ဘင်ဂျမင် နေတန်ယာဟု
ဘင်ဂျမင် ဘီဘီ နေတန်ယာဟု (/ˌnɛtɑːnˈjɑːhuː/;[၂] တမ်းပလိတ်:Hebrew audio;) (၁၉၄၉ အောက်တိုဘာ ၂၁ ဖွား) သည် အစ္စရေးနိုင်ငံ ၏ လက်ရှိ ဝန်ကြီးချုပ် ဖြစ်သည်။[၃]ယင်းမတိုင်မီက လီကွတ်ပါတီ (Likud Party) ၏ ဥက္ကဋ္ဌအဖြစ် အတိုက်အခံပါတီကို ဦးဆောင်ခဲ့သည်။ သူသည် ၁၉၉၆-၉၉ ခုနှစ် တွင် တစ်ကြိမ်၊ ၂၀၀၉-၂၀၂၁ ခုနှစ် တွင် တစ်ကြိမ် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ ဝန်ကြီးချုပ်နေရာတွင် ၁၅ နှစ်ကျော်ကြာတာဝန်ထမ်းခဲ့သူဖြစ်၍ အစ္စရေးသမိုင်း၌ သက်တမ်းအရှည်ဆုံး တာဝန်ယူရသော ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သည်။ လွတ်လပ်ရေးရပြီးနောက်မွေးသော အစ္စရေးသားတို့အနက် ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့သူလည်းဖြစ်သည်။ ဘဝဇာတ်ကြောင်းနေတန်ယာဟုသည် အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ်များတွင် အစ္စရေးနိုင်ငံ ထူထောင်ပြီးမှ အစ္စရေးမြေပေါ်တွင် မွေးဖွားသူများမှ ပထမဆုံး နှင့် တစ်ဦးတည်းသော ဝန်ကြီးချုပ်ဖြစ်သည်။ နေတန်ယာဟုသည် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ဆာရီယတ် မတ်ကယ် အထူးတပ်ဖွဲ့တွင် ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဂစ်ဖ် စစ်ဆင်ရေး (Operation Gift) နှင့် ၁၉၇၂ ဆာဘီးနား လေယာဉ် ပြန်ပေးဆွဲမှု ကယ်ဆယ်ခြင်း အပါအဝင် စစ်ဆင်ရေး အမြောက်အမြားတွင် ပါဝင်ခဲ့သည်။ ၁၉၇၃ ခုနှစ် ယွမ်ကီပူ စစ်ပွဲတွင် ရှေ့တန်းမှ ပါဝင်တိုက်ခိုက်ခဲ့ပြီး သေလုနီးပါး အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်တပ်မှ မထွက်မီတွင် ဗိုလ်ကြီး ရာထူးသို့ တိုးမြှင့်ခြင်း ခံခဲ့ရသည်။ နေတန်ယာဟု သည် ကမ္ဘာ့ကုလသမဂ္ဂ တွင် ၁၉၈၄ မှ ၁၉၈၈ ခုနှစ် အထိ အစ္စရေး သံအမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဝန်ကြီးချုပ်ဘဝလီကွတ်ပါတီ အဖွဲ့ဝင်အဖြစ်မှ ဝန်ကြီးချုပ် အဖြစ် ၁၉၉၆ မှ ၁၉၉၉ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။အစိုးရ ကန်ထရိုက်တာများထံမှ လက်ဆောင်ရယူ လာဘ်စားမှု အရှုပ်တော်ပုံ အပြီးတွင် နိုင်ငံရေး လောကမှ အနားယူခဲ့သည်။ သို့သော် ၂၀၀၂ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ပြန်လည် ဝင်ရောက်လာခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် အေရီယယ် ရှာရွန်၏ အစိုးရတွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ၂၀၀၂ မှ ၂၀၀၃ အထိ၊ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ၂၀၀၃ မှ ၂၀၀၅ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။သို့သော်လည်း ဂါဇာကမ်းမြှောင်မှ အစ္စရေးနိုင်ငံသားများကို အတင်းအကြပ် ပြောင်းရွှေ့စေမှုကို မကျေနပ်သောကြောင့် အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့သည်။ သူသည် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ၌ လီကွတ်ပါတီ၏ ခေါင်းဆောင်နေရာတွင် ပြန်လည် ဝင်ရောက်ခဲ့သည်။ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲတွင် လီကွတ်ပါတီမှ အောင်မြင်မှု မရခဲ့ဘဲ အမတ် ၁၂ နေရာသာ အနိုင်ရခဲ့သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာတွင် နေတန်ယာဟုသည် အစ္စရေးလွှတ်တော်တွင် အတိုက်အခံ ခေါင်းဆောင် ဖြစ်လာခဲ့ပြီး လီကွတ် ပါတီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတွင် မိုရှေး ဖေဂလင်ကို အနိုင်ရပြီး ပါတီခေါင်းဆောင် နေရာကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် ပါလီမန် ရွေးကောက်ပွဲတွင် လီကွတ်ပါတီမှ ဒုတိယနေရာ ရခဲ့ပြီး လက်ယာပါတီမှ အများဆုံး အနိုင်ရခဲ့သည်။ နေတန်ယာဟုသည် ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းခဲ့သည်။ အစ္စရေးနိုင်ငံဝန်ကြီးချုပ် အဖြစ် ၂၀၀၉ ခုနှစ် မှ ၂၀၂၁ ခုနှစ် အထိ ကာလရှည်ကြာစွာ ထမ်းဆောင်သည်။ယင်းနောက် အတိုက်အခံအဖြစ် ဆက်လက်ထမ်းဆောင်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ အမျိုးသား ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးသည့်နောက် သဘောထားတင်းမာသည့် ညွန့်ပေါင်းအစိုးရ နှင့်အတူ နောက်ထပ် အာဏာပြန်လည်ရရှိလာပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ၂၉ ရက်တွင် ဝန်ကြီးချုပ်ရာထူးအား ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။[၄] ပုဂ္ဂိုလ်ရေးဘဝသူသည် အင်တက်ဘီ စစ်ဆင်ရေးတွင် ကျဆုံးခဲ့သော အစ္စရေး အထူးတပ်ဖွဲ့ ခေါင်းဆောင် ဂျိုနသန် နေတန်ယာဟုနှင့် ပြဇာတ်ရေးဆရာ အီဒို နေတန်ယာဟုတို့နှင့် ညီအစ်ကို တော်စပ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia