ပရာယွတ်ချန်အိုချာ
ပရယုဒ္ဓ စန္ဒြဩဇာ(ထိုင်း: ประยุทธ์ จันทร์โอชา ပရးယုဒဓ် စန်ဒရ်ဩဇာ; သင်္သကရိုက်: Prayuddha Candraojā ပြယုဒ္ဓ စန္ဒြဩဇာ) သို့မဟုတ် ပရယုဒ် ကျန်အိုချာ(အင်္ဂလိပ်: Prayut Chan-o-cha)သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၁] ၂၀၁၀ခုနှစ်မှ စတင်ကာ ထိုင်းဘုရင့်တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။၂၀၁၄ခုနှစ် ယင်လပ်အစိုးရကိုဖြုတ်ချကာ အာဏာသိမ်းယူပြီး နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ ၂၉ယောက်မြောက်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၂၀၂၂ခုနှစ် ဩဂုတ်လ ၂၄ရက်မှ စက်တင်ဘာ ၃၀ရက်နေ့အတွင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ရာထူးကို ဆိုင်းငံ့ထားသည်။ သို့ရာတွင် ၂၀၂၂ခုနှစ် အောက်တိုဘာ ၁ရက်နေ့တွင် ပြန်လည်ရုံးထိုင်နိုင်ကြောင်း ဆုံးဖြတ်ခဲ့သည်။[၂] ၂၀၂၃ရွေးကောက်ပွဲအပြီးတွင် ၎င်း၏ပါတီက အမတ်နေရာအများစု အနိုင်မရခဲ့ပြီးနောက်တွင် သူ့အနေဖြင့် နိုင်ငံရေးမှအနားယူပြီဖြစ်ကြောင်း ဇူလိုင်လ၌ ကြေညာခဲ့သည်။ ထိုင်းနိုင်ငံ အစိုးရအဖွဲ့သစ်ပေါ်ပေါက်မလာမီအထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။[၃] သူသည် ယခင်က ထိုင်းဘုရင့်တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး ၂၀၁၀ အောက်တိုဘာလမှ ၂၀၁၄အောက်တိုဘာလအထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၄][၅]တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီးနောက် တော်ဝင်စည်းကမ်းနည်းကျစွာ လိုက်နာသူအဖြစ် တွေ့ခဲ့ရပြီး ယခင်ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်၏ ပြိုင်ဘက်ဖြစ်သည်။ [၆] စစ်တပ်အတွင်း သဘောထား တင်းမာသူတစ်ယောက် ဖြစ်သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံရေးအကြပ်အတည်းများ ထိုင်းနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည်။ ယင်လပ်အစိုးရကို ဆန့်ကျင်မှုများ နိုင်ငံတစ်ဝန်းပေါ်ပေါက်လာသည်။ ထိုစစ်က စစ်တပ်အနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။၂၀၁၄ခုနှစ်မေလတွင်မူ ပရာယွတ်အနေဖြင့် စစ်တပ်က နိုင်ငံတော်အာဏာ အရပ်ရပ်ကို သိမ်းယူကြောင်းကြေညာခဲ့သည်။ ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီကို ဖွဲ့စည်းခဲ့ကာ အကြီးအကဲတာဝန်ယူခဲ့သည်။[၇]ထို့နောက် ၂၀၁၄ ကြားဖြတ်အစိုးရဥပဒေကို ကြေညာကာ ရာထူးအာဏာများစွာ ကိုင်တွယ်ခဲ့သည့်အပြင် အာဏာသိမ်းခဲ့၍ အရေးယူခြင်းမှ ကာကွယ်ခဲ့သည်။[၈] ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ထိုင်းအမျိုးသားလွှတ်တော်ကို ပရာယွတ်မှ စိတ်ကြိုက် ရွေးချယ်ထားသော လူများဖြင့် ဖွဲ့စည်းသည်။ ထို့အပြင် ကိုယ်တိုင်လည်း ဒီမိုကရေစီမဆန်စွာဖြင့် ဝန်ကြီးချုပ်ရာထူး ရယူခဲ့သည်။[၉][၁၀] အာဏာရယူအပြီးတွင် သဘောထားကွဲလွဲမှုများကို နှိမ်နှင်းခဲ့သည်။[၁၁] စစ်ပညာသင်ဘဝပရာယွတ်ချန်အိုချာမှာ ကြည်းတပ်လေ့ကျင့်ရေးကျောင်း (AFAPS)၏ အပတ်စဉ်၁၂၊လေ့ကျင့်ရေးကောလိပ် အပတ်စဉ် ၆၃၊ အမျိုးသားကာကွယ်ရေးကောလိပ်နှင့် ကြည်းတပ်အရာရှိ အခြေခံသင်တန်း၊ ကြည်းတပ်အရာရှိ အဆင့်မြင့်သင်တန်း စသည်ဆို့တွင် သင်ယူခဲ့သည်။ ချူလာခန်ခလို တော်ဝင်စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့ (bachelor of science) ဖြင့် ဘွဲ့ရရှိခဲ့သည်။[၁၂] သူ၏ရှေ့မှ လူများကဲ့သို့ပင် ပရာယွတ်မှာ စစ်ဆပ်၏ "eastern tigers"ဖြစ်သည်။ ပရာယွတ်သည် သူ၏ တပ်မတော်သားဘဝကို ကြည်းတပ်ဌာနချုပ်၂ရှိရာ ထိုင်းနိုင်ငံ အရှေ့ပိုင်းတွင် စတင်ခဲ့သည်။ [၁၃][၁၄][၁၅][၁၆] တပ်မတော်သားဘဝ![]() ချူလာခန်ခလို တော်ဝင်စစ်တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် (၂၁)ကြည်းတပ်မဟာတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုတပ်မဟာမှာ မိဖုရား၏အစောင့်တပ် (သို့မဟုတ်) လက်ဖြောင့်တပ်သားများ အဖြစ်သတ်မှတ်ခံရသည်။၂၀၀၂ခုနှစ်တွင် လက်ထောက် ညွှန်ကြားရေးဗိုလ်ချုပ်အဖြစ် အမှတ်(၂) ကြည်းတပ်ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၀၅ခုနှစ်တွင် အမှတ်(၂) ကြည်းတပ်ဌာနအပါအဝင် တပ်မဟာ၏ လက်ထောက် ညွှန်ကြားရေးဗိုလ်ချုပ်ဖြစ်လာပြီး တစ်နှစ်အတွင်း၌ပင် ညွှန်ကြားရေးဗိုလ်ချုပ်ဖြစ်လာသည်။ တပ်မတော် ပေါင်းစပ်ညှိနှိုင်းရေး အရာရှိချုပ်အဖြစ် ၂၀၀၈မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၁၀ခုနှစ် အောက်တိုဘာလတွင် ယခင်ကာကွယ်ရေးဦးစီးချုပ် အနူဖောင်း ပေါင်ချန်ဒတ်ချ်ကိုဆက်ခံကာ ထိုင်းဘုရင့်တပ်မတော်အတွင်း အမြင့်ဆုံးရာထူးဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။ တပ်မတော်ပြင်ပ လှုပ်ရှားမှုများ၂၀၀၆ အာဏာသိမ်းပွဲပြီးနောက် ပရာယွတ်ကို ထိုင်းဥပဒေပြုလွှတ်တော်တွင် ခန့်ထားခဲ့သည်။ဤအတောအတွင်း သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတကော်မတီတွင် လုပ်ကိုင်ခဲ့သည်။ ထို့အပြင် ကုမ္ပဏီအချို့၏ အုပ်ချုပ်ရေးအရာရှိလည်း လုပ်ခဲ့သည်။၂၀၀၇ခုနှစ်မှ ၂၀၁၀ခုနှစ်အထိ ထိုင်းဝွိုင်း (Thai Oil)ကုမ္ပဏီ၏ ဒါရိုက်တာ၊ ၂၀၁၀ခုနှစ် အောက်တိုဘာ ၇ရက်နေ့မှစ၍ ထိုင်းစစ်တပ်ဘဏ်၏ ဒါရိုက်တာ၊ စစ်တပ်ဘောလုံးအသင်း၏ ဥက္ကဋ္ဌ များအဖြစ်အဖြစ် ဆောင်ရွက်ခဲ့သည်။[၁၂] ၂၀၁၃ခုနှစ် မေလတွင် ဘန်ကောက်မြို့ ဆင်ခြေဖုံးနေရာရှိ မြေကွက် ၉ကွက်ကို ဘတ် ၆၀၀မီလီယံဖြင့် ရောင်းချခဲ့သည်။နောက်ပိုင်းတွင် သတင်းထောက်များက ထိုအကြောင်းကို မေးမြန်းခဲ့ရာ "ထိုမြေကို ငယ်စဉ်ကပင် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုမြေကို သူ၏အဖေပိုင်ဆိုင်သဖြင့် ပြဿနာကဘာလဲ"ဟု မေးခွန်းထုတ်ကာ သူ့ကိုဝေဖန်တာတွေ ရပ်တန့်ရန် ပြောခဲ့သည်။[၁၇] ၂၀၁၄ ခုနှစ် စက်တင်ဘာ၄ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ကြေညာချက်အရ ပရာယွတ်တွင် ၁၂၈.၆ မီလီယံ ဘတ် (US$ ၃.၉မီလီယံ) ရှိသည်။[၁၈]သူ၏ ပိုင်ဆိုင်မှုတွင် မာစီဒီး ဘန့် S600Lတစ်စီး၊ဘီအမ်ဒဘလျူ 740Li စီဒန်တစ်စီး၊နောက်ထပ် ယာဉ်၃စီး၊ဘတ် ၃မီလီယံ တန်ဖိုးရှိ ဇိမ်ခံ လက်ပတ်နာရီ ၉လုံး၊His[၁၉] US$၂သိန်းတန်ဖိုးရှိ လက်ဝတ်လက်စားများနှင့် ပစ္စတိုသေနတ်များ ပါရှိသည်။ ထို့အပြင် ၄၆၆.၅ မီလီယံဘတ် (US$ ၁၄.၃ မီလီယံ) ကို အခြားမိသားစုဝင်ထံသို့ လွှဲပြောင်းထားကြောင်းလည်းတွေ့ခဲ့ရသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် စက်တင်ဘာလကုန်အထိ တာဝန်ယူခဲ့စဉ်က လစာမှာ ၁.၄ မီလီယံဘတ် (US$၄၃၀၀၀)ကို နှစ်စဉ်ရရှိသည်။[၁၇][၂၀] ၂၀၁၄ အာဏာရယူအပြီး ပရာယွတ်မှာ ရုပ်မြင်သံကြား အစီအစဉ်တစ်ခုတွင် ထင်ရှားခဲ့သည်။ ၂၀၁၄ အာဏာသိမ်းယူခြင်း![]() ၂၀၁၃-၂၀၁၄ ထိုင်းနိုင်ငံရေး ပြဿနာများအတွင်း ပရယုဒ္ဓအနေဖြင့် ရှပ်နီ-ရှပ်ဝါများကို စေ့စပ်ညှိနှိုင်းရန် ကြိုးစားခဲ့သည်။ သို့သော် မအောင်မြင်ခဲ့၍ ၂၀၁၄ အာဏာသိမ်းမှုကို ကြံစည်ခဲ့သည်။၂၀၁၄ခုနှစ် မေလ ၂၂ရက်တွင် ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်၏ ယင်လပ်အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူခဲ့သည်။ ယင်လပ်အနေဖြင့် ထိုမတိုင်မီကပင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ တာဝန်မှရပ်စဲခြင်းခံခဲ့ရသည်။ သူ့နေရာတွင် ဘွန်ဆိုင်ပန်ဆင်က ယာယီတာဝန်ယူထားသည်။ ပရယုဒ္ဓက ၂၀၀၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရုပ်သိမ်းကာ နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။ သူကိုယ်တိုင်လည်း အကြီးအကဲနေရာ ရယူခဲ့သည်။[၂၁] ပရာယွတ်အနေဖြင့် သူ့အားဝေဖန်လာမည့်အရေးများ၊သဘောထားကွဲလွဲမှုများကို ချက်ချင်း ထိန်းချုပ်ခဲ့သည်။ မီဒီယာထိန်းချုပ်မှု၊ အင်တာနက် ဆင်ဆာထိန်းချုပ်မှု၊ညမထွက်ရ အမိန့်များကို နိုင်ငံတစ်ဝန်း ချမှတ်မှု၊၅ယောက်ထက်ပို၍ လူစုခြင်းမပြုရန် တားမြစ်မှုများ အပြင် နိုင်ငံရေးသမားအချို့နှင့် အာဏာသိမ်းဆန့်ကျင်သူများကို ဖမ်းဆီးခြင်းများ လုပ်ကိုင်ခဲ့သည်။ အချို့သူများမှာ စစ်ခုံရုံးများတွင် စွဲချက်တင်ခံရသည်။[၂၂][၂၃][၂၄] ၂၀၁၄ခုနှစ် ဇူလိုင် ၂၂ရက်နေ့တွင် ၂၀၁၄ ကြားဖြတ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းမှုနှင့် ပတ်သက်၍ သူ့ကိုအရေးယူခြင်းမရှိစေရန် ကာကွယ်ထားပြီး အစိုးရအဖွဲ့အတွင်း အာဏာအပြည့်အဝယူထားသည်။[၂၅] ဇူလိုင် ၃၁ ရက်နေ့တွင် ဥပဒေပြုလွှတ်တော်တစ်ခုကို အခြေခံဥပဒေအရ ဖွဲ့စည်းခဲ့သည်။ သို့သော် အမတ်များမှာ တပ်မတော်နှင့် ရဲအရာရှိများဖြစ်သည်။ ပရာယွတ်၏ ညီဖြစ်သူအပါအဝင် ပရယုဒ္ဓမှ စိတ်ကြိုက်ရွေးချယ်ထားသူများဖြစ်သည်။[၂၆][၂၇]အမတ်များမှာ ပရာယွတ်နှင့် နီးကပ်သူများဖြစ်သဖြင့် သူ့အား ဝန်ကြီးချုပ်အဖြစ် တညီတညွတ်တည်း ရွေးကောက်ခဲ့ကြသည်။ ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ခုနှစ် ဩဂုတ်လ ၂၄ရက်တွင် ခန့်အပ်ခံခဲ့ရသည်။[၂၈][၂၉]ထိုကြောင့် ပရယုဒ္ဓအနေဖြင့် ရာထူး၃ခုကိုတစ်ပြိုင်နက် ချုပ်ကိုင်ထားခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီ၏ အကြီးအကဲ၊ နိုင်ငံတော် ဝန်ကြီးချုပ်တို့ဖြစ်သည်။[၃၀]၂၀၁၄ခုနှစ် အောက်တိုဘာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာအား စွန့်လွှတ်ခဲ့သည်။ သို့သော် သူ၏အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုများစွာ ရှိနေခဲ့သည်။ သူ၏ အစိုးရအဖွဲ့ဝင်များ၊ ပရာယွတ်၏ ညီဖြစ်သူ ပရီချာ ချန်အိုချာ အပါအဝင် လွှတ်တော်တွင်းရှိ အမတ်များ၊ဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာန ဝန်ကြီးတို့ပါ ခြစားမှု အရှုပ်တော်ပုံတွင် ပါဝင်နေကြသည်။[၃၁]ပရယုဒ္ဓအနေဖြင့် သူ၏အစိုးရကို ဝေဖန်သော မည်သည့်အကြောင်းအရာ၊ လူပုဂ္ဂိုလ်ကိုမဆို တားမြစ်ထားသည်။ [၁၁] ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလတွင် ပရာယွတ်က လူများအနေဖြင့် မိမိတို့သဘောထားကို ပြောဆိုနိုင်ကြောင်း၊ သို့သော် နိုင်ငံတော် အေးချမ်းသာယာရေးကောင်စီကို ဆန့်ကျင်လျှင်မူ ခွင့်မပြုနိုင်ကြောင်းဆိုခဲ့သည်။[၃၂] နိုင်ငံတော် အေးချမ်းသာယာရေးကောင်စီနှင့် အစိုးရအဖွဲ့အတွင်း သူ၏ အကြီးအကဲနေရာကြောင့် လစာ ဘတ်၁၂၅၅၉၀ (US$၃၅၂၀) လစဉ် ရရှိသည်။ ထို့အပြင် စစ်တပ်အငြိမ်းစား ခံစားခွင့်များလည်းရရှိကြသည်။[၃၃] သူ၏ ပထမဆုံး နိုင်ငံတကာ စာမျက်နှာအဖြစ် မီလန်မြို့တွင် ၂၀၁၄ခုနှစ် အောက်တိုဘာ ၁၆ရက်နေ့က ကျင်းပသော ဒဿမမြောက် အေဆမ်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။[၃၄] "ပြည်သူများထံပျော်ရွှင်မှုများ ပြန်လည်ရောက်ရှိခြင်း" မိန့်ခွန်းများ![]() ၂၀၁၄ခုနှစ် မေလ ၃၀ရက်နေ့တွင် သူ၏ သောကြာနေ့ညမိန့်ခွန်းများကို နိုင်ငံပိုင် ရုပ်သံလိုင်းမှတစ်ဆင့် စတင်ပြောကြားခဲ့သည်။ တစ်ခါတစ်ရံတွင် ၁နာရီထက်ပိုမို၍ ပြောကြားတတ်သည်။ ထိုမိန့်ခွန်းများတွင် အစိုးရအဖွဲ့၏ မူဝါဒများ၊ မီဒီယာများ၏ အစိုးရဆန့်ကျင်ရေးအစီအစဉ်များကို စိုးရိမ်ခြင်း အကြောင်း စသည်တို့ပါဝင်သည်။ ၂၀၁၅ခုနှစ် မတ်လတွင် သူ၏ သောကြာည မိန့်ခွန်းများကို ၂၀ (သို့မဟုတ်) ၃၀မိနစ် အထိလျော့ချကာ ဝန်ကြီးများ ကိုယ်တိုင်မိန့်ခွန်းပြောခြင်းကို ထည့်သွင်းရန် ကြေညာခဲ့သည်။ အပိုဒ် ၄၄၂၀၁၅ခုနှစ် မတ်လ ၃၁ရက်နေ့တွင် ပရယုဒ္ဓက သူ့အနေဖြင့် စစ်အာဏာသိမ်းခြင်းကို ပြန်ရုပ်သိမ်းရန် ဘုရင့်ထံမှ အမိန့်ရခဲ့ကြောင်း ကြေညာခဲ့သည်။ ![]() အရပ်သား လွတ်လပ်ခွင့်၂၀၁၅ခုနှစ် ဖေဖော်ဝါရီတွင် မီဒီယာသတင်းများကို ပိတ်ပင်ရန် သူ့တွင် လုပ်ပိုင်ခွင့်အပြည့်ရှိကြောင်း ကြေညာခဲ့သည်။ စီးပွားရေးမူဝါဒများ![]() ပရယုဒ္ဓက ထိုင်းနိုင်ငံ၏ စီးပွားရေးကျဆင်းမှုမှာ သူတို့အစိုးရကြောင့်မဟုတ်ဘဲ ကမ္ဘာ့စီးပွားရေးအခြေအနေကြောင့်ဖြစ်ကြောင်း ပြောဆိုထားသည်။ ထိုင်း လယ်သမားများကို ကူညီပေးခြင်း၊ ထိုင်းစက်ရုံများမှ ဈေးနည်းပြီး အရည်အသွေးကောင်းသောပစ္စည်းများထုတ်လုပ်ခြင်းဖြင့် ထိုင်းနိုင်ငံကို အလတ်တန်းစားစီးပွားရေးနိုင်ငံမှ အထက်တန်းစား စီးပွားရေးနိုင်ငံဖြစ်ရန် ရည်မှန်းချက်ကို ဖော်ပြခဲ့သည်။ ၂၀၁၉ ရွေးကောက်ပွဲပရယုဒ္ဓက သူ၏ရွေးကောက်ပွဲအပြီးဆန္ဒကို ထုတ်ဖော်ပြောခဲ့သည်။၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်ကို အမျိုးသားငြိမ်ဝပ်ပိပြားရေးကောင်စီမှ ခန့်အပ်ပြီး ဝန်ကြီးချုပ်ကို အောက်လွှတ်တော်မှ ရွေးချယ်မည်။[၃၅]ပါတီများမှ သူတို့၏ ဝန်ကြီးချုပ်လောင်းများကို တင်သွင်းနိုင်ပြီး ပါတီမရှိသူများလည်း တင်သွင်းနိုင်သည်။ ၂၀၁၈ နိုဝင်ဘာလတွင် ဒုဝန်ကြီးချုပ်က နောက်လာမည့် ဝန်ကြီးချုပ်သည် ပရယုဒ္ဓအတိုင်းဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ [၃၆] ဇန်နဝါရီ ၂၀၁၉ခုနှစ် နောက်ပိုင်းတွင် ပရယုဒ္ဓအစိုးရမှ ဝန်ကြီး၄ယောက်သည် ရွေးကောက်ပွဲကိစ္စအတွက် ရာထူးမှနုတ်ထွက်ခဲ့ကြသည်။ [၃၇]နောက်နေ့တွင် ၎င်းတို့ပါတီ၏ ဝန်ကြီးချုပ်လောင်းများတွင် ပရာယွတ်လည်း ပါဝင်ခဲ့သည်။ [၃၈] ဝေဖန်မှုများပရယုဒ္ဓကို အကြောက်လွန်ပြီး မတည်ငြိမ်သူဟု ဖော်ပြကြသည်။ ပုဂ္ဂိုလ်ရေးရာပရယုဒ္ဓ၏ အမည်ပြောင်မှာ တူး (အင်္ဂလိပ်: Tuu၊(ထိုင်း: ตู่; RTGS: Tu)ဖြစ်သည်။ သူသည် နရာဖွန် ချန်အိုချာနှင့် လက်ထပ်ခဲ့သည်။ နရာဖွန်မှာ ယခင်က စစ်သားများ၏ အမျိုးသမီးများအသင်းတွင် ဥက္ကဋ္ဌဖြစ်သည်။ ပရယုဒ္ဓ စစ်ဦးစီးချုပ် စဖြစ်သည့် ၂၀၁၀တွင် စတင်ခဲ့ခြင်းဖြစ်သည်။ သူတို့တွင် အမွှာ သမီး၂ယောက်ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia