ဗော်ဂါဂရတ်မြို့
ဗော်ဂါဂရတ်မြို့(ရုရှား: Волгогра́д, IPA: [vəɫɡɐˈɡrat] ( မြို့တော်သည် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန် အမှတ် ၆ ကာကွယ်ရေးတပ်မတော်(6th Army (Wehrmacht))၏ ဝန်းရံပတ်ဆို့မှုကြောင့် မြို့အားခုခံကာကွယ်သည့် စတာလင်ဂရတ်တိုက်ပွဲ(Battle of Stalingrad)ဖြစ်ပွားခဲ့ရာနေရာအဖြစ် ကျော်ကြားခဲ့သည်။ တိုက်ပွဲများသမိုင်းတွင် ထိုတိုက်ပွဲကို အကြာဆုံးနှင့် သွေးမြေကျမှုအများဆုံးတိုက်ပွဲအဖြစ် ညွှန်းဆိုကြသည်။ သမိုင်းကြောင်းဆာရီဆင်းမြို့စတာလင်ဂရတ်မြို့၁၉၂၅ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ခေါင်းဆောင်ကြီး စတာလင်အား အမည်နာမကို သမုတ်သောအားဖြင့် ဆာရီဆင်းမြို့အား စတာလင်ဂရတ်မြို့အဖြစ် အမည်ပြောင်းလဲပညတ်ခဲ့သည်။[၁၂][၁၃] ထိုမြို့၌ ၁၉၁၈ ခုနှစ်မှ ၁၉၂၀ ခုနှစ်အတွင်း ရုရှားတော်လှန်ရေးဖြစ်ပွားစဉ် ထိုမြို့ကို ဇာဘုရင်၏ တပ်များလက်သို့ မကျရောက်စေရန် ရုရှားတော်လှန်ရေးသမား ဗော်လရှီဗစ်တို့အား ခေါင်းဆောင်၍ ခုခံကာကွယ်သော စတာလင်၏ အခန်းကဏ္ဍကို အောက်မေ့သတိရစေရန် ထို့သို့အမည်ပေးခြင်းဖြစ်သည်။[၁၄] တော်လှန်ရေးကြီးအပြီးတွင် ဘုရင်စနစ် ကျဆုံး သွား၍ ဆိုဗီယက်တို့၏ အုပ်ချုပ်ရေး စနစ်သစ်၌ ၁၉၂၂ ခုမှ ၁၉၄၂ ခုနှစ်အတွင်း စတာလင်ဂရက်မြို့သည် လယ်ထွန်စက်ကိရိယာများ၊ လော်ရီကားများ၊ တင့်ကားများစသည်တို့ကို ထုတ်လုပ်ရာ စက်မှုလုပ်ငန်းမြို့ကြီးတစ်ခု အဖြစ်သို့ တစ်ဟုန်တည်း တိုးတက်ခဲ့၏။ ရေနံတွင်းများနှင့် သစ်စက်များကိုလည်း ထိုမြို့၌ အများအပြား တွေ့ရှိနိုင်ပေသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ရုရှားတို့သည် စတာလင်ဂရက် မြို့ကို အင်အားကြီးမားသော ဂျာမန်တပ်များ လက်တွင်းသို့ မကျရောက်စေရန် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်သဖြင့် စတာလင်ဂရက်မြို့ တိုက်ပွဲမှာ ကမ္ဘာကျော်သော တိုက်ပွဲဖြစ်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ နွေဦးပေါက်စတွင် အင်အားကြီးမားသော ဂျာမန်တပ်တို့သည် ဗော်လဂါ မြစ်ကြောင်း ခရီးကို အပိုင်စီးရန် စတာလင်ဂရက်မြို့ကို ဝင်ရောက်တိုက်ခိုက်ကြ၏။ ဂျာမန်တို့၏ အမြောက်ဒဏ် ဗုံးဒဏ်တို့ကြောင့် စတာလင်ဂရက်မြို့မှာများစွာပျက်စီးခဲ့လေသည်။ ဂျာမန်တို့သည် ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်ထိ ၆၆ ရက်တိုင်တိုင် စတာလင်ဂရက်မြို့တော်ကို ဝန်းရံသိမ်းပိုက်ထားနိုင်ခဲ့သည်။ သို့ရာတွင် ရုရှားစစ်တပ်က ရွပ်ရွပ်ချွံချွံ ခုခံ၍ စတာလင်ဂရက်မြို့ကို ပြန်လည်ထိုးစစ်ဆင်သည်တွင် ၁၉၄၃ ခုနှစ် ဖေဖွာရီလ ၂ ရက်နေ့၌ လူပေါင်း ၃၃ဝ,ဝဝဝ ပါဝင်သော ဂျာမန်စစ်တပ်ကို ထိုတပ်၏ စစ်သေနာပတိ ဖွန်ပေါလပ်နှင့်အတူ သုံ့ပန်းအဖြစ်နှင့် ဖမ်းဆီး ရမိလိုက်လေသည်။ ကမ္ဘာ့စစ် အခြေအနေမှာ ဤတိုက်ပွဲ၏ အရှုံးအနိုင်ပေါ်တွင် များစွာတည်ခဲ့၏။ ထိုကြောင့် ၁၉၄၄ ခုနှစ်၌ တဟီရန်းညီလာခံ ကျင်းပသောအခါ၊ ဗြိတိသျှနိုင်ငံ ဆဋ္ဌမဂျော့ဘုရင်သည် ရုရှနိုင်ငံဝန်ကြီးချုပ် စတာလင်အား ဗြိတိသျှလူမျိုးတို့၏ကိုယ်စား ရုရှလူမျိုးတို့အား အလေးပြုသော အထိမ်းအမှတ်ဖြင့် စတာလင်ဂရက် ဂုဏ်ထူးဆောင်ဓားမြှောင်ကို လက်ဆောင်အဖြစ် ပေးလေသည်။[၁၅] ကိုးကား
|
Portal di Ensiklopedia Dunia