ပိုင်လူမျိုး
ပိုင် သို့မဟုတ် ပါအိပ် ( ပိုင် : Baipho, /pɛ̰˦˨xo̰˦/ (白和); အသံထွက်[pɛ̀tsī] )သည် အရှေ့အာရှလူမျိုးစုတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံရှိ ဌာနေတိုင်းရင်းသားဖြစ်သည်။ ၎င်းတို့သည် တရုတ်နိုင်ငံမှတရားဝင်အသိအမှတ်ပြုထားသော လူမျိုးစု ၅၆ ခုအနက် တစ်ခုဖြစ်သည်။ ၂၀၁၀ခုနှစ်လူဦးရေစာရင်းအရ ပိုင်လူမျိုးဦးရေ ၁.၉၃၃.၅၁၀ဦးရှိသည်။ [၂] အမည်များပိုင်လူမျိုးများသည် အဖြူရောင်ကို အလေးအမြတ်ထားသဖြင့် မိမိတို့ကိုယ်ကို "Baipzix" ( pɛ˦˨ tsi˧, Baizi, 白子), "Bai'ho" ( pɛ˦˨ xo˦, Baihuo, 白伙), "Bai yinl" ( pɛ˦˨ ji˨˩, Baini, 白尼) သို့မဟုတ် "Miep jiax" ဟု ခေါ်ဆိုကြသည်။ ပိုင်လူမျိုးသည် တရုတ်ဘာသာတွင် 'လူဖြူ'ဟု အဓိပ္ပာယ်ရသည်။ ၁၉၅၆ ခုနှစ်တွင် တရုတ်အာဏာပိုင်များက သူတို့ကိုပိုင်လူမျိုးဟု သတ်မှတ်လိုက်ပါသည်။ တည်နေရာ![]() ပိုင်လူမျိုးများသည် အများအားဖြင့် ယူနန် ( တာလီဒေသ)နှင့်အိမ်နီးချင်း ကွေ့ကျိုး ( ပိကျယ် ဒေသ)၊ ဟူနန်( သင်ကြီးဒေသ) တို့တွင်နေထိုင်ကြသည်။ လူဦးရေ (၂) သန်းအနက် ၈၀ ရာနှုန်းသည်ယူနန်ပြည်နယ် ရှိ တာလီပိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တွင်နေထိုင်ကြသည်။ ဘာသာစကား၂၀၀၃ခုနှစ်ခန့်မှန်းခြေ ကောက်ယူထားသောစာရင်းအရ ပိုင်ဘာသာစကားကို ပိုင်လူမျိုး (၁,၂၄၀,၀၀၀)ခန့်အပြင် ၎င်းနှင့်ဆက်နွယ်သည့် လူမျိုးစုအနွယ် အားလုံးတွင်ပြောဆိုကြသည်။ အချိန်ကြာမြင့်စွာ တရုတ်ဘာစကားလွှမ်းမိုးမှုကြောင့် ပိုင်ဘာသာစကား၏ မူလရင်းမြစ်ကို ရှာဖွေရန်ခက်ခဲနေပါသည်။ဤကိစ္စသည် ပညာရှင်များအကြား အငြင်းပွားစရာတစ်ခုဖြစ်သည်။ ထိုဘာသာကို ရှေးတရုတ်စာနှင့် ညီအစ်မစာ သို့မဟုတ် သီးခြားအုပ်စုတစ်ခု (များသောအားဖြင့် တရုတ် - တိဘက် မိသားစုတွင်ပါဝင်သည် )ဟု အဆိုပြုထားသည်။[၃] ပိုင်တို့သည် သူတို့ကိုယ်သူတို့ ပိုင်ဇိ၊ ပိုင်နိ သို့မဟုတ် ပိုင်ဟွော်ဟု ခေါ်ဆိုကြလေ့ရှိသည်။ ၎င်းတို့တွင် ဟန်စကားလုံး မင်ကျာ(တာလီမှ ပိုင်တို့ကို ခေါ်ဝေါ်သောအမည်) အပါအဝင် အခြားနာမည် ၆၀လုံး ရှိပါသေးသည်။ တန်နှင့် ဆောင်မင်းဆက်လကါထက်၌ ပိုင်ကို တရုတ်အရေးအသားဖြင့်ရေးသားခဲ့ခြင်းနည်းတူ ဂျပန်စာ၌လည်း တရုတ်စာလုံးများကို Man'yōgana (万叶假名) ဂျပန်ရေးသားဖို့ရန် အသုံးပြုခဲ့ကြသည်။ လက်တင်အခြေပြုအရေးအသားစနစ်ကို ၁၉၅၇ ခုနှစ်တွင်တီထွင်ခဲ့သည်။ ထင်ရှားသောပိုင်လူမျိုးများ
ကိုးကား
ရင်းမြစ်များ |
Portal di Ensiklopedia Dunia