မတူပီမြို့နယ်
မတူပီမြို့နယ် သည် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီခရိုင်တွင် တည်ရှိပြီး၊ ချင်းပြည်နယ်၏ ဒုတိယ မြို့တော်အဖြစ် လွန်ခဲ့သော နှစ်အနည်းငယ်က သတ်မှတ်ခြင်း ခံခဲ့ရသည်။ မတူပီမြို့နယ်တွင် မတူပီမြို့၊ ရေဇွာမြို့နှင့် လိုင်လင်းပီမြို့ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမှာာ မတူပီမြို့ ဖြစ်သည်။ မတူပီတွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၃၉,၀၈၆ ယောက်[၁] ဖြစ်သည်။ သမိုင်းကြောင်းလွတ်လပ်ရေးရအပြီး ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရသော အနိုင်ရပါတီမှ အမတ် သီရိပျံချီ ဦးဆန်နိမ်းသည် မတူပီအား မြို့နယ်ရရှိအောင်ကြိုးပမ်းရာမှ ၂၂.၃.၁၉၄၉နေ့တွင် မတူပီမြို့နယ်ဖြစ်လာခဲ့ပြီး နယ်ပိုင်ရုံးစိုက်ခဲ့သည်။၂၅.၅.၁၉၇၃တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနမှ မတူပီမြို့ကိုလည်းကောင်း၊၁၇.၉.၁၉၇၃တွင် ရပ်ကွက်၊ကျေးရွာအုပ်စုများဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့သည်။[၂]မတူပီမြို့နယ်သည် မင်းတပ်ခရိုင်လေးမြို့နယ်တွင် ပါဝင်ခဲ့ရာမှ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပလက်ဝမြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။ ထိုအကြောင်းကို ပြည်ထောင်စုလွှတ်တော်မှ ပြည်နယ်အစိုးရအား သဘောထားတောင်းခံသည်။ သို့သော် ပြည်နယ်လွှတ်တော်တွင် ပလက်ဝကို ခရိုင်အဆင့်မြှင့်ရန် သင့်မသင့် မဆွေးနွေးဘဲ မတူပီနှင့် ပလက်ဝမြို့နယ်များအနက် မည်သည့်မြို့နယ်ကို ခရိုင်အဆင့်မြှင့်ရန် မဲခွဲဆုံးဖြတ်ရာ မတူပီမှ ၁၁ မဲ၊ ပလက်ဝမှ ၉ မဲရရှိခဲ့သည်။ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၇ ခုနှစ် ဇွန်လတွင် မင်းတပ်ခရိုင်ကို မူလ ၄ မြို့နယ်မှ မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ ပါဝင်သော မင်းတပ်ခရိုင်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ပါဝင်သော မတူပီခရိုင်အဖြစ် ခရိုင်(၂)ခုပြောင်းလဲဖွဲ့စည်းခြင်းကို မှတ်တမ်းတင်ရန် ပြည်ထောင်စုလွှတ်တော်ထံသို့ အကြောင်းကြားခဲ့သည်။ ထို့ကြောင့် မတူပီမြို့နယ်မှာ မင်းတပ်ခရိုင်မှ မတူပီခရိုင်အတွင်း ပါဝင်လာခဲ့သည်။[၃][၄][၅] ပထဝီဝင်အနေအထားမြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၅ မိနစ်နှင့် ၂၂ ဒီဂရီ ၁၅ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၄မိနစ်နှင့် ၉၅ ဒီဂရီ ၁၅ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင် ၄၇၊ တောင်မှမြောက်သို့ ၆၈ မိုင်ရှိပြီး ၂၃၁၆.၈၁ စတုရန်းမိုင် ကျယ်ဝန်းသည်။[၆] နယ်နိမိတ်မတူပီမြို့နယ်၏ အရှေ့ဘက်တွင် မကွေးတိုင်းရှိ ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်၊ အရှေ့တောင်ဘက်တွင် မင်းတပ်မြို့နယ်၊ အနောက်ဘက်တွင် ပလက်ဝမြို့နယ်၊အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် ထန်တလန်မြို့နယ်များ တည်ရှိသည်။ လူဦးရေမတူပီမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာနှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မတူပီမြို့နယ် အတွင်း၌ နေထိုင်ကြသော ဌာနေလူမျိုးစုများမှာ
ပညာရေးအခြေခံပညာအထကအထက်တန်းကျောင်း ၈ကျောင်းရှိသည်။
အထက(ခွဲ)/အလက
*အလက တောင်ဘူ
အမကမူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၃၇ကျောင်းရှိသည်။ အထင်ကရ ပုဂ္ဂိုလ်များ
ကိုးကား
|
Portal di Ensiklopedia Dunia