ကိုဩဒိနိတ် : 04h 00m 00s , +15° 00′ 00″
Taurus ကြယ်စုတန်း အတိုကောက် Tau[ ၁] [ ၂] မူလ Tauri[ ၁] အသံထွက် သင်္ကေတ the Bull[ ၁] ညာဘက်တိမ်းစောင်းမှု ၄.၉[ ၄] နိမ့်ဆင်းမှု ၁၉[ ၄] ကြယ်စုတန်း မိသားစု ရာသီခွင် ဂယ်လက်တစ် ကွာဒရပ် NQ1 ဧရိယာ ၇၉၇ sq. deg. (၁၇ ) ပင်မကြယ်များ ၁၉ Bayer/Flamsteed ကြယ်များ ၁၃၂ ပြင်ပဂြိုဟ်ပါဝင်သည့်ကြယ်များ ၉ candidates[ မှတ်စု ၁] ၃.၀၀m ထက်ပိုတောက်ပသည့်ကြယ်များ ၄ ၁၀.၀၀ pc (၃၂.၆၂ ly) အကွာမှကြယ်များ ၁[ မှတ်စု ၂] အတောက်ပဆုံးကြယ် အာဒီဘရန် (α Tau) (၀.၈၅m )အနီးဆုံးကြယ် Gliese 176 (၃၀.၇၂ ly , ၉.၄၂ pc ) Messier objects ၂ ဥက္ကာခဲများ အနီးအနား ကြယ်စုတန်းများ လတ္တီကျု +၉၀ ° နှင့် −၆၅ ° ကြားတွင် မြင်နိုင်သည်ည ၉ နာရီ၌ အကောင်းဆုံးမြင်ရသည့်လမှာ ဇန်နဝါရီလ ဖြစ်သည်။
ပြိဿ နက္ခတ်တာရာ သည် သင်္ကေတအားဖြင့် ( Unicode : ♉) ဖြစ်ပြီး ၁၂ ရာသီခွင် ၏ ကြယ်စုတန်း တစ်ခုဖြစ်သည်။ ပြိဿ နက္ခတ်တာရာသည် မြောက်ကမ္ဘာခြမ်း၏ ဆောင်းရာသီညဘက်ကောင်းကင်တွင် အမြဲတမ်းတွေ့ရလေ့ရှိသည့် ကြီးမားသော ကြယ်စုတန်းတစ်ခုဖြစ်သည်။ ယင်းသည် ကြေးခေတ် အစောပိုင်းကတည်းက လေ့လာမှတ်သားခံရသော အဟောင်းဆုံးကြယ်စုတန်းများထဲမှ တစ်ခုအပါဝင်ဖြစ်လေသည်။ ရှေ့ခေတ် အီဂျစ်၊ ဘေဘီလုံ၊ ရောမ၊ ဆူမာရီယန်၊ အာကေဒီယန်း အစရှိသော ပြက္ခဒိန်များတွင် ပြိဿ နက္ခတ်တာရာသည် အရေးပါအရာရောက်သည့် နက္ခတာရာတစ်ခုလည်း ဖြစ်ပေသည်။
ကမ္ဘာမြေနှင့် အနီးဆုံး open cluster ဖြစ်သည့် ကြယ်ခုနှစ်ဖော်သည် ယင်းကြယ်စုတန်းတွင် တည်ရှိသည်။ ကြယ်ဘီလူး အာဒီဘရန် သည် ယင်းကြယ်စုတန်းတွင် အတောက်ပဆုံး ကြယ်တစ်ခုဖြစ်သည်။ ကြယ်စုတန်း၏ အနောက်မြောက်ဘက်တွင် ဆူပါနိုဗာလက်ကျန် Messier 1 တည်ရှိပြီး ကဏန်းနက်ဗျူလာဟု လူသိများကြသည်။
မှတ်စု
↑ Stars with candidate extrasolar planets: Epsilon Tauri, Gliese 176, HD 24040, HD 37124, 2M J044144, LkCa 15, HD 28678, HD 285507, HL Tauri, and FW Tauri.
↑ This is Gliese 176.
ကိုးကား
ပြင်ပလင့်
ကြယ်စုတန်း သမိုင်း
အေဒီ ၁၅၀ နောက်ပိုင်း
တော်လမီ ပြုစုသော ၄၈ ကြယ်စုတန်းများ
၁၆၊ ၁၇ နှင့် ၁၈ ရာစုနှစ်တွင် ထပ်မံထည့်သွင်းသော ၄၁ ကြယ်စုတန်းများ
ခေတ်ကုန်သော ကြည်စုတန်းအမည်များ