ပုပ်ရဟန်းမင်းကြီး လီယို ၁၄

ပုပ်ရဟန်းမင်းကြီး

လီယို ၁၄
ရောမမြို့၏ ဂိုဏ်းအုပ်ဆရာတော်
သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် တွေ့ရသော ပုပ်လီယီု ၁၄ (၁၂ မေ ၂၀၂၅)
ဂိုဏ်းအုပ်သာသနာရောမမြို့ ဂိုဏ်းအုပ်နယ်မြေ
ပုပ်ရဟန်းမင်းရာထူးစတင်ခြင်း၂၀၂၅ မေ ၈
ယခင်လူဖရန်စစ်
ယခင်တာဝန်ယူခဲ့သည်များ
အမှုတော်ဆိုင်ရာရာထူးများ
သိက္ခာတော်တင်ခြင်း၁၉၈၂ ဇွန် ၁၉
သိက္ခာတင်ပေးသူ:Jean Jadot
ဘိသိက်မင်္ဂလာတင်ခြင်း၂၀၁၄ ဒီဇင်ဘာ ၁၂
ဘိသိက်မင်္ဂလာတင်ပေးသူ: James Patrick Green
ကာဒီနယ်အမတ်တင်မြှောက်ခြင်း၂၀၂၃ စက်တင်ဘာ ၃၀
တင်မြှောက်သူ: ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ
မွေးဖွား
ရောဘတ် ဖရန်စစ် ပရီဗို့စ်

(1955-09-14) ၁၄ စက်တင်ဘာ၊ ၁၉၅၅ (အသက် ၆၉)
ရှီကာဂိုမြို့, အမေရိကန်ပြည်ထောင်စု
နိုင်ငံသားအမေရိကန်၊ ပီရူး
ဂိုဏ်းဂဏကက်သလစ်
ဆောင်ပုဒ်In illo Uno unum (လက်တင်)
In Him, who is one, we are one (အင်္ဂလိပ်)
"တစ်ပါးတည်းဖြစ်သော ခရစ်တော်၌ ကျွန်ုပ်တို့သည် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။"
လက်မှတ်လီယို ၁၄'s signature
အမှတ်တံဆိပ်လီယို ၁၄'s coat of arms

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (လက်တင်: Papa Leo XIV, လူအမည်: ရောဘတ်ပရီဗို့စ်, မွေးဖွား - ၁၄ စက်တင်ဘာ ၁၉၅၅) သည် ၂၀၂၅ ခုနှစ် မေ လ ၈ ရက်မှစ၍ ဗာတီကန် မြို့ပြနိုင်ငံ ၏ အချုပ်အခြာအာဏာပိုင်နှင့် ရိုမန်ကက်သလစ်အသင်းတော် ၏ ၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းကြီး ဖြစ်သည်။ သူသည် မြောက်အမေရိကမှ မွေးဖွားသော ရွေးကောက်တင်မြှောက်ခံရသည့် ပထမဆုံး ပုပ်ရဟန်းမင်းဖြစ်ပြီး ပထမဆုံး ပီရူးနိုင်ငံသားပုပ်ရဟန်းမင်းလဲဖြစ်သည်။[] သူသည် Order of Saint Augustine - OSA စိန့်ဩဂတ်စတင်းအသင်းဂိုဏ်းမှာ သတ္တမမြောက် ပုပ်ရဟန်းမင်းကြီးဖြစ်သည်။[]

ဘဝအစောပိုင်း

အမေရိကန်ပြည်ထောင်စု၊ အီလီနွိုင်းပြည်နယ်ချီကာဂိုမြို့မှာ ၁၉၅၅ စက်တင်ဘာလ ၁၄ ရက်နေ့မှာ မိခင်ဖြစ် စာကြည့်တိုက်မှူး Mildred Martinez နှင့် ဖခင်ဖြစ် Brookwood ကျောင်းခရိုင်အုပ်ကြီး Louis Marius Prevost တို့မှ မွေးဖွားခဲ့၍ ရောဘတ် ဖရန်စစ် ပရီဗို့စ် (အင်္ဂလိပ်: Robert Francis Prevost) အမည်ရခဲ့သည်။[] သူ၏ဖခင်မှာ အီတလီနှင့် ပြင်သစ်နွယ်ဖွားဖြစ်ပြီး အမေရိကန်ရေတပ်မှ စစ်ပြန်တစ်ဦးဖြစ်ခဲ့သည်။ [] သူ၏မိခင်မှာ အာဖရိကန်၊ ပြင်သစ်နှင့် စပိန်နွယ်ဖွား လူဝီစီယားနားခရီယိုးလးမျိုးမိဘများ၏ သမီးဖြစ်ခဲ့သည်။ Louis နှင့် John ခေါ် အစ်ကိုနှစ်ယောက် ရှိသည်။[]

သူသည် ပီရူးနိုင်ငံသို့ ၁၉၈၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ စီရင်စုနယ် သင်းအုပ်ဆရာ၊ ဒိုင်ယာရီအရာရှိ၊ ကျောင်းဆရာနှင့် အုပ်ချုပ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ပီရူးတွင် ၂၀၁၅ မှ ၂၀၂၃ ခုနှစ်အထိ ချီကလာယိုမြို့၏ ဘိရှော့ ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး 2001 ခုနှစ်မှ 2013 ခုနှစ်အထိ စိန့်သြဂတ်စတင်းအသင်းဂိုဏ်း (Order of Saint Augustine)၏ အထွေထွေအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အမိန့်အရ ၂၀၂၃ ခုနှစ်တွင် ကာဒီနယ်ရဟန်းအမတ်အဖြစ် ချီးမြှင့်ခန့်အပ်ခံခဲ့ရသည်။ ဗာတီကန်အစိုးရအဖွဲ့၊ ရောမန်ကူရာ (Roman Curia) ၏ Dicastery for Bishops (ဘိရှော့ဆရာတော်များ ရာထူးဝန်အဖွဲ့) ၏ ဌာနမှူး (ဝန်ကြီးအဆင့်) တစ်ပါးအဖြစ် ခန့်အပ်ခံခဲ့ပြီးအဖြစ် တာဝန်းထမ်းဆောင်စဉ် အလားအလာရှိသော ပုပ်ရဟန်းမင်းကြီးဖြစ်နိုင်သူ ၁ ပါး အရေးအကျဉ်းကို မြှင့်တင်ပေးသည့် ထင်ရှားသောအခန်းကဏ္ဍတစ်ခုဖြစ်သည့်။[][]

ပုပ်ရဟန်းမင်းကြီး တာဝန်ထမ်းဆောင်ခြင်း (၂၀၂၅ မှ လက်ရှိ)

၂၀၂၅ ခုနှစ် မေလ ၈ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး ရွေးချယ်တင်မြှောက်ပွဲ၊​ ဒုတိယနေ့တွင် ပရီဗို့စ် ကို မြောက်အမေရိကမှ ပထမဆုံး ပုပ်ရဟန်းမင်းကြီးအရ ရွေးချယ်ခံရသည်။ သူသည် ပုပ်ရဟန်းမင်း လီယို ၁၃ ၏ အမည်ကို ယူ၍ လီယို ၁၄ ဘွဲ့တော်နာမံကို ရွေးချယ်လိုက်တယ်ပြီး ရွေးကောက်ပွဲအပြီး တစ်နာရီခန့်အကြာတွင် အမြင့်ဆုံးအဆင့် ကာဒီနယ်တယောက်ဖြစ်တဲ့ ဒိုမစ်နစ် မန်ဘာတီ က ကြေညာခဲ့ပါတယ်။[]

လီယိုသည် စုဝေးနေသော လူအုပ်ကို နှုတ်ဆက်ရန် ပေါ်လာခဲ့သည်။ ရိုးရှင်းသော အဖြူရောင် ၀တ်စုံကို ဝတ်ဆင်ရန် ရွေးချယ်ခဲ့သော ဖရန်စစ် နှင့် မတူဘဲ papal mozetta ခေါ် ရိုးရာဝတ်ဆင်နှင့် ထွက်ပေါ်လာခဲ့သည်။ ပြီးနောက် လီယိုသည် ပထမဆုံးမိန့်ခွန်းကို အီတလီနှင့် စပိန်ဘာသာစကားဖြင့် ဟောပြောခဲ့ပြီး လက်တင်ဘာသာဖြင့် Urbi et Orbi ကောင်းချီးဆုတောင်းပေးခဲ့သည်။[] ဗာတီကန်အစိုးရမှ သူ့ကို စိန့်သြဂတ်စတင်းအသင်းဂိုဏ်၏ ပထမဆုံး ပုပ်ရဟန်းမင်းကြီးနှင့် အမေရိကတိုက်မှ ဒုတိယ ပုပ်ရဟန်းမင်းအဖြစ် ဖော်ပြခဲ့သည်။[]

အယူဆများ

၂၀၂၅ ခုနှစ် ဧပြီလတွင် အီတလီသတင်းစာ La Repubblica က ပရီဗို့စ် သည် လူမျိုးစွဲ၊ နိုင်ငံစွဲ မထားပြီး အသင်းတော်အတွင်း အားလုံးအလေးမြတ်သောသူ ဖြစ်ကြောင် ဖော်ပြခဲ့သည်။[] ပရီဗို့စ် သည် ဇီဝိန်ခြွေပေးခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းနှင့် သေဒဏ်ပေးခြင်းကို ဆန့်ကျင်သည်။[၁၀] ပီရူးနိုင်ငံ ချီကလာယိုမြို့ ဘိရှော့ဆရာတော်ဖြစ်စဉ် ဗင်နီဇွဲလား ဒုက္ခသည်များကို ထောက်ပံ့ပေးခဲ့သည်။[၁၁] တွစ်တာ ဆိုရှယ်မီဒီယာပေါ်မှာ George Floyd အား စာနာကြောင်းဖော်ပြပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် နှင့် ဒုသမ္မတ ဂျေဒီဗန့်စ် လက်ထက်က အမေရိကန် လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ဝေဖန်ခဲ့သည်။[၁၂] မဲဆန္ဒရှင်စာရင်းသွင်းခြင်းမှတ်တမ်းများအရ ပရီဗို့စ် သည် ၂၀၀၈ နှင့် ၂၀၁၀ မှ ဒီမိုကရက်တစ်ပါတီ အခြေခံအဆင့်ရွေးကောက်ပွဲများ နှင့် ၂၀၁၂ ၂၀၁၄ နှင့် ၂၀၁၆ ရီပတ်ဘလစ်ကန်ပါတီ အခြေခံအဆင့်ရွေးကောက်ပွဲများတွင် ပါဝင်မဲပေးခဲ့သောလဲ နိုင်ငံရေးပါတီစာရင်းများမှာ မသွင်းဖူးပါ။[၁၃]

ပရီဗို့စ်ကို အလယ်အလတ်ဗဟိုဝါဒီအယူဆအဖြစ် ရှုမြင်ကြပါသည်။၂၀၂၃ ခုနှစ် မေလတွင်၊ ပရီဗို့စ်က ခရစ်ယာန်ခေါင်းဆောင်များသည် အုပ်ချုပ်ရေးအပေါ် ယုံကြည်ရေးကို ဦးစားပေးသင့်သည်ဟု ပြောကြားခဲ့သည်။ ရာသီဥတုပြောင်းလဲမှုကို ရပ်တန့်ရန် အသင်းတော် ပိုမို အရေးယူဆောင်ရန် ထောက်ခံခဲ့သည်။ "သဘာဝတရားအပေါ် အုပ်စိုးခြင်း" သည် "ရက်စက်ကြမ်းကြုတ်သော" မဖြစ်သင့်ကြောင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။[၁၄] ၂၀၂၃ ခုနှစ်မျာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အမျိုးသမီး ၃ ဦးကို ဘိရှော့ဂိုဏ်းထောက်ဘုန်းတော်ကြီးအဖွဲ့ (diaconate of bishops) သို့ခန့်ပြီးနောက် ပရီဗို့စ်သည် အမျိုးသမီးများအား ဤသို့ ခန့်အပ်ခြင်းသည် ပြဿနာအသစ်များကို ဖန်တီးနိုင်ပြီ "လက်ရှိပြဿနာကို သေချာပေါက်မဖြေရှင်းပါ" ဟု မှတ်ချက်ချခဲ့သည်။[၁၅][၁၆]

ချီကလာယို ဘိရှော့ဆရာတော် ဖြစ်စဉ် ပရီဗို့စ်သည် ပီရူးကျောင်းသင်ရိုးညွန်းတမ်းတွင် "ကျားမရေးရာဝါဒ"ထည့်တွင်းမှုကို ဆန့်ကျင့်ရန် ဤသင်ရိုးညွန်းတမ်းက "မရှိသောကျားမအခေါ်ဝေါ်များ" ကို အားပေးနေသည်ဟု ပြောဆိုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အနှံ့အပြားပေါက်ရောက်ယဉ်ကျေးမှူ၏ "လိင်တူချစ်သူများနေထိုင်မှုပုံစံ" နှင့် လိင်တူမိသားစုများအတွက် စာနာခြင်းကို ဝေဖန်ခဲ့သည်။[၁၇] "ခရစ်တော်တရားတော် နှင့်ဆန့်ကျင်ဘက်ဖြစ်သော ယုံကြည်မှုများ နှင့်အလေ့အကျင့်အလေ့အထများကို စာနာခြင်း"ကို သံသယရှိ၍ Fiducia Supplycans ခေါ် လိင်တူဆက်ဆံသူများအတွက် ကောင်းချီးဆုတောင်ပေးခြင်းနှင့် ပတ်သက်သောအယူဝါဒကြေငြာချက်ကို အပြည့်အဝထောက်ခံခြင်းမပေးခဲ့ပါ။ နိုင်ငံအလိုပ် ဘိရှော့ဆရာတာ်များ၏ ညီလာခံများသည် ထိုညွှန်ကြားချက်များကို ဒေသဆိုင်ရာ ယဉ်ကျေးမှူကွဲပြားမှုများ အလိုက်အညှိစွာ အသုံးချသင့်သည်ဟု ပြောကြားခဲ့သည်။[၁၈]

ကိုးကား

  1. "Robert Prevost ကို ပုပ်ရဟန်းမင်းသစ်အဖြစ်ရွေးချယ်"၊ နိရဉ္စရာ၊ ၂၀၂၅ မေ ၆။ 
  2. ၂.၀ ၂.၁ "အမေရိကန်ကာဒီနယ်ကို ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်"၊ DVB၊ ၂၀၂၅ မေ ၈။ 
  3. ၃.၀ ၃.၁ FitzPatrick၊ Lauren။ "From Chicago's south suburbs to helping choose the next pope"၊ Chicago Sun Times၊ ၂၀၂၅ မေ ၃။ 
  4. "El abuelo del nuevo papa nació en la isla, cuando era identificada como Haití, dice genealogista Antonio Guerra" (in es)၊ Acento.com.do 
  5. White၊ Christopher (၂၀၂၆ ဧပြီ ၃၀)။ The first American pope? This cardinal has the best chance of making history in this conclaveNational Catholic Reporter။ ၂၀၂၅ မေ ၈ တွင် ပြန်စစ်ပြီး။
  6. U.S. cardinal's résumé, demeanor land him on 'papabile' listsAngelus (၂၀၂၅ ဧပြီ ၃၀)။ ၂၀၂၅ မေ ၈ တွင် ပြန်စစ်ပြီး။
  7. Wooden၊ Cindy (၂၀၂၅ မေ ၈)။ Breaking: Chicago native Cardinal Prevost elected pope, takes name Leo XIV။ ၂၀၂၅ မေ ၈ တွင် ပြန်စစ်ပြီး။
  8. Biography of Robert Francis Prevost, Pope Leo XIV (၂၀၂၅ မေ ၈)။ ၂၀၂၅ မေ ၈ တွင် ပြန်စစ်ပြီး။
  9. Aitken၊ Peter။ "What New Pope Leo XIV Has Said About LGBTQ+ Issues"၊ News Week၊ ၂၀၂၅ မေ ၈။ 
  10. "Cardenal Prevost en Xn antes de ser papa: apoyo a inmigrantes y críticas recientes a Vance" (in es)၊ ၂၀၂၅ မေ ၈။ 
  11. "Robert Prevost, cardenal de EE.UU. con nacionalidad peruana, es el nuevo Papa de la Iglesia católica con el nombre León XIV"၊ ၂၀၂၅ မေ ၈။ 
  12. Ramirez၊ Nikki McCann; Dickinson၊ Tim (၂၀၂၅ မေ ၈)။ "MAGA Melts Down Over New Pope's Anti-Trump, Pro-Immigrant Social Media"Rolling Stone |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  13. Navarro၊ Aaron (၂၀၂၅ မေ ၈)။ Pope Leo XIV voted in 2024 U.S. general election — here's which primaries he's voted in
  14. Burga၊ Solcyr (၂၀၂၅ မေ ၈)။ "Where Pope Leo Stands on Specific Issues"Time |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  15. Mares၊ Courtney။ "Cardinal at Synod on Synodality: 'Clericalizing Women' Will Not Solve Problems"၊ New Catholic Register၊ ၂၀၂၃ အောက်တိုဘာ ၂၆။ 
  16. Tornielli၊ Andrea (၂၀၂၃ မေ ၁၂)။ 'The bishop is a pastor not a manager'L'Osservatore Romano။ ၂၀၂၅ မေ ၈ တွင် ပြန်စစ်ပြီး။
  17. Rich၊ Motoko။ "There's Never Been a Pope From the U.S. Could This Cardinal Change That?"၊ The New York Times၊ 2025 မေ ၂။ 
  18. "Live: American Robert Francis Prevost elected pope and will be known as Pope Leo XIV"၊ ABC News၊ ၂၀၂၅ မေ ၉။ 
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya