ဗို့ဗို့(Volt)သည် လျှပ်စစ်တွန်းအား၊လျှပ်စစ်တွန်းအားခြားနားချက်၊လျှပ်စစ်ဖိအား တို့အတွက် [SI] စနစ်(သင်္ကတ:V)ဖြင့် သတ်မှတ်ထားသော အရာဖြစ်သည်။ အီတလီ ရူပဗေဒပညာရှင် အလက်ဇန်ဒရိုဗိုလတာ (1745–1827) ကို ဂုဏ်ပြုပြီး သတ်မှတ်ထားသော အမည်ဖြစ်သည်။ (လျှပ်စစ်ဓာတ် တွန်းဖိသောအား) ==လျှပ်စစ်သင်္ကေတ=အားြဖင့် ဗို့ကို Electromotive Force=E ( သို့မဟုတ် ) Volt=V ဟု သတ်မှတ်သည်။ အဓိပ္ပာယ် ဖွင့်ဆိုမှုဆင်ဂဲလ်ဗို့ ကိုသတ်မှတ်သည်မှာ လျှပ်ကူးဝါယာတစ်ချောင်း၏ အမှတ်နှစ်ခုကြားတွင် လျှပ်စီး တစ်အင်ပီယာသည် စွမ်းအား တစ်ဝပ် ကို အသုံးပြုဆုံးရှုံးစေလျှင် ၎င်းအမှတ်နှစ်ခုကြားရှိ လျှပ်စစ်တွန်းအားခြားနားချက် ကိုဆင်ဂဲလ်ဗို့ဟု သတ်မှတ်သည်။ အခြားနည်းတစ်ခုဖြင့် တစ်မီတာအကွာအဝေးတွင်အပြိုင်လိုက်ရှိနေသော မျက်နှာပြင်နှစ်ခုမှ ဖြစ်ပေါ်စေသော သံလိုက်စက်ကွင်းသည် တစ်ကူးလောင့်တွင် တစ်နယူတန် ရှိခဲ့လျှင် ဟုလည်းသတ်မှတ်သည်။ ထို့အပြင် အမှတ်နှစ်ခုကြားရှိ တွန်းအားခြားနားချက် သည် ၎င်းအမှတ်နှစ်ခုကြား ဖြတ်စီးသောလျှပ်စစ် တစ်ကူးလောင့်ဘ်တွင် စွမ်းအင်ပမာဏ တစ် ဂျိုးကို ပေးနိုင်လျှင် ဟုလည်းသတ်မှတ်သည်။SI ယူနစ်သတ်မှတ်ချက်ဖြင့် -
ထို့ပြင် ၎င်းကို လျှပ်စီးနှင့်အုမ်း၊အမ်ပီယာနှင့်ဝပ်၊ကူးလောင့်ဘ်နှင့်ဂျိုး တို့ကိုလိုက်၍ တွက်ချက်နိုင်သေးသည်။
ဗို့အားနှင့် လျှပ်စီးများကို ထင်သာစေရန် ရေပိုက်အတွင်း ရေစီးသည့်ဥပမာဖြင့်လည်းတင်စား ပြောဆိုကြသည်။ ပိုက်အတွင်း ရေစီးဆင်းရန် တွန်းသည့်ဖိအားသည် ဗို့ နှင့်တူပြီး စီးဆင်းသွားသည့် ရေသည် လျှပ်စီးနှင့်တူသည်။ ရေဖိအားများလေ ရေအဝေးသို့ပိုရောက်လေဖြစ်သည်။ သမိုင်းကြောင်း၁၈၈၀ တွင် ဓာတုနည်းဖြင့် လျှပ်စစ်ထုတ်ယူမှုကို Luigi Galvani ၏ လျှောက်လဲတင်သွင်းမှုအပေါ် သဘောထားကွဲလွဲကြပြီးနောက် အလက်ဇန်ဒရိုဗိုလတာ သည် ဘက္ထရီတို့၏ ရှေ့ပြေးပုံစံဖြစ်လာမည့် တည်ငြိမ်လျှပ်စစ်ကိုထုတ်ပေးနိုင်သော Voltaic pile ကို တီထွင်ခဲ့သည်။ လျှပ်စစ်ထုတ်ယူရန် ဇင့် နှင့် ငွေ အတွဲတို့သည် အကျိုးရှိသည်ကိုလည်း အလက်ဇန်ဒရိုဗိုလတာ တွေ့ရှိခဲ့သည်။၁၈၈၀ နှစ်များအတွင်း အပြည်ပြည်ဆိုင်ရာလျှပ်စစ်ကွန်ဂရက် (ယခု IEC-International Electrotechnical Commission)မှ လျှပ်စစ်ရွေ့လျားစွမ်းအားကို ဗို့ ဟုသတ်မှတ်ခဲ့သည်။ ထိုအချိန်က ဗို့ကို လျှပ်ကူးဝါယာတစ်ချောင်း၏ အမှတ်နှစ်ခုကြားတွင် လျှပ်စီး တစ်အင်ပီယာသည် စွမ်းအား တစ်ဝပ် ကို အသုံးပြုဆုံးရှုံးစေလျှင် ၎င်းအမှတ်နှစ်ခုကြားရှိ လျှပ်စစ်တွန်းအားခြားနားချက်(ယခု ဗို့) ဟုသတ်မှတ်ခေါ်ဆိုခဲ့ကြသည်။ စံ အသုံးပြု သတ်မှတ်ချက်စံသတ်မှတ်ထားသော ဗို့များ-
|
Portal di Ensiklopedia Dunia