ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံကိုဩဒိနိတ်: 44°N 18°E / 44°N 18°E
တိုင်းပြည်၏ အလယ်ပိုင်းတောင်ပိုင်းတို့တွင် တောတောင်ထူထပ်ပြီး၊ အနောက်မြောက်ပိုင်းတွင် ကုန်းမြင့်ဒေသ ဖြစ်သည်။ ကုန်းတွင်းပိုင်းသည် ပထဝီဝင်အနေအထား ကွဲပြားနေမှုကြောင့် သင့်တင့်မျှတသော (continental climate) ရာသီဥတုမျိုးရှိသည်။ နွေအခါ လွန်စွာပူပြင်းပြီး၊ ဆောင်းအခါတွင် ဆီးနှင်းများထူထပ်စွာကျသည်။ တောင်ဘက်စွန်းပိုင်းတွင် မြေထဲပင်လယ်ရာသီဥတု (Mediterranean climate) ရှိပြီး မြေပြင်ညီညာပြန့်ပြူးသည်။ တိုင်းပြည်တွင်းတွင် လူမျိုးစု (၃)စုနေထိုင်ကြသည်။ ဘော့စနီယက် (Bosniaks) လူမျိုးစုမှာ လူဦးရေအများဆုံးဖြစ်သည်။ ဆာ့ဗ် (Serbs) လူမျိုးစုမှာ ဒုတိယအများဆုံးဖြစ်ပြီး ခရုတ် (Croats) လူမျိုးစုမှာ တတိယအများဆုံးဖြစ်သည်။ မည်သို့ပင် လူမျိုးစုကွဲပြားနေစေကာမူ ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနား နိုင်ငံသားတို့ကို အင်္ဂလိပ်ဘာသာအားဖြင့် ဘော့စနီးယန်း (Bosnian) လူမျိုး နှင့် ဟာဇီဂိုးဗီးနီးယန်း (Herzegovinian) လူမျိုး ဟုသာ သတ်မှတ်သည်။ သို့ရာတွင် ဘော့စနီးယန်း နှင့် ဟာဇီဂိုးဗီးနီးယန်း ဝေါဟာရတို့သည် လူမျိုးစုအတွက် သုံးနှုန်းသည် မဟုတ်ပဲ ဒေသပေါ်မူတည်၍ သုံးစွဲခြင်းသာအဓိက ဖြစ်သည်။ ဟာဇီဂိုးဗီးနားသည် တိကျသော နယ်နိမိတ်သတ်မှတ်ချက်လည်း မရှိပေ။ ဗဟိုထိန်းချုပ်သော နိုင်ငံအုပ်ချုပ်ရေးမျိုး မဟုတ်ပဲ အုပ်ချုပ်ရေးအစိုးရအဖွဲ့ (၂)ဖွဲ့ ရှိသည်။ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ဖက်ဒရေးရှင်း (Federation of Bosnia and Herzegovina) အစိုးရ နှင့် ဆာ့ပ်စ်ကာသမ္မတနိုင်ငံ (Republika Srpska) အစိုးရတို့ ဖြစ်ကြသည်။ တဖန် ယင်းအစိုးရတို့ နှစ်ဦးနှစ်ဖက် ပူးတွဲအုပ်ချုပ်သော ဘရော့ကိုခရိုင် (Brčko District) ကလည်း တတိယ အုပ်ချုပ်ရေးဒေသတစ်ခုအဖြစ် ရှိနေသေးသည်။ ယခင်က ဖက်ဒရယ်ပြည်နယ် (၆)ခုဖြင့် ဖွဲ့စည်းထားသော ယူဂိုဆလားဗီးယားပြည်ထောင်စု ၏ အဖွဲ့ဝင်ဖြစ်ခဲ့သည့် ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနား (Bosnia and Herzegovina) သည် ၁၉၉၀ပြည့်လွန်နှစ်များအတွင်း ယူဂိုဆလပ်ဗ်စစ်ပွဲများအတွင်း လွတ်လပ်ရေးရရှိခဲ့သည်။ ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးပြီး ဈေးကွက်စီးပွားရေးစနစ်ကို အသွင်ကူးပြောင်းလျက် ရှိသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ဝင်ခွင့်ရရှိရန် လျှောက်ထားဆဲ ဖြစ်သည်။ ၂၀၁၀၊ ဧပြီလတွင် နေတိုးအဖွဲ့ လေ့လာသူနိုင်ငံအဖြစ် အသိအမှတ်ပြုခံထားရသည်။ ၂၀၀၂ခု၊ ဧပြီလ(၂၄)ရက်နေ့မှစ၍ ဥရောပကောင်စီ (Council of Europe) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ၂၀၀၈ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့တွင် တည်ထောင်သော မြေထဲပင်လယ်သမဂ္ဂ (Mediterranean Union) ၏ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။ ![]() သမိုင်းကြောင်း
ကိုးကား
|
Portal di Ensiklopedia Dunia