ဗိုလ်နဂါး![]() ဗိုလ်နဂါး သည် မြန်မာတော်လှန်ရေးခေါင်းဆောင်တစ်ဦးနှင့် မြန်မာ့တော်ဝင်နဂါးတပ်တော်၏ ဦးဆောင်သူ တစ်ဦး ဖြစ်သည်။[၁] သူသည် မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပြည်သူ့ခုခံတော်လှန်စစ်၏ ထင်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။[၂][၃][၄][၅][၆][၇] ဗိုလ်နဂါးသည် ၂၀၂၁ ခုနှစ်အတွင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဦးဆောင်ခဲ့ကာ စစ်ကောင်စီတပ်သားများကို ထိခိုက်ကျဆုံးစေခဲ့သည်။[၈][၉] သူ၏ ဦးဆောင်မှုတိုက်ခိုက်မှုဖြင့် စစ်ကောင်စီတပ်သား ၁၈၀ ခန့် ကျဆုံးခဲ့သည်။[၁၀][၁၁][၁၂] စစ်ကောင်စီက ရွာတစ်ရွာအား စီးနင်းကာ ဗိုလ်နဂါးကို ရှာဖွေခဲ့စဉ်အတွင်း ဗိုလ်နဂါး၏ တူတစ်ဦးအပါအဝင် ရွာသား ၂၀ ခန့် အသတ်ခံခဲ့ရသည်။[၁၃] ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီက ရဟတ်ယာဉ်များအသုံးပြုကာ ဗိုလ်နဂါးကို ရှာဖွေဖမ်းဆီးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။[၁၄] ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဗိုလ်နဂါး၏ မြန်မာ့တော်ဝင်နဂါးတပ်တော် အပါအဝင် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံမဟုတ်သော ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို ပူးပေါင်းကာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (Burma National Revolution Army) ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။[၁၅][၁၆] အငြင်းပွားဖွယ်ရာများဗမာအမျိုးသားတော်လှန်ရေးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းမည့် အခြေအနေနှင့် ပတ်သက်၍ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နှင့် ဆွေးနွေးခဲ့သလို NUG ယာယီသမ္မတ ဒူဝါလရှီးလ နှင့် အွန်လိုင်းတွင် ဆွေးနွေးပြီးမှ တည်ထောင်ခြင်းဖြစ်သည်ဟု ဗိုလ်နဂါးက ပြောဆိုခဲ့သော်လည်း[၁၇] NUG သမ္မတ၊ ကာကွယ်ရေးဝန်ကြီးတို့ ဗိုလ်နဂါးနှင့် ဆွေးနွေးစဉ်က ပြောဆိုသည့် အချက်များတွင် ထိုအဖွဲ့ ဖွဲ့စည်းရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာ မပါဝင်ခဲ့ဟု သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။[၁၈] ကိုးကား
|
Portal di Ensiklopedia Dunia