ဗီယက်နမ်နိုင်ငံ၏ သမ္မတ
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သမ္မတ (အင်္ဂလိပ်: President of the Socialist Republic of Vietnam၊ ဗီယက်နမ်: Chủ tịch nước Cộng hòa xã hội chủ nghĩa Việt Nam) သည် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်အကြီးအကဲ ဖြစ်သည်။ နိုင်ငံတော်သမ္မတကို ဗီယက်နမ်အမျိုးသားလွှတ်တော်က ရွေးချယ်တင်မြှောက်သည်။ ဗီယက်နမ်နိုင်ငံသည် တစ်ပါတီစနစ်ကို ကျင့်သုံးသည့်နိုင်ငံ ဖြစ်သဖြင့် နိုင်ငံရေးစနစ်တွင် နိုင်ငံတော်သမ္မတသည် ယေဘူယျအားဖြင့် အဆင့် (၂) ခေါင်းဆောင်ဖြစ်သည်။ နိုင်ငံတော်သမ္မတသည် အစိုးရအဖွဲ့အကြီးအကဲဖြစ်သော နိုင်ငံတော်ဝန်ကြီးချုပ်ကို တင်သွင်းကာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်သည်။ နိုင်ငံတော်အကြီးအကဲ ဖြစ်သည့်အားလျော်စွာ နိုင်ငံတော်သမ္မတသည် ပြည်တွင်းရော ပြည်ပ၌ပါ ဗီယက်နမ်နိုင်ငံတော်ကို ကိုယ်စားပြုသည်။ ထို့အပြင် နိုင်ငံတော်အစိုးရအဖွဲ့အတွင်း တည်ငြိမ်မှုရှိစေရန်နှင့် နိုင်ငံ၏အကျိုးစီးပွားများတွင် ညှိနှိုင်းဆောင်ရွက်ပေးကာ နိုင်ငံ၏ နယ်မြေများနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရသည်။ နိုင်ငံတော်သမ္မတ၏သက်တမ်းသည် ငါးနှစ်ဖြစ်ကာ သက်တမ်း (၃) ကြိမ်အထိသာ ထမ်းဆောင်နိုင်သည်။ နိုင်ငံတော်သမ္မတသည် ရာထူးတာဝန်မှ စွမ်းဆောင်ရန် မတတ်နိုင်သည့်အခါတွင် ဒုတိယသမ္မတသည် ယာယီသမ္မတအဖြစ် ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံတော်သမ္မတ ပြန်လည်တာဝန်ထမ်းဆောင်နိုင်သည့်အချိန်3 သို့မဟုတ် အမျိုးသားလွှတ်တော်က နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးသည့်အချိန်အထိ ဆောင်ရွက်ရမည်ဖြစ်သည်။ ဒုတိယသမ္မတ ဝေါ် ထိ အန်း ဆွမ် (Võ Thị Ánh Xuân) သည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် နှစ်ကြိမ်တိုင်တိုင် ဗီယက်နမ်၏ ယာယီသမ္မတအဖြစ် ဆောင်ရွက်ခဲ့သည်။ သူမ၏ ရှေ့ဆက်ဖြစ်သူ ဒန် ထိ ငေါ့ ထိန်း (Đặng Thị Ngọc Thịnh) သည် ၂၀၁၈ ခုနှစ်တွင် သမ္မတ ထရန် ဒါး ကွမ် (Trần Đại Quang) ကွယ်လွန်ပြီးနောက် (ယာယီ) သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သည့် ဗီယက်နမ်သမိုင်းတွင် ပထမဆုံးအမျိုးသမီး ဖြစ်သည်။[3] သမ္မတသည် အမျိုးသားလွှတ်တော်၏ အမတ်ဖြစ်ရမည်ဖြစ်ကာ အစဉ်အလာအရ ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်သည်။ ဗဟိုကော်မတီက သမ္မတလောင်းများကို လွှတ်တော်ကော်မတီသို့ တင်သွင်းပြီး ထို့နောက် လွှတ်တော်အမတ်အားလုံးက မဲပေးရွေးချယ်ကြသည်။ သမ္မတသည် ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများကို လွှတ်တော်၏ သဘောတူညီမှုဖြင့် ခန့်အပ်သည်။ သမ္မတသည် ဗီယက်နမ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်ကာ ဗဟိုတပ်မတော်ကော်မရှင်၏ အတွင်းရေးမှူးလည်း ဖြစ်သည်။ ထို့အပြင် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အကြီးအဲလည်း ဖြစ်သည်။ သမ္မတသည် ဗီယက်နမ် ပေါလစ်ဗျူရိုအဖွဲ့ဝင် ဖြစ်သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာမှ စတင်ကာ တရားစီရင်မှုပြုပြင်ပြောင်းလဲရေးကော်မတီ၏ အကြီးအကဲလည်း ဖြစ်လာသည်။4 လက်ရှိ ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်သမ္မတမှာ ဗိုလ်ချုပ်ကြီး လုယောင် ကွေးယန် (Lương Cường) ဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ အထွေထွေအတွင်းရေးမှူး တို လမ် (Tô Lâm) ကို ဆက်ခံကာ တာဝန်ထမ်းဆောင်လျက်ရှိသည်။5 သမိုင်းကြောင်း၁၉၄၆ခုနှစ်တွင် အမျိုးသားလွှတ်တော်က ဟိုချီမင်းကို ပထမဆုံးသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။၁၉၄၆ အခြေခံဥပဒေနှင့် ၁၉၅၉ အခြေခံဥပဒေများတွင် သတ်မှတ်ချက်အရ အမျိုးသားလွှတ်တော်သည် သမ္မတကို ခန့်အပ်နိုင် ဖြုတ်ချနိုင်သည်။သမ္မတသည် ဗီယက်နမ်နိုင်ငံ၏ ကိုယ်စားပြုမှုအဖြစ် ပြည်တွင်းရော ပြည်ပမှာပါ ကိုယ်စားပြုသည်။သမ္မတ၏ တာဝန်နှင့် ဝတ္တရားများသည် ၁၉၄၆အခြေခံဥပဒေနှင့် ၁၉၅၉အခြေခံဥပဒေများတွင် တူညီစွာ ပါရှိသည်။ ၁၉၈၀ အခြေခံဥပဒေတွင်မူ သမ္မတနေရာကို နိုင်ငံတော်ကောင်စီဥက္ကဋ္ဌနေရာဖြင့် အစားထိုးခဲ့သည်။သမ္မတရုံးကို ဖျက်သိမ်းကာ နိုင်ငံတော်ကောင်စီရုံးဖြင့် အစားထိုးခဲ့သည်။နိုင်ငံတော်ကောင်စီ၏ အကြီးအကဲနေရာသည် ဆိုဗီယက်ပြည်ထောင်စုကို နမူနာယူထားသည်။နိုင်ငံတော်ကောင်စီသည် ဝန်ကြီးများကောင်စီကဲ့သို့ စုပေါင်း၍ ဆုံးဖြတ်ချက်ချသည်။နိုင်ငံတော်ကောင်စီနှင့် ဝန်ကြီးများကောင်စီ (၂)ခုသည် တိုင်းပြည်၏ အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်ကြကာ ဤအဖွဲ့များ အင်အားကြီးမားလာခြင်းသည် ဥပဒေပြုရေးပိုင်းတွင် အားနည်းလာစေခဲ့သည်။နိုင်ငံတော်ကောင်စီ၏ တာဝန်ဝတ္တရား၊ လုပ်ပိုင်ခွင့်အာဏာများသည် အမျိုးသားလွှတ်တော်အမြဲတမ်းကော်မတီမှ ရယူထားသဖြင့် အမြဲတမ်းကော်မတီသည် အခြေခံဥပဒေအရ ၎င်း၏လုပ်ပိုင်ခွင့်များ သိသာစွာ ကျဆင်းခဲ့ရသည်။ နိုင်ငံတော်ကောင်စီဝင်များကို အမျိုးသားလွှတ်တော်မှ ရွေးချယ်ကာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပါဝင်သည်။နိုင်ငံတော်ကောင်စီဝင်များသည် ဝန်ကြီးများကောင်စီတွင် တစ်ပြိုင်နက် ထမ်းဆောင်ခွင့်မရှိပေ။နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် အမျိုးသားကာကွယ်ရေးကောင်စီ (နောင်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ)တွင် ဥက္ကဋ္ဌဖြစ်ကာ ဗီယက်နမ်ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။နိုင်ငံတော်ကောင်စီသည် ဝန်ကြီးများကောင်စီအပါအဝင်၊ အခြားသောပြည်သူ့ကောင်စီများ၏ လုပ်ငန်းများကို ကြီးကြပ်ပေးသည်။နိုင်ငံတော်ကောင်စီဥက္ကဋ္ဌနေရာအား ၁၉၉၂အခြေခံဥပဒေတွင် ဖျက်သိမ်းခဲ့ကာ သမ္မတနေရာဖြင့် ပြန်လည်အစားထိုးခဲ့သည်။ သမ္မတရာထူး၏ အရေးပါမှုသည် ဗီယက်နမ်သမိုင်းကြောင်းတွင် တည်ငြိမ်မှုမရှိခဲ့ပေ။ဥပမာ - ပထမဆုံးသမ္မတ ဟိုချီမင်းသည် ဗီယက်နမ်၏အဆင့်မြင့်ဆုံးသော ပေါလစ်ဗျူရိုတွင် အဆင့်(၁)ဖြစ်ခဲ့သော်လည်း ၎င်းကိုဆက်ခံသည့် သမ္မတ Tôn Đức Thắng သည် လုပ်ပိုင်ခွင့်အနည်းငယ်သာရှိသော အဆောင်အယောင်သမ္မတ ဖြစ်ခဲ့သည်။သမ္မတသည် နိုင်ငံတော်အကြီးအကဲအနေဖြင့်သာ တည်ရှိခဲ့မှုသည် ၁၉၈၀အခြေခံဥပဒေအရ ခန့်အပ်ခံရသော Trường Chinh လက်ထက်တွင် ထင်ရှားလာသည်။သူသည် ပေါလစ်ဗျူရိုတွင် ပါတီအတွင်းရေးမှူး လီဒန်း၏နောက် အဆင့်(၂)တွင်သာ ရှိခဲ့သည်။၂၀၀၆ခုနှစ်တွင် သမ္မတဖြစ်လာသည့် ငုယင်မင်ထရပ် လက်ထက်တွင်မူ အဆင့်(၄)ဖြစ်သည်။လက်ရှိသမ္မတ ငုယင်စွမ်းဖုသည် အဆင့်(၂)ဖြစ်သည်။ တာဝန်နှင့် လုပ်ပိုင်ခွင့်ဗီယက်နမ်နိုင်ငံသမ္မတ၏ တာဝန်နှင့် အခွင့်အာဏာများသည် ယခုနှစ်များအတွင်း ပြောင်းလဲလာခဲ့သည်။ဥပမာအားဖြင့် ပထမဆုံးသမ္မတ ဟိုချီမင်းလက်ထက်က သမ္မတသည် ပါတီခေါင်းဆောင်ဖြစ်ကာ ဗီယက်နမ်၏အဆင့်မြင့်ဆုံး အဖွဲ့ဖြစ်သော ပေါလစ်ဗျူရိုတွင် အဆင့်(၁)ဖြစ်သည်။ဒုတိယမြောက်သမ္မတ တန်ဒက်သင်းလက်ထက်တွင် ပါတီအထွေထွေအတွင်းရေးမှူး လီဒန်းက အရေးပါလာကာ သမ္မတမှာ ပြရုပ်ဖြစ်သည်။ လက်ရှိတွင်သမ္မတမှာ နိုင်ငံတော်အကြီးအကဲဖြစ်ကာ ၎င်း၏အဓိကလုပ်ငန်းစဉ်မှာ ပြည်တွင်း/ပြည်ပ၌ ဗီယက်နမ်နိုင်ငံကို ကိုယ်စားပြုရမည်ဖြစ်သည်။သမ္မတကို လွှတ်တော်မှရွေးချယ်သည့် အားလျော်စွာ သမ္မတသည် လွှတ်တော်ကို အစီရင်ခံရသည်။သမ္မတတစ်ဦး၏သက်တမ်းမှာ (၅)နှစ်ဖြစ်ကာ လွှတ်တော်၏သက်တမ်းအလိုက်ဖြစ်သည်။သမ္မတသည် လွှတ်တော်က နောက်ထပ်သမ္မတအသစ် ရွေးကောက်တင်မြှောက်သည်အထိ တာဝန်ထမ်းဆောင်ရသည်။သမ္မတသည် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်။
သက်တမ်းသမ္မတသည် (၅)နှစ်သက်တမ်း တာဝန်ထမ်းဆောင်နိုင်သည်။တာဝန်ထမ်းဆောင်ဆဲသမ္မတသည် နောက်တက်လာမည့်သမ္မတ စတင်တာဝန်ထမ်းဆောင်ချိန်အထိ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည်။သမ္မတတစ်ဦးသည် သမ္မတအဖြစ် ကျမ်းကျိန်ရာတွင် လွှတ်တော်၌ အောက်ပါတို့ကို ရွတ်ဆိုရသည်။
![]()
ဆက်ခံပိုင်ခွင့်သမ္မတတစ်ဦးသည် ၎င်း၏တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ခြင်းမရှိပါက အခြေခံဥပဒေ ပုဒ်မ (၉၃)အရ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများသည် အောက်ပါဝါစဉ်အရ ဆက်ခံ၍ ယာယီသမ္မတ လုပ်ပိုင်ခွင့်ရှိသည်။
ရပိုင်ခွင့်![]() သမ္မတအိမ်တော်သည် ဟနွိုင်းမြို့တွင် တည်ရှိသည်။ အိမ်တော်ကို ၁၉၀၀ပြည့်နှစ်မှ ၁၉၀၆ခုနှစ်အတွင်း တည်ဆောက်ခဲ့ကာ ပြင်သစ်ဘုရင်ခံချုပ်များအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။နိုင်ငံတော်သမ္မတသည် အမေရိကန်ဒေါ်လာ ၈၃၂၀ကို လစာအဖြစ် ရရှိသည်။
ကိုးကား
|
Portal di Ensiklopedia Dunia