။ အဲဒါရေးပြီး ၁၉၇၆ခုနှစ်မှာ ကျောင်းတွေ ပိတ် တယ်။ တစ်ခါကျောင်းတွေ ပြန်ဖွင့်တော့ စိုင်းထီးဆိုင်က သူ့ကိုအဲဒီ သီချင်းရောင်းပါဆိုပြီး လာပြောတယ်။ သူ့ရဲ့ စိတ္တဇအလွမ်းထဲမှာ အဲဒီ သီချင်းပါလာတယ်"ဟု သူက မောင့် လပြည့်ဝန်းသီချင်း နောက်ခံ ရာဇဝင် ကို ပြောပြသည်။
"ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်တွေရှိလာလေ ကျွန်တော် ပိုကြိုးစားလေပဲ။ ကျွန်တော့်ဝမ်းစာအတွက် ကိုးပုဒ်ရေးရင် တိုင်းပြည်အတွက် တစ်ပုဒ်ရေးတယ်။ ဆယ်ပုဒ်စလုံးရေးပြီး အားလုံးကို ကိုယ့်ဗိုက်ထဲ ထည့်တာမဟုတ်ဘူး။ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ပြန်ကြားနိုင်လောက်အောင် Wave တစ်ခုနဲ့ စီးမျောလိုက်တယ်"ဟုသူ၏သဘောထားကို ကိုနေဝင်းက ပြောသည်။ ရသမြောက်ရေးဖွဲ့သည့် တေးရေးဆရာတစ်ဦးအနေဖြင့် အပိတ်အပင် အတားအဆီးများ ကြားတွင် အားမလို အားမရဖြစ်ရသည့်အခါများလည်း ရှိသည်။ သူဖြတ်သန်းခဲ့ရာခေတ် ကြီးတစ်လျှောက်လုံးတွင် ရေးသားခဲ့သော သူ၏သီချင်းများထဲမှအချို့ကိုလည်း ယခုပွင့် လင်းလာသည့် ခေတ်ကျမှ ပြန်လည်ထုတ်ဝေရသည်များလည်းရှိသည်ဟု သူက ဆိုသည်။ "ကိုမွန်းအောင်စီးရီးအသစ်ထဲမှာ အရင်ကဆင်ဆာ အပိတ်ခံရတဲ့ သီချင်းတွေကို အသစ်ပြန်ရေးပြီး ထည့်ထားတာလည်းပါတယ်။ အခုအသစ်ထပ်ရေးတာတွေလည်းရှိ တယ်။ ကျွန်တော်အခုကျွန်တော့်သီချင်းတွေ တေးပေါင်းချုပ်ဆိုပြီး ပြန်ထုတ်ဖို့ရှိတယ်။ သီချင်းစာအုပ်လေးပေ့ါ။ အဲဒါလေးထွက်ပြီးရင်တော့ ကျွန်တော့်အတ္ထုပ္ပတ္တိနဲ့သီချင်းလေး တွေအကြောင်း အတ္ထုပ္ပတ္တိစာအုပ်လေးထုတ်မယ်။ အဲဒါကိုကျွန်တော့်သားက ကူညီပြီး ရေးပေးနေတယ်" ဟု သူကပြောတာကြောင့် ကိုနေဝင်းသီချင်းများစုဆောင်းလိုသူတို့ အတွက် ဝမ်းသာမိသည်။ "အားလုံးပဲသတ္တိရှိကြပါလို့ ပြောချင်တယ်။ သတ္တိရှိတယ်ဆိုတာ လူသတ်ရဲတာကို ပြောတာ မဟုတ်ဘူး။ ကြုံလာသမျှ ဒုက္ခတွေကို ကြံ့ကြံ့ခံနိုင်တာကိုမှ သတ္တိလို့ခေါ်တယ်။ ခုလိုအပြောင်းအလဲ ကာလမှာလည်း ဒုက္ခတွေကြုံနိုင်ပါတယ်။ ဒါတွေကိုလည်း သတ္တိရှိရှိနဲ့ကြံ့ကြံ့ခံကျော်လွှားပါလို့။ ကျွန် တော်လည်း ကြံ့ကြံ့ခံပြီးနေနေဆဲပါ"ဟု ပြန်ခါနီး သူပြောလိုက်သည့်စကားမှာ သူ့မာန်သူ့ဟန်နှင့် သူ့စိတ်ဓာတ်ကို မြင်ရသည်။ "အားလုံးကို ကျော်ဖြတ်ရမယ်"၊ =နောက်ဆုံးအိပ်မက်"+၊ "မောင့်လပြည့်ဝန်း"၊ "သဇင်ကြွေတဲ့ ဆောင်း"+ စသည့်သီချင်းများအပြင် သီချင်းကောင်းများ စွာရေးဖွဲ့ခဲ့သည့် ကိုနေဝင်း၊ အာဏာရှင်ခေတ်ထဲမှာ သီချင်းများမှတစ်ဆင့် ပြည်သူဘက်မှ ရပ်တည်ခဲ့ သည့် ကိုနေဝင်း၊ ကျန်းမာရေးမကောင်းသော်ငြားလည်း စိတ်ဓာတ်ကောင်းများဖြင့် နေထိုင်ခဲ့သည့် ကိုနေဝင်းသည် ပြည်သူတို့၏ရင်ထဲတွင် အမြဲရှိနေဦးမည်လည်း ဖြစ်သည်။ |
Portal di Ensiklopedia Dunia