ကန်းစုပြည်နယ်
တိဘက်ကုန်းပြင်မြင့် နှင့် ဟွမ်းထူကုန်းပြင်မြင့်များ အကြားတွင် တည်ရှိပြီး မြောက်ဘက်တွင် မွန်ဂိုလီးယားနိုင်ငံ၊ အတွင်းမွန်ဂိုလီးယားပြည်နယ်၊ နင်ရှပြည်နယ်၊ အနောက်ဘက်တွင် ရှင်းကျန်းပြည်နယ်၊ ချင်းဟိုင်ပြည်နယ်၊ တောင်ဘက်တွင် စစ်ချွမ်းပြည်နယ်၊ အရှေ့ဘက်တွင် ရှန်းရှီးပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ မြစ်ဝါမြစ်သည် ကန်းစုပြည်နယ်တောင်ပိုင်းကို ဖြတ်သန်းစီးဆင်းသွားသည်။ ၂၀၀၉ခုနှစ်စာရင်းအရ ကန်းစုပြည်နယ်တွင် လူဦးရေ ၂၉ သန်းကျော်ရှိပြီး ဟွေလူမျိုးများနေထိုင်ရာ ဒေသတစ်ခု ဖြစ်သည်။ ကန်းစုပြည်နယ်တောင်ပိုင်းဒေသများတွင် တိဘက်လူမျိုးများ နေထိုင်ကြသည်။ မြို့တော်မှာ လန်ကျိုးမြို့ ဖြစ်ပြီး ပြည်နယ်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ကန်းစုပြည်နယ်ကို အတိုကောက်အားဖြင့် ကန်း ("甘" Gān) သို့မဟုတ် လုံ ("陇" Lǒng) ဟု ခေါ်ဆိုသည်။ တရုတ်ဘာသာစကားအရ လုံဟူသည်မှာ နဂါး ဖြစ်သည်။ ပြည်နယ်၏ အရှေ့ဘက်တွင် နဂါးတောင်တန်း ခေါ် လုံတောင်တန်း တည်ရှိသောကြောင့် ကန်းစုပြည်နယ်ကို နဂါးနောက်ပြည်နယ်၊ နဂါးညာဘက်ပြည်နယ်ဟုလည်း ခေါ်ဆိုကြသည်။ အုပ်ချုပ်ရေးခရိုင်များကန်းစုပြည်နယ်ကို ခရိုင်ကြီးအဆင့်စုစုပေါင်း (၁၄)ခု ခွဲခြားထားသည်။
လူဦးရေနှင့်လူမျိုးများ![]() ကန်းစုပြည်နယ်တွင် လူဦးရေ ၃၀,၇၁၁,၂၈၇ ယောက် နေထိုင်ကြသည်။ ၇၃% ခန့်မှာ ကျေးလက်တွင် နေထိုင်ကြသည်။ လူမျိုးအနေဖြင့် ဟန့်တရုတ်လူမျိုး (၉၂%) ရှိပြီး အခြားလူမျိုးများမှာ ဟွေလူမျိုး၊ တိဘက်လူမျိုး၊ တုန်းရှန်းလူမျိုး၊ ထူလူမျိုး၊ မန်ချူးလူမျိုး၊ အူရ်ဂါလူမျိုး၊ ယူဂါလူမျိုး၊ ပေါနန်လူမျိုး၊ မွန်ဂိုလူမျိုး၊ ဆာလာလူမျိုး နှင့် ကာဇက်လူမျိုး များနေထိုင်ကြသည်။ ရှေးယခင်က ဟွေလူမျိုး ပန်းသေးတရုတ် (မူဆလင်များ) အများအပြားနေထိုင်ခဲ့ကြသည်။ ဘာသာစကားများအများစုသည် မြောက်ပိုင်းတရုတ်စကား (Mandarin Chinese) မူကွဲများကိုပြောဆိုကြသည်။ နယ်ခြားဒေသများတွင် ထူ၊ အန်ဒိုတိဘက်၊ မွန်ဂို နှင့် ကာဇက် ဘာသာစကားများကို ပြောဆိုကြသည်။ ယင်းတိုင်းရင်းသားများသည် တရုတ်စကားကိုလည်း ပြောဆိုနိုင်ကြသည်။ ယဉ်ကျေးမှုအဓိကအစားအသောက်မှာ ဒေသထွက် ဂျုံ၊ ဘာလီ၊ ပဲအမျိုးမျိုး၊ ကန်စွန်းဥ နှင့် လူး၊ ဆပ်များ ဖြစ်ကြသည်။ ကန်းစုပြည်နယ်သည် ယင်း၏ လားမြန့်ခေါ် လက်ဆွဲခေါက်ဆွဲ (pulled noodles) ကြောင့် အထူးထင်ရှားသည်။ မူဆလင်စားသောက်ဆိုင်များ (Muslim restaurants) မှာ သိုးသား၊ ဆိတ်သား စသည့် စားသောက်ဖွယ်ရာများ ရနိုင်သည်။ ဘာသာရေးအစ္စလာမ်ဘာသာဝင်များ နှင့် ဗုဒ္ဓဘာသာဝင်များ နေထိုင်ကြသည်။ ကူမင်တန်အစ္စလာမ္မစ်ပုန်ကန်မှု (Kuomintang Islamic insurgency in China (1950–1958) သည် တရုတ်ပြည်တွင်းစစ်၏ အဆက်ဖြစ်သည်။ ဗုဒ္ဓယဉ်ကျေးမှု အနုလက်ရာများလည်း တွေ့ရသည်။ တွန်းဟွမ်သည် အလယ်ခေတ်မှ ထင်ရှားသော ဗုဒ္ဓဘာသာ ဗဟိုချက် ဖြစ်ခဲ့သည်။ [၁] အာကာသယာဉ်ပစ်လွှတ်စခန်းကန်းစုပြည်နယ်၊ ဂိုဘိသဲကန္တာရအတွင်းရှိ ကျိုချွမ်မြို့တွင် ကျိုချွမ်အာကာသယာဉ်ပစ်လွှတ်စခန်း (Jiuquan Satellite Launch Center) တည်ရှိသည်။ ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia