ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ရန်ကုန်ဆေးရုံကြီးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟုလည်း ခေါ်သည်။ ရန်ကုန်ဆေးရုံကြီးသည် ရန်ကုန်မြို့၊ လသာမြို့နယ်တွင် တည်ရှိသည်။ ရန်ကုန်ဆေးရုံကြီးသည် ရန်ကုန်မြို့ရှိ အဓိကကျသော ပြည်သူ့ဆေးရုံတစ်ရုံဖြစ်သည်။ ဆေးရုံဝန်းမှာ ၃၅ ဧကရှိပြီး ကုတင် ၂၀၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံဖြစ်သည်။[၂] ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာများအတွက် ဆေးကုသဆောင် ၃ဆောင်၊ ခွဲစိတ်ကုသဆောင် ၃ဆောင်၊ ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါကုသဆောင် ၁ဆောင်နှင့် အထူးရောဂါကုသဆောင် ၂၄ဆောင်ရှိသည်။ ထို့အပြင် ဆေးကုသဆောင်၊ ခွဲစိတ်ကုသဆောင်နှင့် ထိခိုက်ဒဏ်ရာဆောင်များအတွက် အရေးပေါ်ဌာနများလည်း ရှိသည်။ ရန်ကုန်ဆေးရုံကြီးတွင် ဆရာဝန်ပေါင်း ၃၀၀ယောက်နှင့် သူနာပြုပေါင်း ၄၀၀ယောက်ခန့် အမှုထမ်းလျက်ရှိသည်။ ရန်ကုန်ဆေးရုံကြီးသည် ဝိတိုရိယခေတ် ဗိသုကာပုံစံဖြစ်သော အနီရောင်အုတ်ခဲနှင့် အဝါရောင်ဆေးများဖြင့် မွမ်းမံတည်ဆောက်ထားသောကြောင့် ထင်ရှားကျော်ကြားသည်။ ရန်ကုန်ဆေးရုံကြီးသည် ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(ရန်ကုန်)တို့၏ အဆင့်မြင့်သင်ကြားရေးဆေးရုံကြီးဖြစ်သည်။ ရန်ကုန်ဆေးရုံကြီးသည် အခြားပြည်သူ့ဆေးရုံများကဲ့သို့ပင် အခြေခံ အထောက်အပံ့များနှင့် ပစ္စည်းကိရိယာများစွာ လစ်ဟင်းလျက်ရှိသည်။ အများပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုမှာ အခမဲ့ဟု ဆိုသော်ငှားလည်း ဆေးဖိုးနှင့် သက်ဆိုင်ရာကုသမှုများအတွက် ကုန်ကျမှုများကို လူနာများမှ ပေးဆောင်ရသည်။ ရန်ကုန်ဆေးရုံကြီးသည် မြန်မာနိုင်ငံရှိ ပထမတန်းစား ဆေးတက္ကသိုလ်များ၏ အဓိကသင်ကြားရေးဆေးရုံကြီးဖြစ်သောကြောင့် အခြားနယ်များရှိ ပြည်သူ့ဆေးရုံများထက် ပို၍အရည်အချင်းမြင့်မားသော ကျန်းမာရေးဝန်ထမ်းများရှိသည်။ ရန်ကုန်ဆေးရုံကြီးသည် အများအားဖြင့် ပုဂ္ဂလိကဆေးရုံများတွင် ကုသမှုမခံယူနိုင်သော (သို့မဟုတ်) နိုင်ငံရပ်ခြားသို့ သွားရောက်မကုသနိုင်သော လူများအတွက် ဖြစ်သည်။ သမိုင်းကြောင်း![]() ရန်ကုန်ဆေးရုံကြီးသည် ယခင် လေဟာပြင်ဈေးနေရာ သစ်သားအဆောက်အဦမှ ပြောင်းလာခြင်း ဖြစ်ပြီး၊ စတင်တည်ဆောက်စဉ်က သူနာတန်းဟု ခေါ်သည်။ လူနာများ အဆောက်အဦနှင့် မမျှ ဖြစ်လာ၍ လက်ရှိဆေးရုံကြီးနေရာ၌ ဆေးရုံသစ်ကြီး တည်ဆောက်သည်။[၃] ရန်ကုန်ဆေးရုံကြီးကို ဗြိတိသျှကိုလိုနီလက်ထက် ၁၈၉၉ခုနှစ်တွင် Rangoon General Hospital အဖြစ် ကုတင် ၃၄၂ဆံ့ဆေးရုံဖြင့် စတင်တည်ဆောက်ခဲ့သည်။ ဝိတိုရိယခေတ် ဗိသုကာပုံစံဖြစ်သော အဓိက ၃ထပ်ဆောင်ကို ၁၉၀၅ခုနှစ် မေလ ၆ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ရန်ကုန်ဆေးရုံကြီးကို ပြန်လည်ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့ပြီး ကုတင် ၅၄၆ဆံ့ ဆေးရုံကြီးအဖြစ် ပြောင်းလဲခဲ့သည်။ ၁၉၆၄ခုနှစ်တွင် အထူးရောဂါကုသဆောင်သစ်များ တိုးချဲ့ခဲ့ပြီး ကုတင် ၁၅၀၀ဆံ့အဖြစ် တိုးမြှင့်ခဲ့သည်။ ယနေ့ကာလတွင် ရန်ကုန်ဆေးရုံကြီးအား ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အဦးတစ်ခုအဖြစ် သတ်မှတ်ထားသည်။ ကုသဆောင်များရန်ကုန်ဆေးရုံကြီးတွင် အထူးရောဂါကုသဆောင် ၂၄ဆောင်နှင့် ရောဂါရှာဖွေဆောင် ၅ဆောင်တို့ ရှိသည်။ ထို့အပြင် မှုခင်းဆေးပညာဌာန၊ ဗဟိုအမျိုးသားသွေးလှူဘဏ်၊ ဆေးပညာမှတ်တမ်းဌာန၊ ဇီဝဆေးပညာ အင်ဂျင်နီယာဌာန၊ စားဖိုခန်း၊ အဝတ်လျှော်ခန်းနှင့် သယ်ယူပို့ဆောင်ရေးဌာနတို့လည်း ရှိသည်။ သင်ကြားရေး အစီအစဉ်များရန်ကုန်ဆေးရုံကြီးသည် ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ အဓိကသင်ကြားရေး ဆေးရုံကြီးဖြစ်သည်။ သူနာပြုတက္ကသိုလ်(ရန်ကုန်)နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(ရန်ကုန်)တို့မှ သူနာပြုသင်တန်းသားများနှင့် ဆေးဘက်အကူများကိုလည်း သင်ကြားပို့ချပေးသည်။ ဘွဲ့ကြိုဒီပလိုမာ (Dip.Med.Sc.)
ဘွဲ့လွန် (M.Med.Sc.)
ဒေါက်တာဘွဲ့ (Dr.Med.Sc.)
အခြားသင်တန်းများ
ကိုးကား
|
Portal di Ensiklopedia Dunia