ဘဝသံသရာတံတား![]() ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟဲဟိုးမြို့၊ တောင်လေးလုံးကျေးရွာ အနီးတွင် တည်ရှိသော မီးရထားဖြတ်သည့် တံတားဖြစ်သည်။ သာစည်နှင့် ရွှေညောင်အကြား မိုင်တိုင်အမှတ် (၃၇၉/၇-၈)တွင် တံတားတည်ရှိသည်။ သာစည်-ညောင်ရွှေအကြားတွင် တံတားအစင်းပေါင်း ၄၀၀ ကျော်ရှိသည့်အနက် ဘဝသံသရာတံတားသည် တံတားအမှတ်(၃၈၂) ဖြစ်သည်။ တံတားအမြင့်မှာ (၆၂)ပေမြင့်ပြီး အရှည် ပေ ၂၀၀ ရှိသော CIP. R13A သံဘောင်အမျိုးအစား တံတားဖြစ်သည်။ ၁၉၂၇-ခုနှစ်တွင် စတင် တည်ဆောက်ခဲ့သဖြင့် ယခုအခါ နှစ်ပေါင်း ၉၀ ကျော်ပြီ ဖြစ်သည်။ ဘဝသံသရာတံတားဟု ခေါ်ဆိုကြခြင်းမှာ ၁၉၅၆-ခုနှစ်တွင် ဒါရိုက်တာ ဦးသုခ ရိုက်ကူးသည့် ဘဝသံသရာ အသံထွက်ရုပ်ရှင် မြန်မာဇာတ်ကားတွင် ပါဝင်ခဲ့သည့်အတွက် ဘဝသံသရာတံတား ဟု အမည်တွင်သွားသည်။ ၁၉၂၇ -ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော်လည်း ၁၉၅၆-ခုနှစ်ရောက်မှသာ အမည်ရသွားသည့် တံတားလည်း ဖြစ်သည်။ အဆိုပါတံတားသည် အထက်ဟဲဟိုးသို့ တက်ရာ၌ ခရုပတ် စက်ဝိုင်းသဏ္ဌာန် အတက်အဆင်းများစွာဖြင့် မောင်းနှင်ရသော အနိမ့်အမြင့်၊ အကွေ့အကောက်၊ အတက်အဆင်းများလှသောကြောင့် လူ့ဘဝနှင့် နှိုင်းယှဉ်၍ ဒါရိုက်တာ ဆရာကြီးဦးသုခက ဘဝသံသရာရုပ်ရှင်ကားအား အဓိကဇာတ်ဝင်အဖြစ် ရိုက်ကူးခဲ့ရာမှ ဘဝသံသရာတံတားဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ မင်းသားကြီးဦးဇေယျ၊ မင်းသမီးကြီး ဒေါ်မေသစ်တို့၏ ''ဘဝသံသရာ''ဇာတ်ကား နှင့် လိုက်ဖက်သည့် သီချင်းစာသားဖြစ်သည့် ''ဘဝသံသရာ၊ မနေမနားတသွားထဲ သွားကြ ရှာ၊ ခရီးပန်းတိုင် မရောက်မချင်း၊ တစ်ယောက် ဆင်း၊ တစ်ယောက်တက် ဆက်လက်ထွက်ခွာ မှာ''ဆိုသည့် စာပိုဒ်ကြောင့် တံတားအမှတ် (၃၈၂)၊ နန်းနွတ်ချောင်းတံတားသည်လည်းမူလအမည်ကွယ်ပျောက်ပြီး ယနေ့ထိ ဘဝ သံသရာတံတားဟု ခေါ်ဆိုကာ ပြည်တွင်း၊ ပြည်ပ ခရီးသွားများလေ့လာစရာ နေရာတစ်ခု အဖြစ် တည်ရှိနေပေသည်။[၁] မြန်မာနိုင်ငံတွင် သမိုင်းဝင်နာမည်ကျော်ကြားသော တံတားများမှာ ဂုတ်ထိပ်တံတားနှင့် ဘဝသံသရာတံတား ဖြစ်ပြီး လာရောက်သူများ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။ ကိုးကား
|
Portal di Ensiklopedia Dunia