ပင်လယ်ပြင်တွင် နေထိုင်ကျက်စားသောငှက်များ
ပင်လယ်ပြင်တွင် နေထိုင်ကျက်စားသောငှက်များ[မှတ်စု ၁] (Procellariiformes) /prɒsɛˈlɛəri.ɪfɔːrmiːz/ ငှက်မျိုးစဉ်တွင် မျိုးရင်း ၄ ခု ပါဝင်ပြီး မျိုးစိတ်ပေါင်း ၁၂၅ ခု ပါဝင်သည့် ပင်လယ်ငှက်များ ဖြစ်ကြသည်။ ယင်းတို့ကို ကမ္ဘာအနှံ့ သမုဒ္ဒရာများတွင် တွေ့နိုင်ပြီး နယူးဇီလန်တွင် မျိုးစိတ်မူကွဲအများဆုံးဖြင့် တွေ့ရသည်။ သားပေါက်သည့်မူလအသိုက်သို့ နှစ်ပေါင်းများစွာ ပြန်လာလေ့ရှိကြပြီး ငှက်စုံတွဲများသည် နှစ်ပေါင်းများစွာ သို့မဟုတ် သူတို့၏ဘဝတစ်သက်တာ ပေါင်းသင်းလေ့ရှိကြသည်။ ဥ ၁ လုံးတည်းသာ ဥတတ်ကြပြီး ငှက်အဖိုနှင့်အမ နှစ်ကောင်စလုံး သားပေါက်ကို စောင့်ရှောက်ပြုစုကြသည်။ အခြားငှက်များထက် သားဖောက်ကာလ ကြာမြင့်ပြီး အပျံတတ်မြောက်ပါက မိဘစောင့်ရှောက်မှု မရှိတောပေ။ မျိုးစိတ်ပေါင်းများစွာသည် ငါးဖမ်းလုပ်ငန်းများ၊ ယင်းငှက်တို့၏ ကျက်စားရာနေရာတွင် ငှက်မျိုးစိတ်သစ် ဝင်လာခြင်း အစရှိသည်တို့ကြောင့် မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ရှိသည့်မျိုးစိတ်အဖြစ် ရောက်ရှိလာကြသည်။ သိပ္ပံပညာရှင်များ၊ အစိုးရများ၊ တံငါသည်များက ယင်းငှက်တို့အပေါ်ကျရောက်သည့်အန္တရာယ်အား လျော့ချရန် သဘောတူညီချက်တစ်ခုကို ၂၀၁၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia