ဖူကျန့်ပြည်နယ်
ဖူကျန့် (福建, Fukien , Foukien) ပြည်နယ်( ဖူကျန့်ပြည်နယ် နယ်မြေအများစုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထိန်းချုပ်ထားသည်။ ခင်မင်ကျွန်းစု (archipelagos of Kinmen) နှင့် မတ်ဆုကျွန်းများ (Matsu Islands) ကို ထိုင်ဝမ် (The Republic Of China - ROC)မှ ထိန်းချုပ်ထားသည်။ သို့ဖြစ်၍ ဖူကျန့်ပြည်နယ်ကို နှစ်ပိုင်းခွဲခြား လေ့လာသင့်သည်။ ပထဝီဝင်အနေအထား![]() ဖူကျန့်ပြည်နယ်သည် တောင်တန်းများ ထူထပ်သည်။ ဒေသခံတို့အဆိုအရ ရှစ်ပုံက တောင်တန်း၊ ၁ပုံကရေပြင်၊ ၁ပုံပဲ စိုက်ပျိုးမြေ ဟု ဆိုကြောင်း သိရသည်။ (八山一水一分田) အနောက်မြောက်ဒေသသည် အမြင့်ပိုင်းတောင်တန်းများ ဖြစ်သည်။ ဝူးယီတောင်တန်းသည် ဖူကျန့် နှင့် ကျန်းရှီး ပြည်နယ် နှစ်ခုတို့ကို ပိုင်းခြားထားသည်။ တရုတ်နိုင်ငံ၏ သစ်တောအထူထပ်ဆုံးသောပြည်နယ်ဖြစ်သည်။ သစ်တောဖုံးလွှမ်းဧရိယာမှာ ၂၀၀၉ ခုနှစ် စာရင်းအရ ပြည်နယ်ဧရိယာ စုစုပေါင်း၏ ၆၂.၉၆% ရှိသည်။ [၄] ဖူကျန့်ပြည်နယ်၏ အမြင့်ဆုံးနေရာမှာ ဝူးယီတောင်တန်းပေါ်ရှိ အမြင့် မီတာ (2157 m) ရှိသော ဟွမ်ကန်းတောင်ထွတ် (Huanggang Peak) ဖြစ်သည်။ ပြည်နယ်၏ အရှေ့ဘက်တွင် အရှေ့တရုတ်ပင်လယ်၊ ပြည်နယ်၏ တောင်ဘက်တွင် တောင်တရုတ်ပင်လယ်၊ အရှေ့တောင်ဘက်တွင် ထိုင်ဝမ်ရေလက်ကြား တို့ ရှိသည်။ ကမ်းရိုးတန်းတစ်လျှောက်သည် ကြမ်းတမ်းကွေ့ကောက်ပြီး မြောက်မြားစွာသော ပင်လယ်အော်များ၊ ကျွန်းများ ရှိသည်။ အကြီးဆုံး ကျွန်းများမှာ ထိုင်ဝမ်မှ ထိန်းချုပ်ထားသော Quemoy ကျွန်းနှင့် ဟိုင်ထန်းကျွန်း (Haitan Island)၊ နန်ရိကျွန်း (Nanri Island) တို့ ဖြစ်ကြသည်။ မင်ကျန်းမြစ် (Minjiang River) နှင့် ၎င်း၏ မြစ်လက်တက်များသည် ဖူကျန့်ပြည်နယ်၏ မြောက်ဘက်ပိုင်း နှင့် ဗဟိုပိုင်းတွင် ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ အခြားမြစ်များမှာ ကျင်းကျန်းမြစ် (Jinjiang River)၊ ကျိုလုံမြစ် (Jiulong River) တို့ ဖြစ်ကြသည်။ မြေမျက်နှာပြင်မှာ ညီညာ ပြေပြစ်မှု မရှိပဲ မတ်စောက်သော ကျောက်တောင်များ၊ တောင်ကြားများ ပေါများသည်။ ဖူကျန့်ပြည်နယ်သည် ထိုင်ဝမ်နှင့် ကီလိုမီတာ ၁၈၀ ရှည်သော ထိုင်ဝမ်ရေလက်ကြား ဖြင့် ခြားထားသည်။ ယင်းရေလက်ကြားအတွင်းရှိ ကျွန်းငယ်လေးများမှာလည်း ဖူကျန့်ပြည်နယ်တွင် ပါဝင်သည်။ ချွဲမင်ကျွန်းများ (the islands of Quemoy) နှင့် မတ်ဆုကျွန်းများမှာ ထိုင်ဝမ်၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိနေသည်။ သမပိုင်းရာသီဥတုမျိုးရရှိသည်။ ဆောင်းရာသီတွင် နွေးထွေးသည်။ ဇန်နဝါရီလတွင် ကမ်းရိုးတန်းဒေသများတွင် ပျမ်းမျှအပူချိန် ၇-၁၀ ဒီဂရီ ဖာရင်ဟိုက် ခန့်ရှိပြီး တောင်တန်းဒေသများတွင် ၆-၈ ဒီဂရီ ဖာရင်ဟိုက် ခန့်ရှိသည်။ နွေရာသီတွင် အပူချိန်မြင့်မားသည်။ ပစိဖိတ်သမုဒ္ဒရာဘက်မှ ဝင်ရောက်လာသော တိုင်ဖွန်းမုန်တိုင်းများ မကြာခဏ ဝင်ရောက်လေ့ ရှိပြီး တစ်နှစ်တာ မိုးရေချိန်မှာ ၁၄၀၀-၂၂၀၀ မီလီမီတာခန့် ရှိသည်။ မြို့ကြီးများ
အုပ်ချုပ်ရေးခရိုင်များဖူကျန့်ပြည်နယ်ကို ခရိုင်ကြီးအဆင့် (၉)ခု ဖွဲ့စည်းထားသည်။
လုံးယန်၊ စန်းမင် နှင့် နန်ဖျင် မြို့များမှတစ်ပါး ကျန်မြို့များအားလုံးသည် ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိကြသည်။ ယင်း ခရိုင်ကြီး (၉)ခုကို ခရိုင်ငယ် (၈၅)ခု အဖြစ် ထပ်မံ စိတ်ပိုင်းသည်။ တစ်ဖန် ခရိုင်ငယ်များကို မြို့နယ် (၁၁၀၇)ခု အဖြစ် ထပ်မံ ပိုင်းခြားသည်။ ယင်းအရေအတွက်တွင် လက်ရှိ ထိုင်ဝမ်က အုပ်ချုပ်နေသော ချွဲမင် (Quemoy) နှင့် မတ်ဆုကျွန်းများ (Matsu Islands) လည်း ပါဝင်သည်။ နိုင်ငံရေးပြည်နယ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးများ
ပြည်နယ်အုပ်ချုပ်ရေးမှူးများ
လူဦးရေနှင့်လူမျိုးများ![]() ဟန့်တရုတ်လူမျိုးမှာ ၉၈% ရှိသည်။ အများစုမှာ မင်ဘာသာစကား (တရုတ်ဘာသာစကားတစ်မျိုး) ကိုပြောဆိုကြသည်။ ရှီလူမျိုးများသည် မြောက်ပိုင်းရှိ တောင်တန်းများပေါ်တွင်နေထိုင်ကြပြီး လူနည်းစုတိုင်းရင်းသားများထဲမှာ ဖူကျန့်ပြည်နယ်အတွင်း လူဦးရေအများဆုံးသော လူမျိုး ဖြစ်သည်။ [၅] ကမ္ဘာတစ်ဝန်းလုံး (အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများ) တွင် ပျံ့နှံ့နေထိုင်ကြသော တရုတ်လူမျိုးများသည် ၎င်းတို့၏ ပင်ရင်းဇာတိမှာ ယခု ဖူကျန့်ပြည်နယ် ဖြစ်သည်။ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံများတွင် ရောက်ရှိနေထိုင်ကြသော တရုတ်လူမျိုးအများစုမှာ ဖူကျန့်ပြည်နယ်သားများ ဖြစ်ကြသည်။ ဖူကျန့်ပြည်နယ် မြို့တော်ဖြစ်သော ဖူကျိုးမြို့သားများသည် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်မှူ အများဆုံးသော တရုတ်လူမျိုးများ ဖြစ်ကြသည်။ ထင်ရှားသောပုဂ္ဂိုလ်များစုန့်မင်ဆက် (Song dynasty) ခေတ်မှစ၍ ယနေ့အထိ ထင်ရှားသော ဖူကျန့်ပြည်နယ်သား ပုဂ္ဂိုလ်ကျော်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ပညာရေးအထက်တန်းကျောင်းများ
တက္ကသိုလ်ကောလိပ်များနိုင်ငံတော်အစိုးရပိုင်
ပြည်နယ်အစိုးရပိုင်
ပုဂ္ဂလိကပိုင်
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia