ဖြူဖြူသင်း
ဒေါ်ဖြူဖြူသင်း (၂၃ ဒီဇင်ဘာ ၁၉၇၁ မွေးဖွား) သည် မြန်မာ နိုင်ငံရေးသမားနှင့် HIV/AIDS အရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မင်္ဂလာတောင်ညွန့်မြို့နယ်မှ ၂၀၁၂ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံရပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။[၁] အစောပိုင်းဘဝနှင့် ပညာရေးဒေါ်ဖြူဖြူသင်းကို ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့၌ မွေးဖွားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်မြင်ခဲ့ပြီး၊ ၁၉၉၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၌ တက်ရောက် ပညာသင်ကြားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် သမိုင်းအဓိကဖြင့် ဘွဲ့ရခဲ့သည်။ HIV/AIDS အရေး လှုပ်ရှားမှုများ၁၉၉၇ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့ပြီး မြို့နယ်လူငယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် လူငယ်တာဝန်ခံ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၏ ညွှန်ကြားချက်ဖြင့် လူငယ် ၁၉ ဦး စိစစ်ရွေးချယ်ရာတွင် ပါဝင်ခဲ့ပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရုံးက ပြုလုပ်သည့် HIV ကာကွယ်တားဆီးရေးနှင့် ပြုစုစောင့်ရှောက်ရေးသင်တန်းကို တက်ရောက်ခဲ့သည်။ ထိုသင်တန်းမှ အစပြုကာ HIV/AIDS ဝေဒနာရှင်များ ကူညီရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။ မဖြူဖြူသင်းသည် ၂ဝဝ၂ ခုနှစ်မှ စပြီး တောင်ဒဂုံမြို့နယ် ရပ်ကွက် (၁၈) နှင့် (၂၀) ရှိ ကယ်ဆယ်ရေးဂေဟာ ၂ ခုကို ဦးဆောင်တာဝန်ယူခဲ့သူ ဖြစ်သည်။ HIV/AIDS ကူညီရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအတွက် အစဦးပိုင်းတွင် ရောဂါသည်များကို အားပေးမှု အပိုင်းသာ ဆောင်ရွက်နိုင်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် လူနာများကို အေအာဗွီ ဆေးများ တိုက်ကျွေးနိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်အထိ နိုင်ငံတဝန်းက ဝေဒနာရှင်ပေါင်း ၅၀၀၀ ကျော်ကို အခမဲ့ ဆေးဝါးအကူအညီ ပေးနိုင်ခဲ့သည်။[၂][၃][၂][၄] ၎င်းတို့အဖွဲ့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်များနှင့် စတင် တည်ထောင်ခဲ့သောကြောင့် အာဏာပိုင်များ၏ နှောင့်ယှက်မှုများကို အမြဲလိုလို ကြုံတွေ့ခဲ့ရပြီး၊ ဖမ်းဆီးခံရမှုများပင် ရှိခဲ့သည်။ ထို့အပြင် NGO အဖွဲ့များအနေဖြင့် နိုင်ငံရေးနှင့် မပတ်သက်ရဟု သတိပေး တားမြစ်ထားသောကြောင့် မည်သည့် NGO အဖွဲ့ကမျှ မဖြူဖြူသင်းတို့အဖွဲ့အား မကူညီရဲကြသဖြင့် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်။[ကိုးကားချက်လိုသည်] ပြည်သူအကျိုးပြု လူမှုရေးလုပ်ငန်းများကို ကူညီပေးနေသော မဖြူဖြူသင်းအား အာဏာပိုင်များက အကူအညီမပေးသည့်အပြင် နှောင့်ယှက်ဟန့်တားခြင်း၊ အန္တရာယ်ပေးခြင်းများကို ပြုကျင့်ခဲ့သည်။[ကိုးကားချက်လိုသည်] ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်ခဲ့ပြီး၊ မဖြူဖြူသင်းသည် အာဏာပိုင်များ အန္တရာယ်မှ ခေတ္တတိမ်းရှောင်နေစဉ် ဖခင်ဖြစ်သူ ဦးလှထွန်း ဆုံးပါးခဲ့ပြီး ဖခင်ကြီး၏ နောက်ဆုံးခရီးကိုပင် လိုက်ပါပို့ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ မဖြူဖြူသင်းသည် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်၊ ပြည်သူ့ဂုဏ်ရည်ဆု နောက်ဆုံး ဆန်ခါတင် ၅ ဦး အမည်စာရင်းတွင် ၂ နှစ်ဆက်တိုက် အဆိုပြုခံခဲ့ရသူ ဖြစ်သည်။[၅] နိုင်ငံရေး၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် အမတ် အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။[၆] ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မင်္ဂလာတောင်ညွန့်မြို့နယ်မှပင် ထပ်မံ ရွေးကောက်ခံခဲ့ရသည်။ ကိုးကား
|
Portal di Ensiklopedia Dunia