ပလမြို့
ပလမြို့သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ ပုလောမြို့နယ်တွင် ပါဝင်သော မြို့တစ်မြို့ ဖြစ်သည်။[၁] ယခင်က ပုလောမြို့နယ်ရှိ ရွာတစ်ရွာဖြစ်ပြီး ယခုအခါ တိုကျေးရွာ အုပ်စုတွင် သင်္ကန်း တောရွာ၊ တန်းရှင်းရွာ၊ ပိတပ်ရွာ၊ တိုကျေးရွာ (၄)ရွာအနက်မှ တိုကျေးရွာအား အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်ဟူ၍ လည်းကောင်း၊ ပလကျေးရွာအုပ်စုတွင် မင်းပြင်ရွာ၊ ဘိုင်းပြင် ရွာ၊ တလင်းမိုတောင်ရွာ၊ ပလရွာ (၄)ရွာအနက်မှ ပလကျေးရွာအား အမှတ်(၃)ရပ်ကွက် နှင့် အမှတ်(၄) ရပ်ကွက် ဟူ၍လည်းကောင်း၊ စုစုပေါင်း ရပ်ကွက်(၄)ရပ်ကွက် ပေါင်းစည်းပြီး ပလမြို့အဖြစ် ပြည်ထဲရေး ဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၂၀/၂၀၁၆) ဖြင့် (၂၅.၂.၂၀၁၆) ရက်နေ့တွင် ပလမြို့အဖြစ် ဖွဲ့စည်း သတ်မှတ် အတည်ပြု လိုက်ခြင်းဖြစ်သည်။ ဒေသသမိုင်းအကျဉ်းပလမြို့တည်ရှိရာနေရာသည် တိုကျေးရွာနှင့် ပလကျေးရွာ တို့ အားစုပေါင်း၍ ပလမြို့ အဖြစ် ဖွဲ့စည်းခဲ့ရာ တိုကျေးရွာသည် (၁၇၅၂) ခုနှစ်အချိန်ခန့်က အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သည် ယိုးဒယားသို့ စစ်ချီသွားရာတွင် တို ကျေးရွာ၌ ယိုးဒယားတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ယိုးဒယားတပ် ၏ လက်ချက်ဖြင့် တပ်မှူးတစ်ဦး၏ လက်တစ်ဖက် ပြတ်သွား ခဲ့ရာမှ ငလက်တိုရွာဟုအမည်တွင်ပြီး နှစ်ကာလ ရွေ့လျား လာခဲ့ရာမှ တိုရွာဟု ဖြစ်ပေါ်လာခဲ့ကြောင်းနှင့် ပလကျေးရွာသည် (၁၇၆၀) ခုနှစ်ခန့်က ပုလောမြို့ (ယခင်) ပူရိယက္ခမြို့၏ အခွန် အခဆက်သ၍ အုပ်ချုပ်မှု အောက်တွင်ရှိခဲ့ပြီး ပူရိယက္ခမြို့စားများ လာရောက် လည်ပတ်ခဲ့သည့် ရွာတစ်ရွာဖြစ်ခဲ့ရာ ၎င်းပလရွာရှိ မိန်းမများသည် လှပကြော့ရှင်းသဖြင့် မြို့စား၊ နယ်စား များမှ မလှရွာဟုအမည်တွင်ခဲ့ပြီး နှစ်ကာလရှည်လျားလာသည့်အခါ ပလရွာဟုခေါ်တွင်ခဲ့သည် ပလမြို့ရေနက်ဆိပ်ကမ်း(ဗိုလ်တဲ) သည် ၂၄နာရီ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းအသစ်ဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia