မင်္ဂလာတောင်ညွန့်မြို့နယ်
မင်္ဂလာတောင်ညွန့်မြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့အလယ်ပိုင်းတွင် တည်ရှိသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၏ အနောက်ဘက်တွင် ဒဂုံမြို့နယ်၊ မြောက်ဘက်တွင် ဗဟန်းမြို့နယ်၊ တောင်ဘက်တွင် ဗိုလ်တထောင်မြို့နယ်၊ အနောက်တောင်ဘက်တွင် ကျောက်တံတားမြို့နယ်နှင့် အရှေ့ဘက်တွင် ပုစွန်တောင်ချောင်းနှင့် ဒေါပုံမြို့နယ်တို့ တည်ရှိသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်ကို ရပ်ကွက်ပေါင်း (၂၀)ခုဖြင့် ဖွဲ့စည်းထားသည်။ ဤမြို့နယ်တွင် နေထိုင်သူလူဦးရေပေါင်း တစ်သိန်းနီးပါးရှိသဖြင့် ရန်ကုန်မြို့ရှိ လူနေထူထပ်သော မြို့နယ်တစ်ခုဖြစ်သည်။ အစိုးရ မူလတန်းကျောင်း (၂၂) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အထက်တန်းကျောင်း (၆) ကျောင်းရှိသည်။ ထင်ရှားသော အဆောက်အဦးများရန်ကုန် ဘူတာကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်းတို့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၏ အနောက်ပိုင်းတွင် တည်ရှိသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်သည် ဗြိတိသျှများ ရေးဆွဲခဲ့သည့် မြို့တည်ဆောက်ရေးစီမံကိန်းတွင် ပါဝင်ခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အချို့အဆောက်အဦးများကို ဗိသုကာအရအထင်ကရရှိသော အဆောက်အဦးများအဖြစ် သတ်မှတ်ထားသည်။
ကိုးကား
|
Portal di Ensiklopedia Dunia