ဟဲဟိုးမြို့
ဟဲဟိုးမြို့သည် မြန်မာနိုင်ငံ၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် တည်ရှိသော မြို့ငယ်လေး တစ်မြို့ဖြစ်သည်။ နိုင်ငံခြားသားများ လာရောက်လည်ပတ်ရာ အင်းလေးဒေသရှိ လေဆိပ် တည်ရှိရာ မြို့လည်း ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြသည်၊၊အာလူး၊ကြက်သွန်ဖြူ၊မုံလာထုတ် တို့ကို အဓိကထားစိုက်ပျိုးကြသည်၊၊ ဓနုလူမျိုးအများစုနေထိုင်ကြပြီး ကျန်တိုင်းရင်းသားများလည်းနေထိုင်ကြသည်၊၊ ရာသီဥတု
သမိုင်းဓနုလူမျိုးများ၏ ရွာလေးတစ်ရွာ ဖြစ်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ်များတွင် မြို့အဖြစ် ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။ မြေပြန့်ပေါများသောကြောင့် ခရီးတစ်ထောက်နားရာမြို့ ဖြစ်ခဲ့သည်။ အောင်ပန်း - ရွှေညောင် ရထားလမ်းပေါ်တွင် တည်ရှိသည်။ နောင်တွင် ဟဲဟိုး လေဆိပ်ကို တည်ဆောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ လေတပ် စခန်းအဖြစ် အသုံးပြုခဲ့ပြီး မဟာမိတ်တို့၏ ဗုံးကြဲမှုဒဏ်ကို ခံခဲ့ရသည်။ ဗုံးခိုကျင်းများကို လေယာဉ်ကွင်း၏ တောင်ဘက်တွင် တွေ့ရှိနိုင်ပြီး ဝေဟင်မှ ကြည့်ရှုလျင် ပို၍ လွယ်ကူစွာ မြင်တွေ့နိုင်သည်။ ၂၀၁၆ခုနှစ်၊ စက်တင်ဘာ(၂၀)ရက် နေ့တွင် ရှမ်းပြည်နယ်လွတ်တော်မှ ဟဲဟိုးကျေးရွာအဆင့်မှ ဟဲဟိုးမြို့အဖြစ်တရားဝင်သတ်မှတ်ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia