ပါထန်း

ပူး

ပါထန်း
ချင်းပြည်ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၄
ခန့်အပ်သူချင်းပြည်ကောင်စီ
ယခင်လူဆလိုင်းလျန်လွယ် (ချင်းပြည်နယ်၏ ဝန်ကြီးချုပ် အဖြစ်)
ချင်းပြည်နယ် လွှတ်တော်၏ မတူပီမြို့နယ် ကိုယ်စားလှယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမတူပီမြို့နယ်ချင်းပြည်နယ်

ပူးပါထန်း (အင်္ဂလိပ်: Pu Pa Thang) သည် ချင်းလူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ကြေညာထားသော ချင်းပြည်တွင် ဝန်ကြီးချုပ်အဖြစ် ချင်းပြည်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ခန့်အပ်ထားသည်။[][][][][] သူသည် ချင်းပြည်နယ် လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၍ မတူပီမြို့နယ် (၁) မဲဆန္ဒနယ်၏ ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့သည်။[][]

ပညာရေး

ဦးပါထန်းသည် မန္တလေး ရတနာပုံတက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့သူဖြစ်ကာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်သည်။[]

နိုင်ငံရေးဘဝ

၂၀၀၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မတူပီခရီးစဉ်တွင် လိုက်ပါခဲ့ရာမှ စစ်အစိုးရက ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၂၀၁၃ ခုနှစ်တွင် မတူပီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မတူပီမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်လည်းကောင်း ရွေးကောက်ခံခဲ့ရသည်။[]

ချင်းပြည် ဝန်ကြီးချုပ်

တော်လှန်ရေးကာလတွင် ဖွဲ့စည်းလိုက်သော လွတ်မြောက်နယ်မြေတစ်ခု ဖြစ်သော ချင်းပြည်တွင် ချင်းပြည်ကောင်စီကို ဖွဲ့စည်းတည်ထောင်လိုက်ပြီး ယင်းကောင်စီက ချင်းပြည်အစိုးရ၏ ဝန်ကြီးချုပ် အဖြစ် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ခန့်အပ်တာဝန်ပေးခဲ့သည်။ []

ကိုးကား

  1. Chinland Council Forms New Government in Chin State – Khonumthung Media Group (in en-US) (2024-02-05)။ 2024-02-18 တွင် ပြန်စစ်ပြီး။
  2. Chinland Council announces formation of new government (in en-US) (2024-02-02)။ 2024-02-18 တွင် ပြန်စစ်ပြီး။
  3. Now၊ Myanmar (2024-02-05)။ New government forms in Chin State with key ministries controlled by CNF (in en-US)။ 2024-02-18 တွင် ပြန်စစ်ပြီး။
  4. Chinland Council appoints new government; US congressional caucus supports fight for democracy (in en-US) (2024-02-05)။ 2024-02-18 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ဝန်ကြီးဌာန ၁၄ ခုပါဝင်တဲ့ ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့စည်း (in my)။ RFA Burmese။ 2025-6-22 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-22 တွင် ပြန်စစ်ပြီး။
  6. 3 November 23--- MP. Pu Pa Thang (Matupi) (အင်္ဂလိပ်ဘာသာစကားဖြင့်)2024-02-18 တွင် ပြန်စစ်ပြီး
  7. Chin MP Zapi Nih Vice President Henry Van Thio Mee An Pe Dih Lo – THE CHINLAND POST (in en)။ 18 February 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-02-18 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁ "ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့စည်း၊ အဓိကနေရာတချို့ကို CNF ရယူ"၊ Myanmar Now၊ ၂ ဖေဖော်ဝါရီ ၂၀၂၄။ 
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya