ပျဉ်းမနားခရိုင်
ပျဉ်းမနားခရိုင် (အင်္ဂလိပ်: Pyinmana District) သည် နေပြည်တော် ပြည်ထောင်စုနယ်မြေ တွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ပျဉ်းမနားမြို့ ဖြစ်သည်။ ပါဝင်သော မြို့နယ်များသမိုင်းကြောင်းရမည်းသင်းခရိုင်သည် မန္တလေးတိုင်းတွင် ပါဝင်ဖွဲ့စည်းပြီး တိုင်း၏တောင်ဘက်အစွန်ဆုံး ခရိုင်ဖြစ်သည်။၂၀၀၆ခုနှစ်တွင် ရမည်းသင်းခရိုင်အတွင်းရှိ ကြပ်ပြေးအရပ်တွင် နေပြည်တော်ဟူ၍ မြို့တော်အသစ်တည်ခဲ့ပြီး အစိုးရရုံးများ ပြောင်းကာရုံးစိုက်ခဲ့သည်။၂၀၀၆ခုနှစ် ဖေဖော်ဝါရီလတွင် ရမည်းသင်းခရိုင်မှ တပ်ကုန်း၊ ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်များကို ခွဲထုတ်ကာ ပျဉ်းမနားခရိုင်ဟူ၍ တိုးချဲ့ဖွဲ့စည်းခဲ့သည်။၂၆.၁၁.၂၀၀၈ ရက်စွဲပါ အမိန့်စာဖြင့် မြို့နယ်(၃)ခုမှ နယ်မြေများကို ခွဲထုတ်ကာ ရပ်ကွက် (၁၆)ရပ်ကွက်၊ ကျေးရွာ (၂၀၂)ရွာဖြင့် နေပြည်တော်မြို့နယ်ဟူ၍ တိုးချဲ့ဖွဲ့စည်းခဲ့သည်။၂၈.၁.၂၀၀၉ ရက်စွဲပါ အမိန့်စာဖြင့် ပျဉ်းမနားခရိုင်ကို နေပြည်တော်ခရိုင်အဖြစ် ပြောင်းလဲခဲ့သည်။၂၆.၃.၂၀၀၉ခုနှစ်တွင် နေပြည်တော်မြို့နယ်အား သီရိ(၅)မြို့နယ် ထပ်မံပိုင်းခြားခဲ့ရာ ခရိုင်အတွင်း စုစုပေါင်း (၈)မြို့နယ်အထိ တိုးချဲ့ဖွဲ့စည်းခဲ့သည်။၂၀၁၁ခုနှစ် စနစ်သစ်စတင်ချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုနယ်မြေ ပေါ်ပေါက်လာခဲ့ပြီး ခရိုင်(၁)ခု၊ မြို့နယ် (၈)မြို့နယ်ပါဝင်သည်။၂၀၁၃ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် နေပြည်တော်ခရိုင်ကို ဥတ္တရခရိုင် (မြောက်ပိုင်း)နှင့် ဒက္ခိဏခရိုင် (တောင်ပိုင်း)ဟူ၍ ခရိုင်(၂)ခု ပြောင်းလဲဖွဲ့စည်းခဲ့သည်။[၁][၂] ၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ဒက္ခိဏခရိုင်မှ ပျဉ်းမနားနှင့် ဇမ္ဗူသီရိမြို့နယ်များကို ခွဲထုတ်ကာ ပျဉ်းမနားခရိုင်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia