ပိုင်စိုးဝေ
၁၉၄၇ ခုနှစ်တွင် မြင်းခြံ ခရိုင်၊ တောင်သာ မြို့နယ်၊ အောင်သာရွာ၌ အဖ ဦးတင်၊ အမိ ဒေါ်ရွှေမိတ် တို့မှ မွေးဖွား ခဲ့သည်။ ငယ်စဉ်က အောင်သာရွာ မူလတန်း ကျောင်းနှင့် တောင်တွင်းကြီး အမှတ် (၂) အစိုးရ အထက်တန်း ကျောင်းများတွင် ပညာ သင်ကြား ခဲ့သည်။ မန္တလေး တက္ကသိုလ် (စာပေးစာယူ) ဖြင့် ဝိဇ္ဇာ (မြန်မာစာ) ဘွဲ့ ရရှိ ခဲ့သည်။ မန္တလေးမြို့၊ ပန်တျာ ကျောင်းတွင် ကဗျာ နည်းပြ အဖြစ် တာဝန် ထမ်းဆောင် နေဆဲ ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် ဆောင်းဦးပန်း မြို့နယ် မဂ္ဂဇင်းတွင် ‘မွေးနေ့’ စာမူ လက်ရာဖြင့် စာပေ လောကသို့ စတင် ခြေချ လာသည်။ နောက် မဂ္ဂဇင်း များတွင် ကဗျာ၊ ဝတ္ထုတိုများ ရေးသားရင်း ‘သိန်းစွန်ငှက် အပြန်လမ်း’နှင့် ‘နေရောင်ခြည်နှင့် တွေ့ဆုံခြင်း’ (ကဗျာရှည် စာအုပ်များ) ကိုလည်းကောင်း၊ ‘ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာ’ ဝတ္ထုတို လုံးချင်းနှင့် ‘လင်းနို့၏ မှတ်စု’ ဝတ္ထုတို လုံးချင်းများ ကိုလည်းကောင်း ထုတ်ဝေ ခဲ့သည်။ ၁၉-၉-၂၀၂၀ ရက်နေ့တွင် ကွယ်လွန်သည်။
ငယ်အမည် - မောင်ဗိုလ်တူ (ခ) မောင်ထွန်းသိန်း မွေးသက္ကရာဇ်- ၁၇၊ ၈၊ ၁၉၄၄ (၁၃ဝ၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက်) စနေနေ့။ ကလောင်အမည် - နေမင်းပိုင်စိုး ပိုင်စိုးဝေ အဖအမည်- ဦးတင် အမိအမည် - ဒေါ်ရွှေမိတ် ဇာတိ - မြင်းခြံခရိုင်။ တောင်သာမြို့နယ်၊ အောင်သာ ကျေးရွာ။ ငယ်စဉ်အခါ အောင်သာရွာ၊ ပြည် တော်သာကျောင်းမှာ ကိုရင်ဘဝဖြင့် ပညာသင် ကြား။ - ၁၉၆၆ မန္တလေးရောက်။ - ၁၉၇ဝ၊ ပန်တျာကျောင်းတွင် ညစောင့်အလုပ် လုပ်ရင်း ၁၀ တန်းစာမေးပွဲဖြေ။ - ၁၉၇၄ တိုင်းရင်းဆေးသိပ္ပံတွင် လက်ထောက် စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းခဲ့။ - ၁၉၈၃ ဝိဇ္ဇာ (မြန်မာစာ) ဘွဲ့ရ။
ထုတ်ဝေပြီးစာအုပ်များ - ၂၀၀၇ အငြိမ်းစားယူ။ - အီကွေတာအော်သံ (ပိုင်သနှင့် တွဲ) -နေရောင်ခြည်နှင့် တွေ့ဆုံခြင်း -ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာ (ဒုတိယအကြိမ် ဖြည့်စွက်) သိန်းစွန်ငှက် အပြန်လမ်း လင်းနို့၏မှတ်စု ဣတ္ထိယတောင်တန်း မူးနေတဲ့ ကြယ် အစိမ်းရောင်မြစ်သို့ တမ်းချင်း ကိုဘိုတူ၏ ဖြောင့်ချက်များ
ကိုးကား |
Portal di Ensiklopedia Dunia