နေပြည်တော်မြို့
နေပြည်တော် (အင်္ဂလိပ်: Nay Pyi Taw) သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးဆိုင်ရာမြို့တော်ဖြစ်ပြီး နေပြည်တော် ပြည်ထောင်စုနယ်မြေ ၌ တည်ရှိသည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို ရန်ကုန်မြို့မှ ပျဉ်းမနားမြို့၏ အနောက်ဘက် ၂ မိုင် (၃.၂ကီလိုမီတာ) ဝေးသော အစိမ်းရောင်ကွင်းပြင်နေရာသို့ တရားဝင်ပြောင်းရွေ့ခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၄၄၀ အရ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ ယခင်မြို့တော်ဟောင်း ရန်ကုန်မြို့၏မြောက်ဘက် ခန့်မှန်းခြေအားဖြင့် မိုင် ၂၀၀ မျှကွာဝေးသည်။ [၃] ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ သမ္မတအိမ်တော် နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့သည် နေပြည်တော်၌ တည်ရှိသည်။ နေပြည်တော်သည် ၂၄ နှင့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၊ တတိယကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၊ နဝမကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။ ဝေါဟာရ ရင်းမြစ်နေပြည်တော်ကို ယေဘုယျအားဖြင့် ဘာသာပြန်ဆိုရလျှင် “တော်ဝင်မြို့တော်”၊ “ဘုရင်နန်းစိုက်ရာ” သို့မဟုတ် “ဘုရင်နန်းစံရာ” ဖြစ်သည်။[၄] ဓလေ့ထုံးတမ်းအရ မင်းနေပြည်များ၏ နောက်ဆက်စကားလုံးအဖြစ် သုံးစွဲသည်။ ဥပမာအားဖြင့် မန္တလေးကို ရတနာပုံနေပြည်တော် (Yadanabon Naypyidaw) ဟုခေါ်ဆိုခဲ့သည်။ သမိုင်းမြို့တော်ကို နေပြည်တော်သို့ ပြောင်းရွေ့ခြင်းနေပြည်တော်ဟူ၍ ဖြစ်လာပြီးနောက်ပိုင်း နေပြည်တော်၏သမိုင်းသည် တိုတောင်းလှသော်လည်း နေပြည်တော်မြို့တော်တည်ထားသော ယခု လက်ရှိမြေနေရာများသည် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)၏ စစ်ဌာနချုပ်တည်ရှိခဲ့သောနေရာများဖြစ်သောကြောင့် ၎င်းမြေနေရာများ၏ သမိုင်းမှာ အလွန်ရှည်လျားလှသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ယိုးဒယားမှ ချီတက်လာပြီး ပျဉ်းမနား-လယ်ဝေးတွင် စစ်ဌာနချုပ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခု နေပြည်တော်မြို့တော်သည် ဗမာ့လွတ်လပ်ရေးအတွက် အစပြုခဲ့သော မြန်မာနိုင်ငံ၏ "အောင်မြေ" တွင် တည်ရှိနေခြင်းဖြစ်သည်။ နေပြည်တော်ကို ပျဉ်းမနားမြို့၏အနောက်ဘက် ၂ မိုင် (၃.၂ ကီလိုမီတာ ) အကွာတွင် တည်ထောင်ခဲ့သည်။ ရန်ကုန်မြို့ ၏မြောက်ဘက် ခန့်မှန်ခြေအားဖြင့် မိုင် ၂၀၀ (၃၂၀ ကီလိုမီတာ) အကွာတွင်တည်ဆောက်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။ အေးရှားဝေါလ် နှင့် ထူးလီမိတက် အပါအဝင် အနည်းဆုံး ဆောက်လုပ်ရေးကုမ္ပဏီ ၂၅ ခုကို စစ်အစိုးရမှ ငှားရမ်းခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်စေခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်းများအားလုံး ပြီးစီးမှုမရှိသေးသော်လည်း ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် အစိုးရအဖွဲ့များ နေပြည်တော်သို့ အဖွဲ့များခွဲ၍ စတင်ပြောင်းရွှေ့ခဲ့သည်။ ငါးရက် ကြာပြီးနောက် နိုဝင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီ တွင် စစ်တပ်ကုန်တင်ယာဉ် ၁၁၀၀ ပါသည့် ဒုတိယယာဉ်တန်းသည် အစိုးရဝန်ကြီးဌာန ၁၁ ခု ကိုတင်ဆောင်ပြီး ရန်ကုန်မြို့မှထွက်ခွါခဲ့သည်။ ဝန်ကြီးဌာနများအားလုံးကို ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် နေရာချထားပြီးဖြစ်ရန် မျှော်လင့်ခဲ့သည်။ သို့သော်လည်း ကတိုက်ကရိုက် ပြောင်းရွှေ့ခြင်းသည် ကျောင်းများနှင့် အခြားနေရာများ မပြည့်စုံခြင်းကိုဖြစ်စေပြီး၊ အစိုးရဝန်ထမ်းများကို ၎င်းတို့၏မိသားစုများနှင့် အချိန်အတိုင်းအတာ တစ်ခုအထိ ခွဲခွာခြင်းကို ဖြစ်စေခဲ့သည်။ အစိုးရသည် အစပိုင်းတွင် အစိုးရအလုပ်သမားများ၏ မိသားစုများအား နေပြည်တော်သို့ ပြောင်းရွှေ့ခြင်းကို တားဆီးခဲ့သည်။[၅] စစ်တပ်ဌာနချုပ်များသည် အစိုးရ ဝန်ကြီးဌာနများမှ ခွဲခြားသည့်နေရာတွင် ထားရှိသည်။ အရပ်သားများကို စစ်တပ်နှင့် အစိုးရ နေရာများသို့ ဝင်ရောက်ခြင်းကို ပိတ်ပင်ထားသည်။ အစိုးရရုံးများ အနီးရှိ စီးပွားရေးဇုန်အတွင်းသို့ ဈေးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။ အစိုးရအလုပ်များအတွက် အရာရှိများသည် အတိုကောက်အဖြစ် “နပတ” ဟုသုံးစွဲသည်။ ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက်တွင်၊ စစ်သည် ၁၂,၀၀၀ ကျော်သည် မြို့တော်အသစ်တွင် ပထမဆုံး လူထုဆောင်ရွက်လှုပ်ရှားမှုအဖြစ် ချီတက်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဂျပန်သိမ်းပိုက်မှုကို တော်လှန်ခဲ့သော နှစ်ပတ်လည်နေ့ဖြစ်သည့် တပ်မတော်နေ့ကိုဂုဏ်ပြုရန် ကြီးမားသည့် စစ်ရေးပြ ချီတက်ခြင်း ဖြစ်သည်။ ကွန်ကရစ် စစ်ရေးပြကွင်း အတွင်းသို့ ရုပ်ရှင်၊ ဗွီဒီယို၊ ဓာတ်ပုံရိုက်ခြင်းကို တားမြစ်ထားပြီး၊ ကွင်းထဲတွင် မြန်မာမင်းများဖြစ်ကြသည့် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရား တို့၏ကြီးမားသည့် ရုပ်တုကြီးသုံးခု ရှိသည်။ ထိုမင်းသုံးပါးကို မြန်မာ့သမိုင်းတွင် အရေးအကြီးဆုံးသောဘုရင်များအဖြစ် မှတ်ယူထားသည်။ မြို့၏အမည်ကို ထိုစစ်ရေးပြပွဲကျင်းပနေစဉ်အတွင်း တရားဝင်ခေါ်ဆိုခဲ့သည်။[၆] မြို့တော်၏တရားဝင်အမည် ကို ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက် မြန်မာ့တပ်မတော်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၀၉ ခုနှစ်စာရင်းအရ လူဦးရေ ၉၂၅,၀၀၀ရှိသည်။ မြို့၏နေရာအများအပြားသည် အစိုးရလူနေအဆောက်အဦးများ ဖြစ်သည်။ ၂၀၂၅ မြန်မာနိုင်ငံ ငလျင်ဒဏ်၂၀၂၅ ခုနှစ် စစ်ကိုင်းငလျင်ကြောင့် သမ္မတအိမ်တော်၊ လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စစ်ရုံးနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းအိမ်ရာများအထိ နေပြည်တော်၏ အစိတ်အပိုင်းများစွာပျက်စီးခဲ့ပါသည်။ ငလျင်ကြောင့် နေပြည်တော်ရှိ အစိုးရရုံးများသာမက စစ်ခေါင်းဆောင်များ၏ မဟာဗျူဟာဆိုင်ရာ စစ်ရေးအဆောက်အအုံများပါ ထိခိုက်ဖျက်ဆီးခံခဲ့ရသည်။ ထို့အပြင်၊ နေပြည်တော်အနီးတွင် ဆောက်လုပ်ရန် စီစဉ်ခဲ့သည့် နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ စစ်ရုံးအတွင်းရှိ လျှို့ဝှက်ကွပ်ကဲရေးဌာနချုပ်နှင့် နေပြည်တော်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံများ၏ လုံခြုံရေးစီမံကိန်းများကိုပါ ပြန်လည်စဉ်းစားရန် လိုအပ်သည့်အခြေအနေကို ဖြစ်စေခဲ့သည်။[၇] နေပြည်တော်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား၏ ၇၀% ခန့် ဖြစ်သော ဌာနဆိုင်ရာအဆောက်အအုံများ၊ ရုံးဌာနများ ငလျင်ကြောင့် ပျက်စီးခဲ့သည်။ ယင်းတွင် ရှေးဟောင်းသုတေသနပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်ကဲ့သို့သော ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံများလည်း ပါဝင်သည်။ [၈] မြို့တော်၏ မြို့ပြဖွဲ့စည်းပုံကို လက်ရှိတွင် ပြန်လည်သုံးသပ်ဆောင်ရွက်နေသည်။ လှုပ်ရှားသည့်ငလျင်ဖြစ်ပြီးနောက် မကြာမီကျင်းပခဲ့သည့် စစ်ကောင်စီအစည်းအဝေးအတွင်း၊ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နေပြည်တော်၏ မြို့ပြဖွဲ့စည်းပုံကို ပြန်လည်ဒီဇိုင်းရေးဆွဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆောက်အအုံများ များစွာပျက်စီးခြင်းသည် မြေညွန့်ခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြပြီး၊ အနာဂတ်အတွက် ဆောက်လုပ်မည့် အဆောက်အအုံများတွင် ငလျင်ဒဏ်ခံနိုင်စွမ်းရှိစေရန် အထူးအလေးပေးသင့်ကြောင်း ပြောကြားခဲ့သည်။ ဝန်ထမ်းအိမ်ရာများအပြင် သမ္မတအိမ်တော်၊ လွှတ်တော်၊ စစ်ဌာနချုပ်နှင့် ဝန်ကြီးဌာနအများအပြား ပါဝင်သည့် အရေးပသည့် အစိုးရအဖွဲ့အစည်းများလည်း လူမှုမီဒီယာများတွင် ကျယ်ပြန့်စွာ ဖြန့်ဝေသည့် ဓာတ်ပုံများအရ ပြင်းပြင်းထန်ထန် ပျက်စီးခဲ့ကြောင်း တွေ့ရသည်။ စစ်ကောင်စီမှ ဧပြီ ၃ ရက်နေ့အထိ နေပြည်တော်တွင် အသေဆုံးသူ ၅၁၁ ဦးရှိကြောင်း ကြေညာခဲ့သော်လည်း ထို့နောက် နေပြည်တော်၏ အသေဆုံးမှုအချိုးအစားကို ထုတ်ဖော်ကြေညာခြင်း မရှိသေးပေ။ သို့သော် ဒေသခံများက နေပြည်တော်ရှိ အစိုးရအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ၏ ၈၀ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း ခန့်မှန်းကြသည်။[၉] နေပြည်တော်မြို့သစ် ပြန်လည်တည်ဆောက်ရေး၊ မြို့ကွက်ပြန်လည်ချမှတ်ရေးနှင့် အဟောင်းများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား တာဝန်ပေးအပ်ပြီး၊ လက်ရှိတွင် ဗိုလ်ချုပ်ကြီးသည် နေပြည်တော်ပြန်လည်တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည်။[၁၀] နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောက်လုပ်ခဲ့သည့် ကုမ္ပဏီများအား နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ ဆက်သွယ်ရန် အကြောင်းကြားထားသည်။ အထူးဖွံ့ဖြိုးရေးစီမံကိန်းအရ တည်ဆောက်သည့် ရုံးဌာနများ၊ အထူးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများနှင့် အုပ်ချုပ်ရေးဆိုင်ရာအဆောက်အဦများအပါအဝင် အခြားအဆောက်အဦများတွင် တာဝန်ယူဆောက်လုပ်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အဆောက်အဦများပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်သည်။[၁၁] နေပြည်တော်သို့ ပြောင်းရွှေ့ခြင်း၏ အခြေခံအကြောင်းအရင်းနေပြည်တော်သည် မြန်မာပြည်၏ အလယ်ဗဟိုနားတွင်တည်ရှိပြီး မြန်မာတစ်နိုင်ငံလုံးကို အုပ်ချုပ်ရန်အတွက် နေရာကောင်းဖြစ်သည်။ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် ဗဟိုချက်မဖြစ်ပြီး၊ ရှမ်း၊ ကယားနှင့် ကရင်ပြည်နယ်တို့နှင့် ထိစပ်နေသည်။ အစိုးရအဖွဲ့ အနီးအနားတွင်တည်ရှိနေခြင်းဖြင့် ကာလရှည်ကြာစွာ မငြိမ်သက်ခဲ့သည့်ဒေသများကို တည်ငြိမ်မှုရှိလာစေရန် ထောက်ကူပေးနိုင်သည်။[၁၂] နေပြည်တော် မြို့တော်ပြောင်းရွှေ့ရခြင်းမှာ ရန်ကုန်မြို့သည် မြန်မာပြည်၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သဖြင့် လူဦးရေထူထပ်များပြားသောကြောင့်လည်းကောင်း၊ အစိုးရရုံးများနှင့် လူနေရပ်ကွက်များ ရောထွေးနေခြင်းကြောင့်လည်းကောင်း၊ မြို့အတွင်း စစ်တပ်ရှိနေခြင်းကြောင့်လည်းကောင်း၊ စသည်တို့အပြင် ဒီမိုကရေစီအသွင် ကူးပြောင်းရာတွင် လိုအပ်သည့် အခြေခံအဆောက်အအုံများ ရန်ကုန်မြို့တွင် စနစ်တကျမရှိခြင်းတို့ကြောင့် မြို့တော်သစ်သို့ ပြောင်းရွှေ့ အုပ်ချုပ်ခြင်းဖြစ်သည်။ ထို့အပြင် ယခုလက်ရှိ နေပြည်တော် တည်ရှိနေသော နေရာသည် ဗမာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ၏ စစ်ဌာနချုပ်တည်ရှိခဲ့ရာနေရာဖြစ်သည်။ နောင်အနာဂတ်များတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့်သက်ဆိုင်သည့် ဆွေးနွေးပွဲများ၊ အားကစားပြိုင်ပွဲများ စသည်တို့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ရန် ရည်ရွယ်သည့်အတွက် နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ယခုအခါ နေပြည်တော်တွင် နိုင်ငံတကာ အဆင့်မီသည့် အစိုးရဧည့်ဂေဟာများ၊ နိုင်ငံတကာ အဆင့်မီသည့် ဟိုတယ်များ စသည့် နိုင်ငံတကာနှင့် ဆက်ဆံရာတွင် မရှိမဖြစ် လိုအပ်သည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည်။ ဒီမိုကရေစီစနစ်အတွက် အလွန်ရေးပါသည့် လွှတ်တော်အဆောက်အအုံများလည်း ဆောက်လုပ်ပြီးစီးပြီဖြစ်ပြီး လက်ရှိအချိန်တွင် ယင်းလွှတ်တော် အဆောက်အအုံများအတွင်း လွှတ်တော်အစည်းအဝေးများ ကျင်းပပြုလုပ်နေပြီဖြစ်သည်။ ပထဝီအနေအထားနေပြည်တော်သည် ပဲခူးရိုးမတောင်တန်းနှင့် ရှမ်းရိုးမတောင်တန်း နှစ်ခုတို့၏အကြားတွင် တည်ရှိသည်။ တရားဝင်စာရင်းများအရ မြို့တော်သည် ၇၀၅၄.၃၇ စတုရန်းမိုင်ကျယ်ဝန်းပြီး၊ လူဦးရေ ၉၂၄,၆၀၈ ရှိသည်။ ချောင်းမကြီးဆည်သည် နေပြည်တော်၏မြောက်ဘက် ကီလိုမီတာအနည်းငယ်အကွာအဝေးတွင်ရှိပြီး၊ ငလိုက်ဆည်သည် မြို့၏တောင်ဘက် ကီလိုမီတာအနည်းငယ် အကွာတွင်ရှိသည်။ ရေဆင်းဆည်သည် မြို့၏ အရှေ့မြောက် ခပ်လှမ်းလှမ်းတွင်ရှိသည်။ မြောက်လတ္တီတွဒ် ၁၉° ၁၈' နှင့် ၂၀° ၂၅' အကြား ၊ အရှေ့လောင်ဂျီတွဒ် ၉၅° ၄၅' နှင့် ၉၆° ၄၅' အကြားတွင် တည်ရှိသည်။ နေပြည်တော်သည် ရန်ကုန်နှင့် ၃၂၀ ကီလိုမီတာ (၁၉၈ မိုင်) ၊ မန္တလေးမြို့နှင့် ၁၃၈ မိုင် ကွာဝေးသည်။ ![]() မြို့တော်မြင်ကွင်းလူနေအိမ်ရာဇုန်များလူနေအိမ်ရာအကွက်များသည် သေချာစွာဖွဲ့စည်းထားပြီး၊ အခန်းများကို ရာထူးအလိုက်နှင့် အိမ်ထောင်ရှိ/မရှိ အပေါ်မူတည်ပြီး ချထားပေးသည်။ မြို့တွင် လက်ရှိအခန်းတွဲ လေးထပ်တိုက် ၁၂၀၀ ရှိသည်။[၁၃] ကြီးမားသည့် အခန်းတွဲတိုက်များစွာသည် ခေါင်မိုးအနီရောင်၊ အစိမ်းရောင် သို့မဟုတ် အပြာရောင်များဖြင့် ရှိနေကြသည်။ အချို့သောလူနေအခန်းတွဲတိုက်များ၏ ဆေးရောင်အမှတ်အသားကို ဝန်ကြီးဌာနအလိုက် ခွဲခြားထားသည်မှာ ဥပမာကျန်းမာရေး ဝန်ကြီးဌာနဝန်ထမ်းများသည် အပြာရောင်ခေါင်မိုးနှင့် တိုက်များတွင်နေကြပြီး၊ စိုက်ပျိုးရေးဝန်ကြီးဌာနဝန်ထမ်းများမှာမူ အစိမ်းရောင်ခေါင်မိုးများ နှင့်နေကြသည်။ အဆင့်မြင့်အရာရှိကြီးများသည် လုံးချင်းအိမ်ကြီးများတွင် နေထိုင်ကြသည်။ ဝန်ကြီးဌာနဇုန်ပြည်ထောင်စု လွှတ်တော် နှင့် သမ္မတအိမ်တော် တို့သည် ဝန်ကြီးဌာနဇုန်၌ တည်ရှိသည်။ မြို့တော်ခန်းမအဆောက်အဦးသည် ဆိုဗီယက်အစိုးရအဆောက်အဦးနှင့် ဆင်တူပြီး၊ ခေါင်မိုးပုံစံမှာမူ မြန်မာ့ဟန်ဖြစ်သည်။ မြို့တော်ခန်းမ၏ အနောက်ဘက်တွင် ကလေးကစားကွင်းနှင့် ရေတံခွန်အတုရှိပြီး၊ ထိုနေရာတွင် တေးဂီတလျှပ်စစ်မီးရောင်စဉ်ပွဲကို နေ့တိုင်းပြသသည်။ ဝန်ကြီးဌာန အဆောက်အအုံ အများစုသည် ပုံစံအားဖြင့် ဆင်တူကြသည်။[၁၄] တပ်မတော်ဇုန်များအဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် အခြားသောအရေးပါသည့် စစ်အရာရှိကြီးများသည် သာမန်ဝန်ထမ်း များနေထိုင်ရာမှ ၁၁ ကီလိုမီတာကွာဝေးသည့် စုပေါင်းဝင်းကြီးအတွင်းတွင် နေထိုင်ကြပြီး၊ ထိုဝင်းကြီးတွင် ဗုံးခိုကျင်းများ၊ မြေအောက်ဥမင်လှိုဏ်ခေါင်းများ ပါရှိသည်ဟုဆိုပြီး အများပြည်သူအတွက် ကန့်သတ်နယ်မြေဖြစ်သည်။ မြို့တွင် တပ်မတော်ဇုန်ဟုလည်း သီးသန့်ရှိပြီး၊ ခွင့်ပြုမိန့်မရှိပဲ နိုင်ငံသားများ သို့မဟုတ် အခြားသောလူပုဂ္ဂိုလ်များ ဝင်ရောက်ခွင့်မရှိပါ။ ဟိုတယ်ဇုန်![]() ဟိုတယ်ဇုန်တွင် နားနေစံအိမ်ပုံစံ ဟော်တယ်များသည် လက်တစ်ဆုပ်စာလောက်သာရှိပြီး၊ မြို့၏ဆင်ခြေဖုံးရှိ တောင်ကုန်းများပေါ်တွင် ဟိုတစ်ခု ဒီတစ်ခု ရှိနေသည်။ ဤဇုန်သည် မြို့၏မြို့လယ်ခေါင် ဖြစ်လာမည်ဖြစ်သည်။ နေပြည်တော်အတွင်းနှင့် အနီးအနားတစ်ဝိုက်တွင် ယခုလက်ရှိ ဟိုတယ် ၁၂ ခုရှိသည်။ ထိုအထဲမှ ရှစ် ခုသည် နေပြည်တော်ဟိုတယ်ဇုန် အတွင်းတွင်ရှိနေပြီး၊ နှစ်ခုသည် ရန်ကုန်-မန္တလေးကားလမ်းမပေါ် လယ်ဝေးတွင် ရှိသည်။[၁၅] ![]() နိုင်ငံတကာဇုန်အစိုးရသည် နိုင်ငံခြားသံရုံးများနှင့် ကုလသမဂ္ဂကိုယ်စားလှယ်ရုံးများအတွက် မြေ နှစ်ဟက်တာ ပေးထားသည်။ ဈေးဝယ်ထွက်ခြင်းဗဟိုလမ်းဆုံကုန်တိုက် နေပြည်တော် မြို့မဈေးသည် လတ်တစ်လောတွင် နေပြည်တော်၏ စီးပွားရေးအချက်အချာကျနေသည်။ အခြားသော ဈေးဝယ်ထွက်ရန်နေရာများမှာ သပြေကုန်းဈေးနှင့် ဗဟိုလမ်းဆုံကုန်တိုက် တို့ဖြစ်ကြသည်။ ဗဟိုလမ်းဆုံကုန်တိုက်ကို ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီမှ ဆောက်လုပ်ပေးခဲ့ကာ နေပြည်တော်ရှိ ဈေးစီမံကိန်းအတွက် ပထမဆုံးပုဂ္ဂလိက ဖွင့်လှစ်ခဲ့သည့် ဈေးကုန်တိုက်ဖြစ်ပြီး ၂၀၀၉ ခုနှစ် ဩဂုတ်လတွင် ဖွင့်လှစ်ခဲ့သည်။ မြို့မဈေးတွင် စားသောက်ဆိုင်အနည်းငယ်နှင့် လမ်းဘေးအစားအစာဆိုင်တန်းများရှိပြီး၊ သပြေကုန်း ဈေးအနီးတွင်လည်း စားသောက်ဆိုင်များရှိသည်။ မိုင်အနည်းငယ်သွားလိုက်ရုံဖြင့် စိတ်ကြိုက်ညနေစာစားသုံးနိုင်သည့်ဆိုင်များ လယ်ဝေး နှင့် ပျဉ်းမနားတွင်ရှိသည်။ စိတ်ဝင်စားဖွယ်နေရာများ![]()
![]()
![]() ယဉ်ကျေးမှုဖျော်ဖြေရေး မြန်မာ့ရုပ်ရှင်အကောင်းဆုံးစွမ်းဆောင်နိုင်သူများအတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို နေပြည်တော်တွင် တစ်ခါတစ်ရံ ကျင်းပသည်။ နေပြည်တော်ရှိ လမ်းဆုံဗဟိုကုန်တိုက်တွင် ရုပ်ရှင်ရုံ တစ်ရုံ၊ေနပြည်တော်ရေပန်းဥယျာဉ် အနီးရှိအောင်သေပြ ရုပ်ရှင်ရုံ နှင့် ပျဉ်းမနား နှင့် တပ်ကုန်း တို့တွင် တစ်ရုံစီ ရှိသည်။ မြို့တော်အုပ်ချုပ်ရေးမြန်မာနိုင်ငံအခြေခံဥပဒေ (၂၀၀၈) ၏ ပုဒ်မ ၅၀ (က) အရ၊ နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်၌ တည်ရှိသော ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ထားသည်။ နေပြည်တော် ပြည်ထောင်စုနယ်မြေသည် နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိသည်။ နေပြည်တော်ကောင်စီကို ဥက္ကဋ္ဌတစ်ဦး၊ အတွင်းရေးမှူးတစ်ဦးနှင့် ကောင်စီဝင် ကိုးဦးတို့ဖြင့် ဖွဲ့စည်းထားသည်။ နေပြည်တော်မြို့တော် စီမံခန့်ခွဲခြင်းကိစ္စရပ်များကို နေပြည်တော်ကောင်စီမှ တာဝန်ယူဆောင်ရွက်သည်။ နေပြည်တော်မြို့တော်ဒေသတွင် မြို့စစ်စစ် (မြို့လယ်ခေါင်)နှင့် ပတ်ဝန်းကျင်မြို့နယ် ရှစ်ခု ပါဝင်သည်။ မြို့လယ်ခေါင်ကို ဆက်၍ ရပ်ကွက်လေးခု ခွဲထားသည်။ ပျဉ်းမနား၊ လယ်ဝေး နှင့် တပ်ကုန်း မြို့နယ်များသည် ယခင်က ရမည်းသင်းခရိုင်၏ တစ်စိတ်တစ်ဒေသများ ဖြစ်ကြသည်။ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ နှင့် ဇေယျာသီရိ တို့သည် မြို့နယ်အသစ်များ ဖြစ်သည်။ ဒီဇင်ဘာ၂၀၀၉ တွင် အားလုံးသော ဝန်ကြီးဌာနရုံးများသည် အုပ်ချုပ်ရေးမြို့တော်သို့ ပြောင်းရွှေ့နေရာချထားပြီးဖြစ်သည်။
ပညာရေးအခြေခံပညာ
အဆင့်မြင့်ပညာသယ်ယူပို့ဆောင်ရေး![]() ပြည်သူ သယ်ယူပို့ဆောင်သည့်လုပ်ငန်းများသည် အနီးအနားတစ်ဝိုက်အတွက် အကန့်အသတ်ရှိသည်။ အရှည်ကီလိုမီတာ ၃၂၃.၂ ရှိသော တစ်ဖက်နှစ်လမ်းသွား ရန်ကုန်နေပြည်တော်အမြန်လမ်းမကြီးသည် နေပြည်တော်ကို ရန်ကုန်နင့် တိုက်ရိုက်ချိတ်ဆက်ပေးထားပြီး၊ ၅၆၃ ကီလိုမီတာရှည်လျားသည့် ရန်ကုန် -နေပြည်တော် - မန္တလေး လမ်းမကြီး၏အစိတ်အပိုင်း ဖြစ်သည်။ ရိပ်သာလမ်းမကြီး ၂၀ ရှိပြီး၊ မြို့ထဲမှလမ်းများကဲ့သို့ ကြီးမားပြီးရှင်းလင်းနေသည်။ ရထားလမ်းနေပြည်တော်အတွက် ပျဉ်းမနားဘူတာ လယ်ဝေးဘူတာနှင့် နေပြည်တော်ဘူတာကြီးတို့ ရှိသည်။ ပျဉ်းမနားဘူတာသည် ရန်ကုန် - မန္တလေးရထားလမ်းပေါ်တွင် ရှိပြီး လယ်ဝေးဘူတာသည် ပျဉ်းမနားနှင့် ကျောက်ပန်းတောင်း လမ်းပေါ်တွင်ရှိသည်။ ရန်ကုန်မှ ပျဉ်းမနားသို့ ရထားဖြင့် ၆ နာရီကြာသွားရသည်။ မြို့တော်အသစ်တည်ဆောက်စဉ်က ရထားပို့ဆောင်ရေး ပြည့်စုံလာစေရန် ပျဉ်းမနား၏နောက် တစ်ဘူတာရွာတော်ဘူတာတွင် နေပြည်တော်ဘူတာစီမံကိန်းများကို တည်ဆောက်ခဲ့၍ ယခုအခါ နေပြည်တော်ဘူတာကြီးအဖြစ် တည်ရှိနေသည်။ လေကြောင်းနေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် (ယခင်အမည် အေလာလေဆိပ်) သည် နေပြည်တော်မြို့မှ အရှေ့တောင်ဘက် ၁၆ ကီလိုမီတာအကွာ အေလာနှင့်လယ်ဝေးမြို့ တို့အကြားတွင် တည်ရှိသည်။ ပြည်တွင်းလေကြောင်း လိုင်းများဖြစ်ကြသည့် မြန်မာ့လေကြောင်း နှင့် ရန်ကုန်လေကြောင်း တို့သည် ရန်ကုန် နှင့် နိုင်ငံအနှံ့ရှိ အခြားသောမြို့များသို့ ပုံမှန်ပြေးဆွဲရန်အတွက် ဤလေဆိပ်ကို အသုံးပြုကြသည်။ ၂၀၀၉ ခုနှစ် ဧပြီလ မှစတင်၍ အဓိကဆောက်လုပ်ရေးများကို တည်ဆောက်ဆဲဖြစ်ပြီး၊ တစ်နှစ်လျှင် ခရီးသည် ၃.၅ သန်း ဝင်ထွက်နိုင်ရန် ဖြစ်သည်။ ဘတ်စ်ကား နှင့် ကားများအစိုးရဝန်ကြီးဌာနများသည် နံနက်ပိုင်း နှင့် ညနေပိုင်းတို့တွင် ၎င်းတို့၏သက်ဆိုင်ရာရုံးများသို့ လွန်းပျံဘတ်စ်ကားများ ပြေးဆွဲပေးသည်။ မြို့တွင် ဗဟိုဘတ်စ်ကားရပ်နားကွင်း နှင့် MEC ပိုင်သည့် အငှားယာဉ်ကုမ္ပဏီတစ်ခု ရှိသည်။ ကျန်းမာရေးအစိုးရဆေးရုံများ
အားကစား![]() ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဝဏ္ဏသိဒ္ဓိမိုးလုံလေလုံအားကစားကွင်း နှင့် ဇေယျာသီရိအားကစားကွင်း တို့သည် မြန်မာအသင်း၏ နိုင်ငံတကာ ပွဲများအတွက် နေပြည်တော်၌ တည်ရှိသည်။ နေပြည်တော် ဘောလုံး အသင်း သည် နေပြည်တော် ပြည်ထောင်စုနယ်မြေ ကိုယ်စားပြု အသင်း ဖြစ်သည်။ မြန်မာ နေရှင်နယ် လိဂ် (Myanmar National League) ခေါ် ပရိုစနစ်ဖြင့် ဘောလုံးပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ဆက်သွယ်ရေးများ၂၀၀၉ ခုနှစ်မှစတင်ပြီး စီဒီအမ်အေ ကြိုးမဲ့ဖုန်း တစ်မြို့လုံးတွင် သုံးစွဲနိုင်သည်။ အစိုးရတိုက်ခန်းများတွင် နေထိုင်သည့် ဝန်ထမ်းများအား ကိုယ်ပိုင်ဖုန်းလိုင်း တပ်ဆင်ခွင့် မရှိပါ။ အများသုံးဖုန်းကိုသာ သုံးစွဲရမည်။ နေပြည်တော်သည် မြန်မာနိုင်ငံတွင် တစ်ရက် ၂၄ နာရီပတ်လုံး လျှပ်စစ်မီးရရှိသည့် တစ်ခုတည်းသော နေရာဖြစ်သည်။ ဓာတ်ပုံများ
ကိုးကား
ပြင်ပလင့်ခ်များဝီကီမီဒီယာ ကွန်မွန်းစ်တွင် Napyidaw
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။
|
Portal di Ensiklopedia Dunia