ပါဒစက်တော်ရာဘုရား

ပါဒစက်တော်ရာဘုရား
ပါဒစက်တော်ရာဘုရား သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပါဒစက်တော်ရာဘုရား
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာစက်တော်ရာတောင်တော်၊ ပုလောမြို့မြန်မာနိုင်ငံ
ကိုဩဒိနိတ်12°49′20″N 98°44′17″E / 12.82229°N 98.738175°E / 12.82229; 98.738175ကိုဩဒိနိတ်: 12°49′20″N 98°44′17″E / 12.82229°N 98.738175°E / 12.82229; 98.738175
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
Sectထေရဝါဒ ဗုဒ္ဓဘာသာ
အုပ်ချုပ်မှုပါဒစက်တော်ရာဂေါပကအဖွဲ့
အသေးစိတ်
ပင်လယ်ရေ အမြင့်၄,၂၈၀ ft (၁,၃၀၅ m)

ပါဒစက်တော်ရာဘုရားသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ပုလောမြို့နယ်ပလမြို့၊  စက်တော်ရာကျေးရွာ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး နံဘေးတွင်တည်ရှိကာ ပလစက်တော်ရာဟု လူသိများခဲ့သော ကမ္ဘာလှတောင် စက်တော်ရာဘုရားသည် ပလမြို့အနောက်ဘက် (၂)မိုင်ခန့်ကွာဝေးပြီး ပုလောမြို့နယ် တောင် ဘက် (၁၆)မိုင်ခွဲခန့် ကွာဝေး၍ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၄၂၈၀)ခန့်ရှိတည်ရှိသည်။

ဒေသသမိုင်းအကျဉ်း

သမိုင်းမှတ်တမ်းများအရ ကမ္ဘာလှတောင်ကို ရသေ့တောင်ဟု အမည်တွင်ခဲ့ရာမှ မြတ်ဗုဒ္ဓ၏ ခြေတော်ရာကို စတင်တွေရှိခဲ့သည့်အချိန်မှစ၍  ဒေသခံများက စက်တော်ရာတောင်ဟူ၍လည်းကောင်း၊ ဘုရားတောင် ဟူ၍ လည်းကောင်း ခေါ်တွင်လာကြရာမှ တောင်ခြေအနီး၌ နေထိုင်ကြသော ကရင်လူမျိုးများက ကမ္ဗလတောင်ဟု ခေါ်ဆိုကြသည်။ တောင်နှင့်မြောက် စီးဆင်းနေသော ချောင်းကိုအစွဲပြု၍ ကမ္ဗလတောင်ဟုခေါ်တွင်လာရာမှ ယခုအခါ ကမ္ဘာလှတောင်ဟူ၍ အဆင့်ဆင့် အမည်ခေါ်တွင်လာခဲ့သည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya