ဘဟားမားနိုင်ငံကိုဩဒိနိတ်: 24°15′N 76°00′W / 24.250°N 76.000°W
ဘဟားမားစ်နိုင်ငံ၏ တရားဝင် နာမည်အပြည့်အစုံမှာ ဘဟားမားစ်ဓနသဟာယနိုင်ငံ (Commonwealth of The Bahamas) ဖြစ်သည်။ ကျွန်းပေါင်း(၂၉)ခု၊ သန္တာကျွန်းပေါင်း (၆၆၁)ခု၊ ရေပေါ်ကျောက်ဆောင်ပေါင်း (၂၃၈၇)ခုရှိသည်။ အတ္တလန္တိတ်သမုဒ္ဒရာထဲတွင် တည်ရှိသည်။ ကျူးဘားနိုင်ငံ နှင့် ဟစ္စပါနီယိုလာကျွန်း (ဒိုမီနီကန်သမ္မတနိုင်ငံ + ဟေတီနိုင်ငံ) တို့၏ မြောက်ဘက်၊ တာ့ခ်နှင့်ကိုင်ကော့စ်ကျွန်းများ၏ အနောက်မြောက်ဘက်၊ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၏ အရှေ့တောင်ဘက် တွင်တည်ရှိသည်။ ကုန်းမြေဧရိယာစုစုပေါင်း ၁၃၉၃၉စတုရန်းကီလိုမီတာကျယ်ဝန်းသည်။ လူဦးရေစုစုပေါင်း ၃၃၀,၀၀၀ခန့်ရှိသည်။ မြို့တော်မှာ နာဆော (Nassau) ဖြစ်သည်။ ပထဝီဝင်အနေအထားအရ ဘဟားမားစ်ကျွန်းသည် ကျူးဘား၊ ဟစ္စပါနီယိုလာ၊ တာ့ခ်နှင့်ကိုင်ကော့စ်ကျွန်းများနှင့် နယ်မြေတစပ်တည်းဖြစ်သည်။ မူလအစက အာရာဝကန် တိုင်နို လူမျိုးများ နေထိုင်ကြသောဒေသဖြစ်သည်။ ဘဟားမားစ်သည် ၁၄၉၂တွင် ကမ္ဘာသစ်ကို ပထမဆုံးရှာတွေ့ခဲ့သော ကိုလံဘတ် ၏ ပထမဆုံးခြေချခဲ့သော နေရာလည်းဖြစ်သည်။ ဘဟားမားစ်ကို ကိုလိုနီနယ်အဖြစ်မသိမ်းပိုက်ခဲ့သော်လည်း ဒေသခံ ဘဟားမီးယန်းတိုင်နိုလူမျိုးများကို ဟစ္စပါနီယိုလာကျွန်းသို့ ကျွန်အဖြစ် သယ်ယူရောင်းချခဲ့သည်။ ဘဟားမားစ်ပိုင်ကျွန်းများသည် ၁၅၁၃မှ ၁၆၅၀ကြား ဗြိတိသျှများ အခြေလာချချိန်၌ ခြောက်သွေ့လျက် ရှိသည်။ ၁၇၁၈တွင် ဘဟားမားစ်သည် ဗြိတိသျှအောက်ရောက်ခဲ့သည်။ အမေရိကန်လွတ်လပ်ရေး တိုက်ပွဲအပြီးတွင် ဗြိတိသျှအစိုးရသစ္စာတော်ခံများနှင့် ကျွန်အဖြစ်သွတ်သွင်းခြင်းခံကြရသော အာဖရိကန်လူမျိုးများသည် ဘဟားမားစ်ကျွန်းပေါ်သို့ပြောင်းရွှေ့လာကြပြီး စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ၁၈၀၇ခုနှစ်တွင် ဗြိတိသျှအင်ပါယာအတွင်း ကျွန်စနစ်ကို ဖျက်သိမ်းလိုက်သောအခါ ၁၉ရာစုနှစ်များအတွင်း တော်ဝင်ရေတပ်မှ အာဖရိကန်ကျွန်များသည် လွတ်မြောက်ကာ ဘဟားမားစ်ကျွန်းတွင် လာရောက်အခြေချနေထိုင်ကြသည်။ ဘဟားမားစ်ကျွန်းများပေါ်တွင်မူ ကျွန်စနစ်သည် ၁၈၃၄ခုနှစ်ကျမှသာ ဖျက်သိမ်းခဲ့သည်။ ဝေါဟာရရင်းမြစ်ဘဟားမားစ်ဟုသောဝေါဟာရ မည်သို့ဖြစ်လာသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ စပိန်စကားဖြစ်သော ဘဂျားမား baja mar ("shallow seas")မှ ဆင်းသက်လာသောစကားလည်း ဖြစ်နိုင်သလို၊ ဒေသခံ လူကေယန်ဘာသာစကားဖြစ်သော ဘ-ဟ-မား ba-ha-ma ("large upper middle land") မှ ဆင်းသက်လာသည်လည်းဖြစ်နိုင်သည်။ [၁၀] သမိုင်းကြောင်းကိုးကား
|
Portal di Ensiklopedia Dunia