ပရိုဂရမ်
ပရိုဂရမ်သဒ္ဒါလည်းကြည့်။ ကွန်ပြူတာပရိုဂရမ် ဆိုသည်မှာ အလုပ်တစ်ခုခုကို လုပ်ဆောင်နိုင်ရန်အတွက်ညွှန်ကြား ချက်များကိုစုစည်းထား သော ညွှန်ကြားချက် အစုအဝေးကို ခေါ်ဆိုသည်။ အဆိုပါညွှန်ကြားချက် အစုအဝေးများပေါင်း စုထားသော ပရိုဂရမ်အစုအဝေးကို ကွန်ပြူတာဆော့ဝဲဟု ခေါ်ဆိုသည်။ ကွန်ပြူတာပရိုဂရမ်များသည် ယခုအချိန်ဆိုလျှင် စတုတ္ထမျိုးဆက်သို့ တိုင်ရောက်လာခဲ့ပြီဖြစ်သည်။ ကွန်ပြူတာ ပရိုဂရမ်တစ်ခု အခုအလုပ်လုပ်နိုင်ရန်အတွက် စက်မှ နားလည်နိုင်ရန်အတွက် ပြောင်းလဲပေးသော ကြားခံပရိုဂရမ်တစ်ခု လိုအပ်ပြန်ပါသည်။ ပရိုဂရမ် ဆိုသည်မှာ အမိန့်စာကြောင်းများစွာ (Instructions) ပါဝင်သော (သို့)ကွန်ပျူတာကို ခိုင်းစေနိုင်သော အမိန့်စာကြောင်းများ ပါဝင်သော ကွန်ပျူတာက နားလည်နိုင်တဲ့ ဘာသာစကား တစ်မျိုး ဖြစ်သည်။ ကွန်ပျူတာရဲ့ လုပ်ဆောင်မှု အားလုံးကို ထိန်းချုပ်ကိုင်တွယ် ခိုင်းစေနိုင်စွမ်းရှိသော ဘာသာရပ် ဖြစ်သည်။ ကွန်ပျူတာနည်းပညာတွင် ပရိုဂရမ်ဘာသာရပ် မြောက်မြားစွာ ရှိသည်။ လူတစ်ယောက် ၏ တွေးခေါ်မှု ၊ စိတ်ပုံဖော်မှု များကို ကွန်ပျူတာ နားလည်နိုင်သော command word (or) instruction (အမိန့်စာကြောင်း) များဖြင့် ပုံဖော်ခြင်း နည်းပညာ ဖြစ်သည်။ သင်္ချာနည်းပညာ တွက်ချက်မှုများအား မဏ္ဍိုင်ထား၍ လုပ်ဆောင်မှု အမျိုးမျိုး၊ တွက်ချက်မှု အမျိုးမျိုး၊ ရုပ်ပုံအမျိုးမျိုး ကို ဖန်တီးနိုင်ခြင်းများ လုပ်ဆောင်နိုင်သော Language ဟုလည်း အကြမ်းအားဖြင့် သိရှိနိုင်သည်။ Programming of Computer ကို အသုံးပြုသည့်နယ်ပယ်များမှာ အမြောက်အမြား ရှိသည်။ မည်သည့်နယ်ပယ်တွင် အသုံးပြု သည် ကိုတော့ အောက်တွင် ဖော်ပြထားသော ကွန်ပျူတာ သိပ္ပံနယ်ပယ် မှ ရွေးထုတ် ဖော်ပြရမည် ဖြစ်သည်။
အထက်ပါ နယ်ပယ်များ အားလုံး သည် field of Computer Science (ကွန်ပျူတာ သိပ္ပံနယ်ပယ်) ၌ ပါဝင် ပါသည်။ သို့ဖြစ်၍ ကွန်ပျူတာ ပရိုဂရမ်သမား တစ်ယောက်သည် အီလက်ထရောနစ် နည်းပညာ၊ ယုတ္တိ တန်သော တွေးခေါ်မှု ပိုင်းဆိုင်ရာ နှင့် သင်္ချာနည်းပညာ ကို အခြေခံ နှင့် အထက် တတ်မြောက်ထား မှ သာလျှင် အထစ်အငေါ့ မရှိ အဆင်ချော မည်သာ ဖြစ်သည်။ လူ၏ စိတ်ခံစားမှု စဉ်းစားတွေးခေါ်မှုများကို ပုံဖော်ခြင်း ဖြစ်သည့်အတွက် လူ့စိတ်ကဲ့ သို့ ပြောင်းလွယ် ပြင်လွယ် ဖြစ်နိုင်စွမ်း ရှိသည်။ ဆိုလိုသည်မှာ ပရိုဂရမ်အား စတင်လေ့လာ လိုက်စားသည်နှင့် တပြိုင်နက် မိမိသင်ထားသော အကြောင်းအရာများကို ပုံသေ မမှတ်စေလိုခြင်း ဖြစ်သည်။ ထပ်မံ၍ ရှင်းလင်းရသော် ဥပမာ။ ။ ပရိုဂရမ် တစ်ပုဒ် ၌ a=100; ဟု ရေးထားလျှင် a ၏ တန်ဖိုးသည် တစ်ရာ နှင့် ညီသည်။ သို့သော် a ၏ တန်ဖိုးသည် အမြဲတမ်း တစ်ရာ နှင့် မညီကြောင်း သိရှိထားရမည်။ a သည် ပထမ အခြေအနေတွင် တစ်ရာ နှင့် ညီထားသောလည်း ပရိုဂရမ်အရ ဒုတိယအခြေအနေတွင် တစ်ထောင် ၊တစ်သောင်း ၊တစ်သိန်း၊ တစ် စသည့် တန်ဖိုးများအဖြစ်လည်း ရောက်ရှိသွားနိုင်သည်။ ပရိုဂရမ် ၏ လိုလားချက် အရ ကိန်းရှင် ဖြစ်သော a ၏ တန်ဖိုးကို လိုအပ်သလို လှည့်စားပြောင်းလဲတွက်ချက်နိုင် ခြင်းကို ဆိုလိုသည်။ ရင်းမြစ် |
Portal di Ensiklopedia Dunia