မြန်မာ့တော်ဝင်နဂါးတပ်တော်
မြန်မာ့တော်ဝင်နဂါးတပ်တော် (အင်္ဂလိပ်: Myanmar's Royal Dragon Army; အတိုကောက် MRDA) သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် အခြေစိုက်သော လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တစ်ခု ဖြစ်သည်။ မြန်မာ့တော်ဝင်နဂါးတပ်တော်ကို ဗိုလ်နဂါးက ဦးဆောင်သည်။[၂] မြန်မာ့တော်ဝင်နဂါးတပ်မတော်ကို ဇန်နဝါရီလ ၁ ရက်နေ့၊ ၂၀၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။[၃][၄][၅] ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာ့တော်ဝင်နဂါးတပ်တော် အပါအဝင် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံမဟုတ်သော ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို ပူးပေါင်းကာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (Burma National Revolution Army) အဖြစ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။[၆][၇] သမိုင်းကြောင်း၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ့တော်ဝင်နဂါးတပ်တော် အခြားတော်လှန်ရေးအုပ်စုများနှင့်ပူးပေါင်းကာ ဇီးဖြူကုန်းရွာနှင် အင်မထီးရွာအနီးရှိ စခန်းနှစ်ခုကို တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စိစစ်သားနှင့် ပျူစောထီး ၄၀ ဝန်းကျင် သေဆုံးခဲ့သည်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော်က ထုတ်ပြန်ခဲ့သည်။[၈][၉] ၂၀၂၂ ခုနှစ်၊ ဧပြီလအကုန်တွင် တပ်မတော်နှင့် ပျူစောထီးများ၏ ရှေ့ပြေးစခန်းအနည်းငယ်ကို တိုက်ခိုက်ခဲ့သည်။ မြန်မာ့တော်ဝင်နဂါးတပ်တော်သည် ရွာများအား ဝင်ရောက်စီးနင်းခြင်း၊ ရွာသားများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်သားများကိုလည်း အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။[၁၀] ကိုးကား
|
Portal di Ensiklopedia Dunia