ဖယ်ကွန်သိမ်းနှင့်အလားတူ ငှက်များ
ဖယ်ကွန်သိမ်းနှင့်အလားတူ ငှက်များ (en: Falconiformes, ဖယ်ကွန်နီဖောမ်းစ်, "ဖယ်ကွန်ပုံသဏ္ဌာန်ရှိသော") သည် ရှင်သန်ဆဲဖြစ်သော မျိုးရင်း- Falconidae (ဖယ်ကွန်သိမ်းနှင့် ကယ်ရာကယ်ရာငှက်မျိုးရင်းများပါ)နှင့် မျိုးကွဲမှု ရှုပ်ထွေးဆန်းကျယ်သည့် Paleogene မျိုးစိတ်များအားလုံးကို ကိုယ်စားပြုထားသည့် မျိုးစဉ်(Order) တစ်ခုဖြစ်သည်။ ရှေးရိုးအယူအဆအားဖြင့် သားကောင်ဖမ်းငှက်များ (Birds of prey) ဖြစ်ကြသည့်- Cathartidae (ကမ္ဘာသစ်လင်းတ (သို့) ကွန်းဒေါလင်းတ) ၊ Sagittariidae (ကလောင်ငှက်) ၊ Pandionidae (ဝံလက်ငှက်) ၊ Accipitridae (လင်းယုန်/ သိမ်းငှက်/စွန်ရဲ) စသည့် ငှက်အမျိုးအနွယ်များကို Falconiformes အဖြစ် သတ်မှတ်ထားခဲ့ကြသည်။ သို့ရာတွင် ၂၀၀၈ ခုနှစ်၌ အမျိုးမျိုးသော ငှက်မျိုးရိုးဗီဇများ ခွဲခြမ်းစိတ်ဖြာ နှိုင်းယှဉ်မှု ရလဒ်တစ်ခုအားထုတ်ပြန်ခဲ့ရာတွင် ဖယ်ကွန်သိမ်း (Falcons) များသည် Seriemas, ကြက်တူရွေး၊ စာကလေးမျိုးနွယ်များ ပါဝင်သည့် မျိုးတူအစုအဖွဲ့ (Clade) Australaves မှ တစိတ်တဒေသဖြစ်ကြောင်း တွေ့ရှိရသည်ဟုထုတ်ပြန်ခဲ့သည်။[၁][၂][၃] ၎င်း ဖယ်ကွန်သိမ်းများပါဝင်သော Australaves မျိုးတူအစု Clade သည် ကြက်တူရွေး-စာကလေးများ မျိုးတူအစု Clade ဖြစ်သည့် Psittacopasserae နှင့် ပိုမိုနီးကပ်ဆက်နွယ်ပြီး ထိုငှက်များအားလုံးအား မျိုးစဉ်အထက်တွင်ရှိသည့် မျိုးတူစု Eufalconimorphae Clade အတွင်း ပါဝင်ဖွဲ့စည်းထားသည်။[၄][၂][၃] သိမ်းငှက်နှင့် ကွန်းဒေါလင်းတတို့သည့် ၎င်းတို့၏ ကိုယ်ပိုင် အခြေခံမျိုးတူအစု (Basal Clade) Afroaves သို့ ပါဝင်မှုမှတဆင့် Accipitrimorphae မျိုးတူအစု (Clade) ထဲသို့ ပါဝင်နေသည်။ ၎င်းမျိုးတူအစု Accipitrimorphae Clade သည် ဇီးကွက်မျိုးစဉ်၊ သစ်တောက်ငှက်မျိုးစဉ်များနှင့် ပို၍နီးစပ်နေသည်။[၁][၂][၃][၅] မျိုးရိုးစဉ်ဆက်ဇယားBraun နှင့် Kimball ပညာရှင်များမှ မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာထားသည့် ရလဒ်ထုတ်ပြန်ချက် (၂၀၂၁ ခုနှစ်)[၆] ကိုအခြေခံ၍ ပြုလုပ်ထားသည့် မျိုးရိုးစဉ်ဆက်ဇယားရုပ်ပုံကားချပ်ကို အောက်တွင်ကြည့်ရှုပါ -
ကိုးကား
|
Portal di Ensiklopedia Dunia