ဘာလစ်ပါပန်မြို့

ဘာလစ်ပါပန်မြို့ မြင်ကွင်း

ဘာလစ်ပါပန်မြို့ (Balikpapan) သည် အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်း၏ အရှေ့ဘက် ကမ်းရိုးတန်းတွင် တည်ရှိသော ပင်လယ်ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်သည်။ သစ်လုပ်ငန်းများ၊ သတ္တုတွင်းများ၊ ဓာတ်ဆီနှင့် သက်ဆိုင်သော ထုတ်ကုန်များ အစရှိသည့် သဘာဝ အရင်းအမြစ် ပေါများသော အရှေ့ ကာလီမန်တန် ဒေသအတွင်း တည်ရှိသည်။ ဆယ်မရန်းဆိပ်ကမ်း နှင့် ကာရီရန်ဂေါဆိပ်ကမ်း စသည့် ဆိပ်ကမ်း နှစ်ခု နှင့် ဆယ်ပင်ဂန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှာ မြို့နှင့် ဆက်သွယ်ထားသည့် အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ဖြစ်သည်။ လူဦးရေ ၆၃၉,၀၃၁ ဦး ရှိပြီး အရှေ့ကာလီမန်တန် ဒေသအတွင်း ဆမာရင်ဒါမြို့ ပြီးလျှင် ဒုတိယမြောက် လူဦးရေ အများဆုံး မြို့ ဖြစ်သည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya